Sunday, May 22, 2011
အင်းစိန်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်ဆန္ဒပြ
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန် အင်းစိန်အကျဉ်းထောင် အတွင်းမှာ နိုင်ငံရေး အကျဉ်းသား ၂၂ ယောက် ထောင်တွင်း အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ စတင် ဆန္ဒပြနေကြပါတယ်။ သူတို့ တောင်းဆိုထားတဲ့ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေကို အာဏာပိုင်တွေဆီ ဒီမနက် ပေးပို့ခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်း တစုံတရာ တုံ့ပြန်တာ မရှိရင်တော့ အစာငတ်ခံ ဆန္ဒပြမှုတွေကို ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ AAPP-B နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
နိုင်ငံရေးအကျဉ်းသား ၂၂ ယောက်ဟာ ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ အပါအ၀င် ကျွေးတဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့အညီ သန့်ရှင်းလတ်ဆတ်မှု မရှိတာ၊ အကျဉ်းထောင် အတွင်းမှာ ကူးစက်ရောဂါ ဖြစ်ပွားမှုနဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့် အလုံအလောက် မရရှိမှု၊ ပြီးတော့ စာအုပ်စာပေ လွတ်လပ်စွာ ဖတ်ရှုခွင့် စတဲ့အချက်တွေကို တောင်းဆိုတဲ့ အနေနဲ့ ဒီကနေ့ကစလို့ အခန်းပြင်မထွက်ဘဲ ဆန္ဒပြနေကြတယ်လို့ အင်းစိန်ထောင် အနီးမှာနေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုနဲ့ နီးစပ်သူတဦးက အတည်ပြု ပြောဆိုပါတယ်။
အခု ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပါတယ်။ သူတို့အနေနဲ့ ဒီတောင်းဆိုချက်တွေကို အာဏာပိုင်တွေထံ ဒီမနက်မှာ တင်ပြခဲ့ကြပြီး ညနေမှာ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိရင် မနက်ဖြန်ကစလို့ အစာငတ်ခံ ဆန္ဒပြသွားမှာ ဖြစ်တယ်လို့လည်း AAPP က သတင်းထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ အခုလို တောင်းဆိုရတာဟာ သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကိုတောင် မရရှိဘဲ ဆုံးရှုံးနေရလို့ ဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။
“အခု သူတို့ တောင်းဆိုတယ်ဆိုတဲ့ ကိစ္စတွေက တကယ်တမ်းကျတော့ အမြင့်ကြီး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒါ အကျဉ်းဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲက တောင်းဆိုတာ ဖြစ်တယ်။ အဲဒီ လုပ်ပိုင်ခွင့်ဘောင် ဆိုတာကလည်း အကျဉ်းထောင်လက်စွဲ ဥပဒေအရ အကျဉ်းသားတွေရဲ့  ရသင့် ရထိုက်တဲ့ အခွင့်အရေးကို တောင်းဆိုတာ ဖြစ်ပါတယ်။
“ဆိုတော့ အဲဒီအတွက် သူတို့က အကျဉ်းသားတယောက်ရဲ့ ရပိုင်ခွင့်၊ လူတယောက်ရဲ့ ရပိုင်ခွင့်ကို တောင်းဆိုတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေက တကယ်ကို မလွန်ကျူးဘူးလို့ ပြောလို့ရပါတယ်။ တကယ့် အခြေခံ အချက်အလက်တွေကိုပဲ သူတို့အနေနဲ့ တောင်းဆိုသွားတာ ဖြစ်ပါတယ်။ ဒီအခြေခံ အချက်အလက်တွေကိုတောင် မရတဲ့အတွက် သူတို့က အခုလို တောင်းဆိုရတဲ့ အခြေအနေ ဖြစ်လာတာပါ။”
ဒါ့အပြင် အင်းစိန်ထောင်မှာပဲ နိုင်ငံရေး အကျဉ်းသူတွေကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို မကျေနပ်တဲ့အတွက် မေလ ၁၇ ရက်နေ့စပြီး အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောင်းလာပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ မြန်မာ့အရေး လှုပ်ရှားသူ အားလုံးက မျှော်လင့်နေခဲ့ကြတာပါ။ မျှော်လင့်သလို ဖြစ်မလာဘဲ အကျဉ်းသား ၁၅,၀၀၀ နီးပါး ပြန်လွှတ်ပေးခဲ့တဲ့ အထဲမှာ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်နေတဲ့အတွက် ဒီအပေါ် ကျေနပ် အားရစရာ မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ အတွက်ကိုလည်း ဒီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုအပ်တယ်ဆိုပြီး အားလုံးက မြန်မာအစိုးရကို တိုက်တွန်းနေကြတာပါ။ ဒါပေမဲ့လည်း စစ်အစိုးရ တက်လာပြီးချိန်ကစလို့ အခု အရပ်သားအစိုးရ ပြောင်းတဲ့အထိ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ပြောဆိုနေတာ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP-B ရဲ့ ဒီလဆန်းပိုင်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေး အကျဉ်းသား ၄၂၀ ရှိပြီး အမျိုးသမီးက ၃၀ ကျော် ရှိပါတယ်။ မြန်မာတနိုင်ငံလုံး အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂,၀၆၁ ဦး အကျဉ်းကျခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Saturday, May 21, 2011
