Monday, May 16, 2011

အမေ



ဝေးတစ်မြေကနေ
သားအကြောင်းတွေးနေပြီလား?
ဖွေးနေတဲ့ဆံဖြူများနဲ့
သားအတွက် အရင်လိုပူပန်နေဆဲလား?
အရင်လို စိတ်ပုတီးနဲ့
အမေစိတ်ခရီးနှင်ဆဲလား?
သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့
မေတ္တာပို့နေဆဲလား?
တရားသံနာပျော်ရင်းနဲ့
သား စာအပြန်မျှော်နေတာလား?
အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ
ဘယ်လောက်ကြာနေပြီလဲ အမေ
စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ
မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ
ပကာသနဆိုတာတွေ သိလာရပြီ အမေ
ဗလာဘ၀နဲ့ သားအတွက်
အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။

No comments:

Post a Comment