Sunday ခရီးစဉ်များ အပိုင်း - ၂
Sunday ခရီးစဉ်များ အပိုင်း - ၁
Internet ချစ်သူထံသို့ ပေးသောမေတ္တာစာ
တစ်ရံရောခါ ၊ ဤနေရာမှ ၊ စိတ်မှာညစ်ထပ် ၊ သောက်ညင်ကပ်လို့ ၊ ဝေးရပ်တစ်မြေ ၊ ပြေးထွက်လေသော ၊
အင်တာနက်အား ၊ စိတ်မှာထား၍ ၊ မေတ္တာ ပို့သလိုက်ပါသည် ။
ဆွေးလို့ပြာကာ ၊ အွန်လိုင်းမှာလည်း ၊ မလာတာကြာ ၊ စိတ်မပါထင်ပြီး ၊ ကြိတ်ကာကြူ (Q)
ထား ၊ မဒီများလည်း ၊ တစ်ခြားနောက်ကို ၊ ပါတော့မည်ထင့် ၊ ရင်မှာနင့်သည် ။ ဒီနေ့စိတ်
ကောက် ၊ နက်ဖြန်ရောက်မှ ၊ စိတ်ကောက်ပြေရေး ၊ ချော့မယ်တွေးပြီး ၊ ထိုဒေး (day) ညမှ၊
နက် ကကျတော့ ၊ ချစ်သူကမုန်း ၊ ဘလော့(block)ဦး (အုံး) မှာ ၊ ပူနေတာမို့ ၊ ဆပ်ပြာသည်
မ ၊ လင်ပျောက်ရသို့ ၊ ဒုက္ခတွေနဲ့ ၊ တစ်မှိုင်မှိုင်တွေ ၊ တစ်တွေတွေငေး ၊ တစ်ငေးငေးငူ ၊တစ်
အူအူဆွေး ၊ ၀မ်းဗိုက်ရေးထက် ၊ လွမ်းရေးသာသည် ။ ရင်မှာမျက်ရည် ခါခါလည် ။
ဝေးလို့မှာတာ ၊ ကိုအင်တာရေ ၊ လာပါအမြန် ၊ သင်မမှန်လို့ ၊ ကော (call)သံတိုး
တိတ် ၊ အဆောင်ဆိတ်နေပြီ ။ ဓားကိုဆွဲထုတ် ရန်သူခုတ်ဖို့ ၊ အဟုတ်ကြံမှ ၊ နက်
ကကျသွား ၊ ဟီးရိုး(Hero)များလည်း ၊ တစ်အားဆွေးသည် ။ နက်ကမလာ ၊ လန်
(lan)ပေါ်မှာလည်း ၊ ကောင်တာပစ်ရ ၊ လက်ညောင်းလှပြီ ၊ ဟိုဆောက်ဒီဝယ် ၊
ဂျင်နရယ် (General)လည်း ၊ စိတ်ဝယ်မရွှင် ၊ မတိုက်ချင်ဘူး ။ အွန်လိုင်းဟီးရိုး ၊
တန်(Dan)မတိုးဘူး ၊ ကံဆိုးချက်က ၊ ချစ်သူမယုံ ၊ ဖုန်းဖိုးကုန်လည်း ၊ သူယုံမလာ
၊ စိတ်ညစ်ပါသည် ။ ဘီယာကဒ်တွေ ခါခါဝယ် ။
ပြေးလို့လာပါ ၊ မျှော်နေတာလည်း ၊ ရင်မှာထိတ်ရ ၊ ဒီလိုညများ ၊ လာမလားလို့
အိပ်ငြားမပျော် ၊ အိပ်ရာပေါ်ဝယ် ၊ မပျော်မလှုပ် ၊ အမြီးကုပ်၍ ၊ လွမ်းရုပ်တွေဆင်
ကော်နက်ရှင်စောင့် ၊ တစ်တောက်တောက်နှင့် ၊ ဘောက်မဲ့ကြောင့်များ ၊ ဒီစီ
(dc) များဖြစ် ၊ တဗျစ်တောက်တောက် ၊ တလျှောက်လျှောက်တွေး ၊ တစ်
တွေးတွေးပူ ၊ သင်သာလူဖြစ် ၊ လည်ပင်းညှစ်လို့ ၊ အလစ်ကိုချောင်း ၊ တုတ်
ကောင်းကောင်းနဲ့ ၊ ရိုက်မောင်းဆုံးမ ၊ တွေ့ကြတာပေါ့ ၊ စိတ်ပေါ့ဖို့ရေး ၊ကြံ
ကာတွေးလည်း ၊ နှုတ်ဝယ်ခါခါ ၊ ပြောနေပါသည် ။ အင်တာနက်ရေ လာပါကွယ် ။
စိတ်ကိုအလိုလိုက် ဝေးရာသို့လည်းမသွားနှင့်
ထိပ်ကိုအတိုကိုက် ဒွေး ပါလို့လည်းမကြွားနှင့် ။
စိတ်ကိုအလိုလိုက် ဝေးရာသို့ သွားက ၊ အသွားမတော်တစ်လှမ်း ဒုက္ခလမ်းသို့မြန်းလိမ့်မည် ၊ ထိပ်ကိုအ တိုကိုက် ဒွေး ပါလို့ကြွားက ၊ တစ်အားအော်ငေါက်ငမ်း မမိုးမိုးက ရမ်းလိမ့်မည် ။ အသွားမတော်ပဲ မျဉ်း ကျားမှ မကူးက ယာဉ်ထိန်းရဲနှင့်မိတတ်သည် ။ စိတ်ထင်ရာသွားပြီး ၊ ညကြီးအမှောင် ၊ ပတ္တရောင်နှင့်တိုး ဂျေးသို့ဂိုးရတတ်သည် ။ အကြွားမတော်ပါက တအားအော်ခံရပြီး ၊ လက်ဝါးနှင့်နီးတတ်သည် ။
ဆန်ဆုံစားပြီး ကံကုန်လို့လည်းမသွားနှင့်
ကံယုံစားပြီး သံပုံသို့လည်းမသွားနှင့် ။
ဆန်ဆုံစားပြီး ကံကုန်သွားလို့ ခွဲသွားတော့ ကျန်ခဲ့သူက လွမ်းရသည် ။ ကံယုံစားပြီး သံပုံကြားသို့ အရဲ သွားတော့ သံဆိပ်ထူကာ နွမ်းရမည် ။ ဆန်ဆုံစားပြီး ကံကုန်လို့သွားသည် ပြောရအောင် အသင်နှင့် ကျုပ်တို့ကြား ဆက်ဆံရေး အလှဆင်ပေးဖို့ ၊ မပြတ်အမှန်းပေး လစဉ်းကြေး ရှိပြီးသား တစ်မုံ့ ၊ နက်ရရေး ကို ၊ မနက်ညတွေးပြီး ၊ မဟန်တာကြောင့် ၊ အမြန်လာပါဟုသာ ပြောချင်ပါသည် ။ ကံကိုယုံပြီးလည်း ဘောပွဲတွေ အတင်းလောင်း ၊ မောင်းမပေါက်ပဲ ၊ ချောင်းပေါက်မတက် ၊ အကြွေးတောင်းခံရပေမည် ။ကံမကောင်းပါက ချစ်သူကိုပင်မှားပြီး ဘလော့ပေးမိတတ်၍ စိတ်ကွက်ခံရပါမည် ။ ကံကောင်းပါက လည်း မနက်ကဆိုထားသော ရည်းစားစကား လူမှား၍ ညနေတွင် အဖြေမြင်ရတတ်ပါ၏ ။ သို့ပါ၍ ဆန်မပါ ၊ ကံဗလာနှင့် လာလည်း ကျိတ်မဆဲပါ ။ လာသာလာပါ ဘာညာမပါလည်း ကိစ္စမရှိပါ ။
မျှော်ရလွန်းလို့ လည်ပင်းလည်း ပဲရစ်မျှော်စင်ဖြစ်တော့မည်
အော်ရလွန်းလို့ ရောခ့်ကာများရဲ့ စီးပွားရေးလည်းထိခိုက်တော့မည် ။
မျှော်ထားလည်းမလာသည်က ကိုရီးယား ဇာတ်လမ်းတွဲ ၊ မမျှော်ထားလည်း လာသည်က ကြော်ငြာ ၊ အော်တိုင်းလည်းမသာသည်က ရည်းစားဟောင်း မင်္ဂလာဆောင်က သီချင်း ၊ မအော်ခိုင်းပဲ သာသည်ကအလှူအိမ်က ဗြောသံ ၊ သို့ကလိုကြောင့် ကိုရီးယားကားလို ဇာတ်သိမ်းကို မျှော်လင့်ချက်တွေပေးပြီး အကြီးအကျယ် busy နေသောသင့်အား ၊ ရင်ကွဲပက်လက် အသံဖြင့် ကျုပ်တို့ အော်ကြီးဟစ်ကျယ် call နေပါတယ် ၊ ကျေးဇူးပြုပြီး ရောက်ရာအရပ်က အမြန်လာ Answer ပေးလှည့်ပါ ။
တံခွန်မရှိသောဘုရား ၊ အလံမရှိသောရထား
လင်မရှိသော မိန်းမ မတင့်တယ်ဟု ဆိုစကားရှိ၏ ။
အလားတူ အင်တာနက်မရသော ကွန်ပျူတာမှာလည်း ၊ Core 2 Duo ပင်ဖြစ်လင့်ကစား မတင့်တယ်ပေ၊ ထိုနည်းတူ အင်တာနက်မရသော ကွန်ပျူတာမှာ ၊ အတောင်ပါပြီး မပျံသန်းနိုင်သော ပင်ဂွင်းငှက်ကဲ့ သို့ ယက်ကန်ယက်ကန်ဖြစ်နေကြောင်း ထပ်လောင်းသိစေချင်ပါသည် ။
မျှော်တာများလို့ ဘလော့ဂါ(Blogger) များလည်း ၊ ပို့စ်မတင်လို့ တစ်မျိုးထင်ခံရတော့မည် ၊ ဟီးရိုးဂိမ်မာများလည်း တန်(Dan)တက်ဖို့ ရန်သတ်ချင်လှပြီ ၊ ဂူးဂဲလ်ချက် သမားလည်း အရူးအမဲနှပ်စားသို့ လွမ်းနေ သည် ၊ ရဟူး မက်ဆင်ဂျာကိုလည်း အထူးမမြင်တာကြာပြီ ၊ နက်လော့ (Netlog) မှာ လက်ဆော့ချင်သူ များလည်း ၊ အရက်မော့နေရပြီ ၊ ဒေါင်းလုပ်ချထားသော ဇာတ်ကားများလည်း ကုန်နေပြီ ၊ သီချင်းအသစ် ကို စာရင်းမလှစ်ရတာလည်း ကြာပြီ ၊ ဘောပွဲသတင်းဝဘ်ဆိုဒ် မဖတ်လိုက်ရတာကြာလို့ ဟာနေပါသည်၊ သို့သော်လည်း သင့်အားအ၀ါကဒ်နှင့် တစ်ခါထပ် သတိပေးပြီး၊ လယ်ဗယ်ညီအောင် ပယ်နယ်တီလည်း မတောင်းပါ ။
အဆောင်သားအားလုံး “ အောက်အီးလည်းမတွန် ၊ အစာလည်းမစား ၊ ကော်နက်ရှင်ကိုလွမ်းလို့လား” ဟုမေးရမလောက်ဖြစ်နေသည်ကို မြင်စေချင်ပါသည် ။ သို့ဂလိုအရေးကြောင့် ပုဂ္ဂိုလ်ရေးကိုဘေးချိတ်ပြီး ကျုပ်တို့အိပ်ရေးပျက်အောင် အမြန်လာပါဟု ၊ ကြားရာအရပ်သို့ တအားမှာလျက်ရှိနေပါသည် ။ တစ်ခြား အဆောင်တွေမှာ အလန်ဆုံးဆိုတဲ့ အမြန်နှုန်း(Speed)ကို မမှီလည်းနေပါ ၊ အသင့်အမြန်နှုန်း လိပ်နဲ့စပ် လည်း အကျင့်တန်မုန်း စိတ်ဓာတ်မပျက်ပါ ၊ အကြောင်းမဟုတ်ပါက ဒေါင်းလုပ်(download)လည်း မချ တော့ပါဟု ကျုပ်တို့အာမခံပါတယ် ။ တောင်းဆိုး ပလုံးဆိုးသာ ပစ်ရိုးထုံးစံရှိပေမယ့် ကော်နက်ရှင်ဆိုး ၊ စပိ (Speed)ဆိုးကိုတော့ ပစ်ရိုးထုံးစံမရှိပါ ။ သင်ဘယ်အချိန် ဆိုင်းနီးအပ်(singing up)မလဲလို့ ပဒိုင်းသီးနှပ်စားထား သလိုမျှော်နေပါတယ် ၊
နေ့ညတွင်တွင် ၊ ကော်နက်ရှင်ကို ၊ ထင်မြင်ယောင်ယမ်း ၊ တွင်တွင်လွမ်းကာ ၊ ရင်မှာလွမ်းရင် ၊
မျှော်တိုင်းမြင်လို့ ၊ လက်ညှိုးညွှန်ရာ ၊ ကော်နက်ရှင် ဖြစ်ပါစေသား အရှင်ဘုရား လို့ ၊ ဒတ္တ ရဲ့
ကဗျာစာသားလို ၊ အိပ်မပျော် စားမ၀င် ၊ ကော်နက်ရှင် ကိုသာလွမ်းနေပါသောကြောင့်
အင်တာနက် ရောက်လေရာသို့ ၊ ရင်နာလျက် တစ်ခေါက်တစ်လေလာဖို့ ၊ သစ္စာကမ္ဘာ တည်ရန်၊
မေတ္တာစာ ရည်လိုက်ရပါတယ် ……..
Monday, May 16, 2011
အဖေ
" စားဝတ်နေရေး ငွေရှာပေး ကျေးဇူးကြီးပေ ဒို့ဖေဖေ!  " ကဗျာလေးလို အိမ်ထောင်ဦးစီးတို့ဘဝ က မိသားစု တစ်ခုလုံးအတွက် စားဝတ်နေရေး အတွက် ငွေဆိုတဲ့ အရာလေးကို ဖြစ်သလို၊ ရသလ၊ို စွမ်းသလောက်ရှာဖွေးပေးရတာ အိမ်ထောင်ဦးစီးတို့ရဲ့ အသိတာဝန်မဟုတ်ပါ့လား..။
                  မိုးတွေရွာချလိုက်တာ သဲသဲ မည်းမည်းပဲ စာသင်ခန်းထဲမှာမို့ ဆရာမက အပြင်မထွက်ရလိုပြောထားလို့သာ မဟုတ်ရင် မိုးရေထဲမှာ လွှတ်လွှတ် လပ်လပ် ခုန်ပေါက်ပြေးကစားလိုက်ချင်..။
  ကျောင်းဆင်းချိန်ထိ မိုးရွာပါစေ..။ ဆုတောင်းခဲ့ပေမဲ့   မိုးတိတ်ခဲ့တယ်..။  မိုးရေထဲမှာမဟုတ်ပေမဲ့ ၇ွံ့ ဗွက်တွေကြားမှာ ခုန်ပေါက်ကစားရင်း ပြန်လာခဲ့တယ်..။ကျောင်းနဲ့ အိမ်အပြန်ခရီးမှာ ချောင်းတစ်ခုရှိတယ်..။ ချောင်းနဘေးမှာ ကျွန်တော်အဖေ ဈေးရောင်းတဲ့ ဝါးထောင်ဆိုင်ရှိတယ်..။  ချောင်းကလေးက ကမ္မ- ရန်ကုန် ၊ ချောက်၊ မကွေး၊ပုဂံကားတွေ ချောင်းကျရင်၊ ချောင်းကူးရလွယ်တဲ့နေရာလေးပါ..။ကမ္မ- ပေါက် ၊ မတူဘီ၊ မင်းတပ်ကားတွေကတော့ အမြဲတမ်းဖြတ်ရတဲ့ ချောင်းလေးပေါ့ဗျာ..။ ချောင်းကလေးက ချောင်းကျပြီးပါပြီ။ ချောင်းရေမရှိတော့ပါ..။ ဒါပေမဲ့ ချောင်းရေကြောင့် ကားလမ်းပျက်နေတယ်..။  ချောင်းဖြတ်ရမဲ့ကားတွေက တန်းစီးနေတယ်..။ ချောင်းလမ်းကလေး ကောင်းလာသည်အထိပေါ့....။
                ဘယ်သူလဲ..၊ ချောင်းကလေးကို ကားလမ်းဖြစ်အောင် ကော်တစ်လက်နဲ့ သဲစာတွေကိုကော်ထုတ်နေတာ..။ ဝါးမှိုက်တွေကို လက်ထဲမှာပွေပိုက်ပြီလမ်းခင်းနေတာ..။  တစ်အော်အော် တစ်ကြော်နဲ့ ဒီလမ်းကသွားပါ ဒီလိုမောင်းပါ..။ သဲစာနစ်နေရင်း  ကော်လေးနဲဖော်လို ဝါး မှိုက်ကတွေထိုးပေးလိုက်နဲ့  "စွဲ ကားဆရာရေ" ၊ "နောက်နည်းနည်း ဆုတ်ပါအုံး ကားဆရာရေ.." တကြော်ကြော်အော်နေတာလေ..။ ကားဆရာတွေက သူတို့ကားကလေး ချောင်းကို ကျော်ပြီးရင် " ကျေးဇူးပါပဲ အစ်ကိုကြီး" ဆိုတဲ့စကားလုံးနဲ့အတူ ငွေ ၄၀၀/ ၅၀၀ ထုပ်ပေးသွားတယ်လေ..။ ကျွန်တော် ကြောင်ပြီး အဲဒီလူကို ကြည့်နေမိတယ်..။ ဘဝက ကြမ်းသလား..? ဘဝဆိုတာ ကျရာနေရာ ကြုံရာဘဝ  ရုံးကန်ရတဲ့ ပြဇာတ်တစ်ပုဒ်လား..။ ဘယ်သူဟာ အမြဲတမ်းထိုင်ခုံပေါ်မှာ ဇိမ့်ကျကျ ထိုင်နေရသလဲ..။  မိုးရွာပြီးစ အေးမြမြ ဒီအချိန်မှာ သူကတော ချွေးတွေနဲ့ အလုပ်ရှုပ်နေဆဲ့..။ အမှတ်တမဲ့   " သား...ရေး...! အဖေကို ရေတစ်ခွတ်ခတ်ပေးပါ.." ဆိုတဲ့ "ရေ"တောင်းသံကြားလိုက်ရတယ်..။  ရေအိုးစဉ်က ရေတစ်ခွတ်ကို ကျွန်တော် အပြေးခတ်ပြီး အဖေ ကိုပေးလိုက်တယ်..။ အဖေ ရေတွေကို တခြိုက်မက်မက်သောက်နေတယ်..။ သူများတွေ မိုးအေးလို ရေမဆာတဲ့ အချိန်မှာ သူ" ရေ" အမြောက်အများသောက်နေရတယ်..။ နဖူးက ချွေးတွေ တစ်စက်စက် ကျတာ..ကို ကျွန်တော်မြင်နေရတယ်..။ အဖေ စိတ်တိုရင် အမြဲတမ်းပြောတတ်တဲ့ စကားလေးကို ကျွန်တော်ပြန်ကြားမိတယ်..။ ( နဖူးကချွေး ခြေမ ကျအောင် မင်းတို့ အတွက်ငါ အလုပ်လုပ်နေရတယ်ဆိုတာ မင်းတို့က မသိဘူးလား)၊ ( မိဘ ကတော့ နဖူကချွေး ခြေမကျအောင်အလုပ် လုပ်လိုက်ရတာ မင်းတို့ က စာလေးဖတ်ရတာတောင် ပျင်းနေတယ်ပေါ့)  ။ အဖေ ... အဖေရဲ့ ချွေးတွေ ခြေမ တင်ပဲကျတာလား..? သားမြင်နေရတယ်..။ အဖေ ၇ဲ့ချွေးတွေ အဝိစိ့မှာလေ...။ ကျွန်တော် မျက်ရည်တွေ  ဝဲလာမိပါတယ်..။  အဖေကတော့ ကျွန်တော်ရဲ့ မျက်ဝန်းက မျက်ရည်တွေ ကို သတိမထားမိ ရေခွတ်ကို ဘေးမှာချပြီး သူအလုပ်ကို ဆက်လုပ်နေတယ်..။ ဟို ဟို! ကားဆရာ..! ခဏလေးနော် ကျွန်တော် ထမှိုက်ခင်းလိုက်အုံးမယ်..။ အား နစ်နေပြီ ကားဆရာ ကျွန်တော် သဲစာယက်လိုက်အုံးမယ်..။ လမ်းလေးက ကားတစ်စီးဖြတ်လို ပျက်သွားလိုက်နဲ့ အဖေက လမ်းပြင်လိုက်နဲ..။ ကားတော်တော်များများဖြတ်ပြီးလို ကားလမ်းလေးလဲ ပြင်လိုက်ပျက်လိုက်နဲ့ နောက်ဆုံး ကောင်းသွားခဲ့တယ်..။ အဖေလဲ လမ်းကောင်းလို အလုပ်နားခဲ့တယ်..။ အဖေ ခါးကြားထဲက လိပ်ထားတဲ့  ပိုက်ဆံလေးကို အဖေ ဆွဲထုပ်ပြီး "သားရေ  ပိုက်ဆံ ဘယ်လောက်ရလဲ ရေကြည့်ပါအုံး" ကျွန်တော် အဖေ့ချွေးတွေဆိုနေတဲ့ ပိုက်ဆံတွေကို အသာအယာ ညင်ညင်သာသာ ဖြေရင်း ပိုက်ဆံတွေကို ရေ ရတယ်..။" အဖေ  ၈ထောင် ၃၀၀ အဖေ.." ။ အဖေပြုံးပြလိုက်တယ်..။ ငါ့သား ဒီနေ့ အဖေတို့ ဝင်ငွေကောင်းတယ်.. အပြင်မှာ လက်လုပ်လက်စားတွေ တစ်နေ့ကို ရှစ်ရာ တစ်ထောင်ပဲရတာ အခု ၈ထောင် ၈ရက်စာကွ..။" လို ဝမ်းသာအားရ ကျွန်တော်ကို လှမ်းပြောတယ်..။ အဖေရဲ အမောတွေ ဘယ်မှာလဲ အဖေ လို ကျွန်တော် တိုးတိုးလေး အဖေ မကြားအောင်မေးနေမိတယ်..။  ကျွန်တော်စိတ်ဓါတ်ကျတိုင်း အဖေကို " ကျွန်တော် စိတ်ညစ်တယ် အဖေ..။ " လိုပြောတတ်တယ်..။ အဖေက ပြန်ပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်..။ "သား ဘာစိတ်ညစ်တာလဲ..။ အဖေ ဘာလုပ်ပေးရမလဲ..။ " သားသမီးတွေ အတွက် ခေါင်းမရှောင်ဘဲ ခေါင်းဆောင်တတ်တဲ့ အဖေ စကားလုံတွေလေး..။တစ်ခါတစ်ခါ အဖေပြောဘူးတဲ့ စကားလုံးရှိတယ် " သမာ အာဇီဝသာ ဖြစ်ပါစေ..။ လူသတ် ပြီး လက်ဝှေ့ထိုးရတဲ့ အလုပ်တောင် ငါမင်းတို့ အတွက်လုပ်ရဲ့တယ်..။ မင်းတို့လဲ လုပ်ရဲ့ရမယ်..။ဒါပေမဲ့ သမာအာဇိဝတော ဖြစ်ပါစေ..။ ဘာဖြစ်ချင်လဲ မင်းတို့လုပ်ချင်တာ လုပ်လိုက် မင်းတို့ရဲ့နောက်မှာငါရှိတယ်..။"  အဖေ အမေ့ကို အိမ်ထောင်ကျစက ပြောဖူတဲ့ စကားလုံးရှိတယ်..။" မိမူ နင်(ထောင့်ကျကျ ပြားကျကျ အလုပ်လုပ်ရမယ်..) ငါလဲ လုပ်မယ်..။" ဒီစကားကို အမေက ပြန်ပြောပြလိုသိရတာပါ..။ ဟုတ်လဲဟုတ်တယ်..။ နေပူပူ ကြီးထဲမှာ အဖေနဲ့ အမေ ဘီးကလေးတစ်စီးနဲ ရေနံဆီ ကို ထီးလင်း၊ မင်းတပ် နဲ ယောနယ် ဘက်တွေမှာ ရောင်းခဲ့ရတယ်..။ အဲဒီစက်ဘီးလေးကို ကျွန်တော်က  "ဒီစက်ဘီးက မကောင်းတော့ဘူး စုတ်ပြတ်နေပြီ ရောင်းလိုက်တော့လို"    အမေ့ကိုပြောတော့ ။ အမေက မရောင်းနိုင်ပါဘူး ဒီစက်ဘီးလေးက " ငါတို့ အိမ်ထောင်ကျစ ရေနှံဆီ လည်ရောင်တဲ့ ဘီးလေးတဲ့"။ မိသားစုအတွက် တာဝန်ဟူသမျှကို အဖေ ဘာမဆိုလုပ်ရဲခဲ့တယ်လေးးး။
                             အချိန်တွေကြာလို ကျွန်တော်တို့လဲ  အသက်ကြီးခဲ့တယ်လေ..။ အဖေလဲ သားသမီး၉ယောက်ရဲ့ စားဝတ်နေေ၇းကို တစ်ယောက်ထဲ ကြိုးစားရင်း အမေကတော ပါရမိ ဖြည့်ဘက်ပီပီ အဖေရဲ့ အလုပ်တွေကူလုပ်ခဲ့တယ်လေ..။  ကျွန်တော်လဲ အဖေအလုပ်တွေကို ကူနိုင်ခဲ့ပြီလေ..။သားအဖ တစ်တွေ တက်ညီလက်ညီဘဝကို စာဖတ် ရင်း အလုပ် လုပ်လာခဲ့တာ အဖေလည်း အသက်ကြီးလို အလုပ်တာဝန်ကို အစ်ကိုလတ်ကဦးစီးနိုင်ခဲ့တယ်..။ ကျွန်တော်ကတော့ အိမ်မှာနေပြီး အလုပ်သမားတွေနဲ့ အလုပ်ကြမ်းလုပ်၇တယ်..။  အဖေကတော့ ဘယ်တော့မှာအိမ်ထောင်ဦးစီဆိုတဲ့တာဝန်ကို လက်မလွှတ်ခဲ့သလိုပဲ ညအချိန်တွေဆို မအိပ်ဘဲ အလုပ်သမားတွေနဲ့ သူလုပ်နိုင်တာ လုပ်နေဆဲ..။ မှတ်မှတ်ရရ  ကျွန်တော် ပဲဘတ်အိပ်တွေကို ကားပေါ်ထမ်းတင်နေတုန်း ငါ့သားခဏ လောက် အဖေကိုတစ်အိပ်လောက် ဆိုပြီး သူဝင်ထမ်းတယ်လေ..။ ထမ်းတင်ပြီနောက် အဖေ ပြောတဲ့စကားက " ငါ သန်ပါသေးတယ်ကွ..!" ဟုတ်ပါတယ် အဖေ အဖေရဲ့ မာန်တွေကသန်ပါသေးတယ်..။
 အဖေဆိုတာ သားသမီးတွေ အတွက် အမြဲတမ်း ခွန်အား၇ှိတဲ့ စစ်သူကြီးပါ..။
            အဖေဆိုတာ သားသမီးတွေ အတွက် မပြို လဲတဲ့ ခေါင်းဆောင်ကောင်းပါ..။                                                                           
                 အဖေဆိုတာ သားသမီတွေ အတွက် အမြဲတမ်း လမ်းပြတတ်တဲ့ ကြယ်တစ်ပွင့်ပါ..။
                         အဖေဆိုတာ သားသမီးတွေ အတွက် အလင်းဆောင်တဲ့ နေမင်းပါ..။
          အဖေဆိုတာ သားသမီးတွေ အတွက် မြို့ရိုးတံတိုင်းလို ကြံကြံ ခိုင်တဲ့ လုံခြုံးရေး  အကာ အကွယ်တစ်ခုပါ..။
                  အဖေချခဲ့တဲ့ လမ်းတွေက သားသမီးတွေ အတွက် အလွယ်တစ်ကူ လျောက်လို့ရတဲ့လမ်းတွေပါ..။
                          အဖေပေးခဲ့တဲ့ ဘဝ အသိနဲ့ ပညာတွေက သားသမီးတွေ အတွက် လေနီကြမ်းကို အန်တုမဲ့ တောင်ပံအစုံ ပါ..။
          အဖေ ဆုတ်ခဲ့တဲ့ လက်သီးအစုံက သားသမီးတွေအတွက် ဂုဏ်ယူစရာ အလံ ပါ..။  အဖေ လွင့်တင်ခဲ့တဲ့ ဘဝအလံ လေးတွေက တဖတ်ဖတ်နဲ့ အဖေကို လေးစားသမူဂုဏ်ပြုရင်  လွှင့်လူးနေအုံးမှာပါအဖေ..။  မိုင်တွေ ဝေးလို အဖေနဲ့  မတွေရလဲ အဖေရဲ့ စကားသံနဲ့ အဖေရဲ့ လေးစားစရာ  သားသမီးတွေ အပေါ်ပေးဆပ် ခဲ့တာတွေက  နူလုံးသားထဲမှာ ရှင်သန်နေဆဲ့ပါ အဖေ..။ အဖေ ပေးတဲ့ အမိန့်တွေက သား အတွက်တော့ လက်ခုတ်သံ တစ်ခုပါပဲ..။ အဖေရဲ့ ညွန်ကြားမူတွေက သား အတွက် အမှန်ကန်ဆုံး လုပ်ရမဲ့ အလုပ်တွေပါ..။  မိသားစု အပေါ် ကျရာတာဝန် ဖြစ်ရာအခြေအနေ မမောတမ်း မပန်းတမ်း ခေါင်းဆောင် စိတ်ဓါတ်နဲ့ တာဝန်းထမ်းဆောင်ခဲ့ တဲ့ အဖေကို လေးစားရင်း၊ ရိုကျိုးရင်း၊ ရှစ်ခိုးရင်း အဝေးရောက်သား ရေးသားမိပါတယ် အဖေ...။
အဖေ နေကောင်းပါစေ..။
အဖေ ကျန်းမာပါစေ...။
သားသမီးတွေရဲ့အောင်မြင်မူကို လက်ခုတ်တီး ဂုဏ်ယူနိုင်တဲ့ သားကောင်းဖခင် ဖြစ်ပါစေ...။ 
                                                                   အဖေရဲ့ ဂုဏ်ကျေးဇူးတွေကို  အာရုံပြူလျှက်
                                                                                                                           Htoo
           ဖြတ်သန်းရာ ဘဝမတူတော့ ခံစားချက်ခြင်းတူချင်မှာတူမည်.. အားလုံးကိုလေးစားလျှက်..။ စာလုံးပေါင်းမှားရင် ပြင်ဖတ်လိုက်ပါ..။
အမေ
ဝေးတစ်မြေကနေ
သားအကြောင်းတွေးနေပြီလား?
ဖွေးနေတဲ့ဆံဖြူများနဲ့
သားအတွက် အရင်လိုပူပန်နေဆဲလား?
အရင်လို စိတ်ပုတီးနဲ့
အမေစိတ်ခရီးနှင်ဆဲလား?
သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့
မေတ္တာပို့နေဆဲလား?
တရားသံနာပျော်ရင်းနဲ့
သား စာအပြန်မျှော်နေတာလား?
အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ
ဘယ်လောက်ကြာနေပြီလဲ အမေ
စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ
မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ
ပကာသနဆိုတာတွေ သိလာရပြီ အမေ
ဗလာဘ၀နဲ့ သားအတွက်
အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။
ဝေးတနေရာ....မှ
လွမ်းရမှာလား
ဝေဒနာတွေကို ပေးကာသွားတဲ့
အဝေးဆုံးကလူ
တမြေ့မြေ့လေးပေါ့
ငါ့ရဲ့ လွမ်းခြင်းတွေလည်း
တောက်လောင်လို့နေ
ရေမြေခြားနေလို့
တွေးရတာ စိတ်တွေပူမိ
နေထိုင်မှကောင်းပါရဲ့လား
ကွယ်ရာမှာ ဘယ်လိုရှိနေမလဲ
တစ်စတစ်စနဲ့
ငါ့ရဲ့ သောကတွေ
တောင်လိုပုံနေခဲ့ပြီ
လွမ်းလွန်းလို့လေ
တွေးတောတောင်းတ
စိတ်တွေေ၀၀ါးခဲ့ရပြီ
တစ်နယ်တစ်ကျေးမှာ
ရေမြေခြားလို့
ပျော်ရွှင်ကာရှိပါစေတော့ကွယ်...
ချစ်သူမျက်နှာ
ချစ်သူမျက်နှာ...!
အိပ်စက်ချိန်ထိ မှေးမှိန့်ရှိလို့
လမင်းလေးအလား
အိပ်မက်ထိသာ လင်းနေတာ…။
မနက်နိုးထ “နေ” မ ခခင်
မျက်နှာ ခင်နုမ မှန်းမြင်ကြည့်ရင်း
ချစ်သူမျက်နှာ မြင်ပါရစေ....
            ဆုဖြင့်ပင်ကာ နိုးမိပါ၏….။
ချစ်သူမျက်နှာ...!
 ပုံရိပ်နှင့်ပင်  စိတ်ကျေနပ်ရ
ဒီနေ့ရက်တို့  ကုန်လွန်ပါစေ ကုန်ချင်လှ၍
မျက်နှာငွေလ လင်းတော်မူပါ့
              ကျွန့်...သခင်မရေ….။
ဦးထုပ်ကလေး နဲ့ ဖိနပ်ကလေး
ဦးထုပ်ကလေး နဲ့ ဖိနပ်ကလေးအကြောင်းပါ။
ဖိနပ်ကလေးကို....
မစီးခင် တိုက်တယ်။ စီးကြည့်တယ်၊ လှတယ်။ အနင်းတော့ ခံရတယ်၊ ဒါပေမယ့် ပေမှာစိုးလို့ ကြွကြွရွရွလေး လျှောက်တယ်။ ခလုတ် တိုက်မိတယ်။ ဖိနပ်ကို အရင် ကြည့်မိတယ်။ ဘယ်နား နာသွားသေးလဲလို့။ ဟုတ်တယ်လေ ပြတ်သွားရင် ဆက်သွားလို့မှ မရတာ။ မရှိမဖြစ် ပစ္စည်းဆိုတော့ အမေ့ခံရဖို့လည်း မဖြစ်နိုင်ဘူးလေ။ ပြန်လာတယ်။ ဖိနပ်ကလေးကို ပြန်တိုက်တယ်၊ သိမ်းတယ်……..။
(အနော်ဆို ဖိနပ်ကို အဲ့လိုတောင် မသိမ်းဖူးဘူး ဟဲဟဲ )
ဦးထုပ်ကလေးကရော......
မသွားခင် ဆောင်းသွားတယ်။ မှန်ကြည့်တယ်။ ပြီးပြီလေ။ ပြန်ကြည့်စရာလည်းမလို ဂရုစိုက်စရာလည်း မလိုဘူးလေ။ သူ့ဟာသုူ အပေါ်မှာနေတာ အနင်းမခံရပေမယ့် နေပူကိုတော့ ဆီးပြီး ခံရတယ်လေ။ တစ်နေရာမှာ ခေါင်းဆောင့်မိတယ်။ ဦးထုပ်ကိုချွတ်ပြီး ခေါင်းကိုပွတ်တယ်။ ပြီးတော့ ပြန်ဆောင်းတယ်လေ။ ဦးထုပ်ကိုတော့ ဘယ်နား နာသွားသေးလဲ မကြည့်ဖြစ်ကြဘူး မဟုတ်လား။ ခဏဆိုပြီး ချွတ်ထားမိရင်လဲ မေ့ကျန်ဖို့ ဖြစ်နိုင်တယ်လေ။ ဦးထုပ်မပါတဲ့ လူဆိုပြီး ဘယ်သူမှ ၀ိုင်းမကြည့်ပါဘူး။ ပြန်လာတယ်။ ကံကောင်းလို့ ပြန်ပါလာတယ်။ ချိတ်မှာ ချိတ်ထားလိုက်တယ်……။
(အနော်ကတော့ ဦးထုပ်တောင် ခေါင်းနဲ့နည်းနည်းချောင်နေလို့ သိပ်မဆောင်းဘူး ဟီးးး)
ဒါက အားလုံးသိပြီး ဖြစ်မှာပါ။ ပြောချင်တာက အခုမှစမှာ။ ဒါကတော့ ကောင်မလေးတွေ အကြောင်းလေ…… ကောင်မလေးတွေ အများစုက ဦးထုပ်ပဲ ဖြစ်ချင်တယ်၊ ဖိနပ်တော့ မဖြစ်ချင်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ ဦးထုပ်ဆိုတာနဲ့ ခေါင်းပေါ်မှာ နေရတာကိုပဲ တွေးတယ်။ ဂရုစိုက် မခံရတာကို မတွေးဘူး။ ခေါင်းပေါ်မှာ ဆောင်းထားတာ ခံရတော့ မြင့်မားနေတယ်လို့ပဲ ထင်ကြတယ်။ နေပူခံရတာကိုတော့ သတိမထားမိဘူး။ အလှအပ အဆင်တန်ဆာ တစ်ခုလို့ပဲ တွက်တယ်။
(ကောင်မလေးတွေဟာ သူတို့ရဲ့ကောင်လေးတွေ သူတို့ကို ဖူးဖူးမှုတ် ဂရုစိုက်မှ တကယ်ချစ်တယ်လို့ ထင်တတ်ကြတယ်)
ဒါဟာ“မရှိမဖြစ်တဲ့ လိုအပ်ချက် ” မဟုတ်ဘူး ဆိုတာ မစဉ်းစားမိဘူး။
ပြီးတော့ ဖိနပ်ကလေး ဆိုတာနဲ့လဲ အနင်းခံရတာကိုပဲ မြင်တယ်။ တယုတယနဲ့ ဂရုစိုက် ခံရတာကို မမြင်ဘူး။ နိမ့်ပါးတယ် ဆိုတာကိုပဲ တွေးတယ်။ ပွတ်လိုက် တိုက်လိုက်နဲ့ တသသ အလုပ်ခံနေရတာကို မတွေးဘူး။ ခြေထောက်အောက်က ပစ္စည်းတစ်ခုလို့ပဲ နားလည်တယ်။
“မရှိမဖြစ် လိုအပ်ချက်” ဆိုတာ နားမလည်ဘူး။ အဆိုးဆုံး ကတော့ မဖြစ်မနေမို့လို့ နင်းတာ မုန်းလို့နင်းတာ မဟုတ်ဘူး”ဆိုတာ နားမလည်တာပါပဲ။
(ဒါ့ကြောင့် ကောင်မလေးတွေရေ... ချစ်သူက ဂရုမစိုက်မိတိုင်း မယုယတိုင်း ကိုယ့်ကို သူမချစ်ပါဘူးလို့ မထင်ကြနဲ့တော့နော် ။ ကိုယ့်ကိုဂရုမစိုက်ပေမယ့် သူ့ရင်ထဲမှာ ကိုယ်အမြဲရှိနေဖို့က အရေးကြီးဆုံးမဟုတ်လား )
အဲဒီတော့ ကောင်လေးတွေက ဦးထုပ် ဖြစ်ချင်သူတွေကို ခေါင်းပေါ် တင်လိုက်ကြတယ်။ တင်ထားရုံဘဲ၊ ဂရုစိုက်စရာလည်း မလိုဘူးမဟုတ်လား…… ဒီလိုနဲ့ အဆင်တွေကို ပြေလို့၊ အပေးအယူတွေ တည့်လို့ပေါ့။ တစ်ခုလောက်တော့ တွေးကြည့်နော်…..
တကယ်လို့များ ကောင်လေးတွေဟာ ဦးထုပ်နဲ့ ဖိနပ်ထဲက တစ်ခုကိုပဲ ရနိုင်မယ်ဆိုရင်… ?
အဲ့ဒီအဖြေကတော့ ကောင်လေးတွေပဲ ဖြေပေးကြပါနော်..။
ခွဲခွာစကားဆိုညားပါနဲ့ 
လရောင်သန်းမှ လန်းရရှာတဲ့ ပဒုမ္မာနှလုံးသား
သူ့ရဲ့ တထောင့်တညပုံပြင်တွေကြားက
အနမ်းညရင်ခုန်သံအောက်မှာ
အလွမ်းတွေပျောက်ခဲ့ရတယ်...။
ချစ်သူရေ...
နွမ်းလျှတဲ့ နှလုံးသားတစုံ
အေးမြတဲ့ ရင်ခွင်ထက်မှာ
မှေးစက်ချင်ပြီကွယ်...။
မဝေးတော့တဲ့
နှစ်ယောက် တစ်အိပ်မက်ဘဝက
တို့ရဲ့ လက်တကမ်းအလို...
ရာသီပြက္ခဒိန်တွေကိုဖြတ်သန်း
နာရီလက်တံတွေကြား လျှောက်လှမ်းရင်း
မင်း...ငါ့ကိုအရမ်းချစ်ပါ...
သဝန်တိုတတ်တာကို အပြစ်မဆိုကြေး
မျက်တောင်တခတ်လေးတောင်
အပျောက်မခံနိုင်ပါဘူး...
မင်း..ကိုလေ
ခွဲသွားဖို့မပြောနဲ့
တွေးလိုက်ရုံနဲ့တောင်
မျက်ရည်ဝဲတယ်...။
ရှောင်နော်
စာကမရ ၀ိုင် သာချ ...
စိတ်လေတယ်နော်
beer ဆော် ...
အသည်းကကွဲ
wiskey ဆွဲ...
အပျင်းပြေသောက်
spy ဖောက်..
သောက်ပြီးရင်ဇိမ်
ဒီ Champain ..
ပိုက်ဆံကမွဲ ဘီအီးဆွဲ ..
စိတ်ညစ်လို့ထိုင်
ခေါင်ရည်ဆိုင်
ထိုလူများကိုရှောင်ရမည်။
Saturday, May 14, 2011
ငါ့အတွက်..
မရေရာတဲ့ လောကကြီးထဲ
အချစ်ဆိုတာကိုရှာဖွေမိတော့ 
မသေချာမှု့ တွေ ရဲ့ကြားမှာ
ရင်မောနေရသူကငါပါ..........
နင်ကတော့အတိတ်ဟောင်းကရင်ခုန်သံတွေကို
တမ်းတနေတုန်းပဲလား.......
မြင်နိုင်မရ်ဆိုရင်
ငါ့ရဲ့ ရင်ထဲခဏလောက်ဝင်ကြည့်ပေးလှည့်ပါ.......ချစ်သူမင်းပေးတဲ့ ဒဏ်ရာဆိုတာ
နှလုံးသားရဲ့ အတွင်းဆုံးနေရာအထိ
အမြစ်တွရ်နေပါတရ်...........
နင်မသိခဲ့ဘူး
နင့်ကိုသတိရလို့ မက်တဲ့အိမ်မက်
နိုးထချိန်အထိ
မျက်ရည်စက်လက်နဲ့ လေ
မျှော်လင့်မိပါတရ်
ပေးဆက်ချင်းသက်သက်ဆိုလည်း
ဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်
ထာဝစဉ်ပေးဆပ်နေပါမရ်ချစ်သူ.............
တရားရုံးတော်သို့ဦိးတိုက်လျှောက်ထားအပ်ပါသည်။
တရားသူကြီးမင်းခင်ဗျား................
သူမသည်...........................ကျွန်တော့်အားအမှန်တကယ်မချစ်ပါဘဲလျှက်
                                   ချစ်ပါသည်ဟုအကြိမ်ကြိမ်ခါခါ လှည့်ဖျားပြောဆိုခဲ့ပါသဖြင့် 
                                   ရာဇသတ်ကြီးပုဒ်မ(၄၂၀)လိမ်လည်မူအရလည်ကောင်း
သူမသည်...........................ကျွန်တော်အားအနိုင်ယူလိုသောကြောင့်
                                   စိတ်ကောက်ခြင်း..အမိန့်ပေးခြင်း..ဆူပူကြိမ်မောင်းခြင်း များပြုလုပ်ခဲ့ပါသဖြင့်
                                   ရာဇသတ်ကြီးပုဒ်မ(၃၄၉)နိုင်ထက်ပြုမူ့ အရလည်ကောင်း
ကျွန်တော်သည်.........................သူမအား အမှန်တကယ်ချစ်မိသည်ကို
                                   အခွင့်ကောင်းယူပြီးသူမသည်ကျွန်တော်အား
                                   မကြာခဏလမ်းခွဲမည်ဟုခြိမ်းခြောက်လေ့ရှိသောကြောင့်
                                   ကျွန်တော်မှာ သူမမုန်းသွားမည်ကို အစဉ်သဖြင့်စိုးရိမ်းပူုပန်နေရသဖြင့်
                                   ရာဇသတ်ကြီးပုဒ်မ(၃၅၀)စိတ်ညိုငြင်စေမူ့ အရလည်ကောင်း
သူမ၏.............................အရွဲ့တိုက်မူများ...သူမ၏အမဲ့များ..သူမ၏အထေ့အငေါ့များ
                                   သူမ၏မာန်မဲမူ့ များကြောင့် ကျွန်တော်၏နှလုံးသားသည်
                                    အတွင်းကြေကျေပြီးဒါဏ်ရာရစေပါသဖြင့်
                                   ရာဇသတ်ကြီးပုဒ်မ(၃၁၉)နာကျင်စေမူ့ အရလည်ကောင်း
နောက်ဆုံးတွင်.....................
                                    ကျွန်တော်၏ကိုယ်စိတ်နှစ်ပါးတွင် ဝေဒနာအလူးအလဲ
                                    ခံစားရပြီးနောက်တရိရိညှင်းပန်ခံရသလို   (သူမနဲ့ ဝေးရမှာဆိုးသဖြင့်)
                                  ရာဇသတ်ကြီးပုဒ်မ(၃၀၁)သေကြောင်းကြံစည်မူ့ အရလည်းကောင်း
ကျွန်တော်အားညှင်းပန်းနိုပ်စက်ခံနေရပါသဖြင့်---------------
                                  တရားသူကြိးမင်းမှ
                                  ထိရောက်စွာအရေးယူဆောင်ရွက်ပေးပါရန်
                                  တရားရုံးတော်သို့ဦိးတိုက်လျှောက်ထားအပ်ပါသည်။   
သစ္စာရှိကြေး
သစ်ရွက်လေး တရွက်ကြွေတာ
အပြစ်မဟုတ်ပေမယ့်
အချစ်ရက်ကလေး တရက် နောက်ကျတာကိုတော့
အပြစ်မြင်ချင်တယ် မေ.......
အရင်ကတည်းက တွေ့ခဲ့ကြရင်ကောင်းသား
အတွေ့နောက်ကျပေမယ့်
မောင့်..........နောက်မှာ နောက်တယောက်မရှိရင် ကျေနပ်တယ်........
မချစ်ခဲ့ရတဲ့ နေ့ ရက်တွေအတွက်
နှစ်ဆ တိုးလို့ချစ်ကြမယ်......
မောင့်ဘဝဟာ.....“မေ” ဆိုတာ......
ထာဝရ...ယုံ......
နှစ်ကိုယ်တူရှိနေချိန်လေးမှာ......
ဝေလည်းမွှေး..ကြွေလည်းမွှေး..ဘဝနဲ့
တို့နှစ်ယောက်........
“သစ္စာရှိကြေး”.........
မိုးစက်လေးတပွင့်ဝေတာ စာမဖွဲ့ လောက်ပေမဲ့
ကိုယ့်ရင်ထဲ မီးလိုတောက်တတ်တာ(သ၀န်တိုခြင်း) ကိုတော့
အချစ်သိစေချင်တယ် . . .
ဖူးစာရှင်မလေး " သခင့် " ကိုရှာချိန်
အချစ်စောရနက္ခတ်နဲ့  မောင်တယောက်
အဝေနောက်ကျခဲ့ပေမဲ့ 
အကြွေကောက်တဲ့လက်မဟုတ်လို့ 
ရှေ့ နောက်မှာ မင်းတယောက်တည်းဆိုတာ ယုံ .......
နှစ်အိပ်မက်မရှိတဲ့ နှစ်ယောက်တစ်အိပ်မက်မှာ
နှစ်ကိုယ်တူရှိနိုင်ဖို့ 
တို့ နှစ်ယောက်ရဲ့ မျှော်လင့်ခြင်းအုတ်မြစ်ကို
ခိုင်မြဲတဲ့လက်တစ်စုံနဲ့ လက်တွေ့ တည်ဆောက်မယ်........
တို့နှစ်ယောက်..........
“သစ္စာရှိကြေး”.......။
တိမ်လိုငါ..
အခိုးငွေ့ဖြစ်
ပေါ့ပါးမူ့နှင့်
ဖြည်းဖြည်းမြင့်တက်
ဝဠာကောင်းကင်
အများမြင်တဲ့
တိမ်လိပ်ဖြစ်သို့
အသွင်ပြောင်းရ ငါဘဝ...။
လေနှင်လွှင့်ပါး
လေကြောင့်သွင်ပြောင်း
အတည်မကျ
တိမ်လိပ်ဘဝကို
"အပြောင်းလဲမြန်တဲ့ မင်းပါ့လားလို့"
နုတ်ဖျားဆုတ်သက် 
မှတ်ချက်ကြ၏...။
တစ်နေ့ တချိန်....!
ငွေရည်စုဖွဲ့
မိုးစက်သွန်ပြောင်း
ငါ့ချစ်သောမြေ
မြန်မာပြည်သို့
မေတ္တာ ရွှေမိုး
ရွှာသွန်းလိုလဲ
လေနှင်ရာလွှင့်
လေနှင်သလိုမြောနေရတဲ့
                              ငါ့ဘဝပါလေ....။
ချစ်သောမေမေ
ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွှင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်းတိုးခဲ့တယ်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေက အမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။ လွန်ခဲ့သော ၂၀နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း ၂၀အတွင်း နိုင်ငံအစုံမှာ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ ip-ဖုန်းကဒ် လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏ အသံမှ တစ်နှစ်ထက်တစ်နှစ် အိုစာသွားခဲ့ သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကိုစိတ်မပူဖို့၊ နေရာတစ်ကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း၊ ထပ်တစ်လဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီး၊ တွေ့ချင်နေ ပြီဆိုတာကျွန်တော်သိလိုက်ပါသည်။
အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှအလုပ် ဘာမှမတွေးပဲ အမေ့အနားတွင်နေမည်။
ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက် သောအစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေရှုပ်နေခဲ့သည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
လေယာဉ်ပေါ်ကအဆင်း အမေနှင့်တွေ့သောအခါ ပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိသည်။ တစ်ကယ်တမ်း အမေနှင့် တွေ့သောအခါတွင် ကျွန်တော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့်တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံနှင့်မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီးဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော်မရျိတော့။ ဂွမ်းစောင်အစား သိုးမွေး စောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့၊ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်စကားကောင်းကောင်းမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လဲ လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်တစ်လဲလဲပြောနေတော့သသည်။ ထိုအကြောင်းများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းများ နှင့်ကျွန်တော်၏ ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက် ကျပြီ ဖြစ်ကြောင်း ပြောမေလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိတွေ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိသည်။ အမေချက်သောဟင်းထဲတွင် တစ် ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျင်လျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် အရင်ကနှင့်မတူတော့။ အိမ်တွင် မချက်စားပဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးသည်။ ငါမအိုသေးဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော် အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်စော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောက်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ် မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားစကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ် နေတတ်သည်။
ခွင့်တစ်လပြည့်ပြီး ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစ်စိုက် ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့် အတူတူ ဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျွန် တော်အသိ၊ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲသို့ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလဲအမေ ကျွန်တော့်ကို ပြပါလား" အမေတွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော် ချက်ခြင်းဖတ်ကြည့်လိုက်မိသည်။ "ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂-လပိုင်း ၆ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေး မှာ ........
"ငါအိုသွားသောအခါ"
ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင် ပြောရင်းငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုပြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန် မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ့အပြုံးတွေထဲက မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်း များကိုထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်ဘယ်နေရာရောက် ရောက် ကျွန်တော့်အပါး အမြဲမခွာတော့။
မြန်မာပြည်မှ အမေ့ကို ဒီဝတ္တုတိုလေးကိုရေးရင်း မျက်ရည်များဖြင့် သားကန်တော့လိုက်ပါတယ်....
Tuesday, May 10, 2011
မင်းမသိတဲ့ အချစ်
အလွမ်းတွေကို တောင်ပံတပ်
မင့်နေဘေးမှာ ပျံဝဲဖို့
ဆန္ဒကို အသက်သွင်း
မျော်လင့်ချက်နဲ့ခုတ်မောင်းလာတဲ့
          ရထားတစ်စင်း
မင့်ဆီကို အချိန်မှန် 
ဆိုက်ရောက်နေမိပါ၏...။
စွံအခဲ့တဲ့ စကားလုံး
ဒီအချိန်မှာ ခဏခဏသုံးလို့
မနမ်းဖြစ်တဲ့ပါးပြင်ကလေး
ဒီအချိန်မှာ အလွမ်းနဲ နမ်းလို့
မနွေးခဲ့တဲ့ ငါ့လက်တွေ
ကြင်နာသူ မင်းဖမ်းဆုပ်ဖို့
ဝေးကနေပဲ ကမ်းနေမိပါ၏...။
ဆုံစဉ်ခဏ သတ္တိကိုချောင့်မှာကပ်
သတိနဲ့အကြောက့်တရား
လွမ်းခဲ့တဲ့ငါ့ကိုယ်အား 
မုန်းမိကာ  သူ့ကိုတအား
ချစ်မိကာ  အလွမ်းပိုပါသည်
ကုဋေတစ်သိန်း
ရွှေ တစ်သိန်းနှင့် 
နှိုင်းရပါလျင်
သူကသာလျက်ပင်
ကြော့ ရှင်းခန္ဒ္ဓာ
ရှည်ဆံကေသာ
နက်မှောင်ပိတုန်း
ညှို့ မျက်လုံးနှင့် 
အပြုံးဝေဆာ
မာယာမရှိ
ပွင့် လင်းလှသည်
နှလုံးထဲ မှ ဧကရီ။
Sunday, May 1, 2011
သတိရမိဆုံးက မင်း
 သတိရမိဆုံးကနင်ပါ
 မတူညိတဲ့ ဘ၀ကိုပိုင်ဆိုင်ထားတဲ့သူပါ
 ချစ်တယ်ဆိုတဲ့ အဲဒီစကားလေးကို
 ကိုယ့်ချစ်သူဆီကနေ...
 လူတိုင်းကြားချင်ကြတာချည်းပါပဲ.
 အဲလို့မကြားနိုင်တော့ဘူးလာ
 ကိုယ်ချစ်နေတဲ့သူဆိကနေလေချစ်နေရတာနဲ့တင်
 ကိုယ်နှလုံးသားက ရောင့်ရဲနေခဲ့တာပါ
 မလာမှန်းသိပေမယ့် စောင့်နေရတာနဲ့
 ငါ့နှလုံးသားက ကျေနပ်နေတာပါအခုတော့
 ငါနင့်ကိုချစ်ခွင့်ရှိသေးလား
 နင့်ကိုအရမ်းချစ်နေမိလို့ နင့်ကိုအရမ်းမုန်းတယ်
 ဆိုင်သူရှိပြီးသောလူကို မချစ်သင့်တော့တာကိုသိနေတဲ့
 အသိစိတ်ကငါ့ကိုနှိပ်စက်နေတယ်
 ဘယ်သူမှမသိအောင်နင်မသိအောင်..
 ငါနင့်ကို ဆက်ချစ်နေချင်တယ်
 ဆက်ချစ်ခွင့်ရှိရဲ့လား.မပိုင်ဆိုင်ရရင်နေပါ
 သူ..မသိရင်နေပါစေ.ဘယ်သူမှမသိပဲ
ဲဆက်ချစ်ခွင့်လေးတော့ရှိချင်နေမိတယ်......
မာယာ
ချစ်သူ.....မင်း၇ဲ့ မာယာအောက်မှာ
            မလိုက်ဖက်တဲ့ အဟာရကို
            စားသုံးပြီး အားလုံးကို
            အရှုံးပေးခြင်တဲ့  ငါ့ စိတ်ကူး
            ငါကိုယ်တိုင်ဒီနွံထဲကို
            တိုးဝင်မိသူ..........
            ကံကောင်းစွာနဲ့  အသက်ရှူခွင့် ရပေမယ့် 
            ငါ့ နှလုံးသားကတော့ အောက်ဆီဂျင် ပျက်သုန်း
            ဘ၀ဆုံးရတော့ မယ့်အဖြစ်ပါ .........
ချစ်သူ.....ပထမဆုံးပွဲမှာတော့ ရိုးသားစွာနဲ့ ရှုံးနိမ့် လိုက်တာ
           နောက်ပွဲမှာတော့  ကံမကောင်းနိုင်တော့ ပါဘူး
           ငါ လေ့ ကျင့် ရက်နည်းလို့ ထင်တယ်
ချစ်သူ.....အချစ်ဆိုတာ ဘာလဲလို့ မမေးလိုက်ခင်
            မင်းရဲ့ အဖြေကငါ့ အတွက် ကာရန်မညီခဲ့ တာတော့ သေချာတယ်
ချစ်သူ.....တကယ်တော့  ငါ့ အတွက်မင်းက လေးနက်သူ
            မင်းကငါ့ အတွက်နိုးကြွစေသူ
            ဘ၀မှာခွင့် လွတ်ခြင်းဆိုတာ မရှိပေမယ့် 
            ချွင်းချက် အနေနဲ့ မင်းတယောက်ကို
            အနိုင်မယူအရှုံးပေးခြင်တာငါ့ ဆန္ဒပါ...........ချစ်သူ
အချစ်ကအလွမ်းသက်သက်လား
အညာချစ်သူက မာယာအကူအင်အားသုံး
နှလုံးသားကိုအာဏါသိမ်းပြီးကာမှ
စိမ်းကားသွားလေပြီ.......ယိမ်းပါးကစားလေပြီ..............
စေတနာမဲ့မချစ်တော့မှ
ဝေဒနာမြစ်ကလည်း သမုဒ္ဒရာလိုဖြစ်လိုဖြစ်..........
ဒုက္ခစင်ကြယ်ကလည်း မိုးကောင်ကင်လိုဖြစ်လိုဖြစ်....
အလွမ်းကမ္ဘာကလည်း စကြာင်္ဝဌာဖြစ်လိုဖြစ်............
အပျော်ဘုံနန်းကလည်း သုသာန်မြေဖြစ်လိုဖြစ်..........
နှလုံးသားအနွမ်းကလည်း
အကြွေပန်းဖြစ်လိုဖြစ်.............
သံသရာတလျှောက်လုံး
အပြန်တစ်ရာနှောက်အုံးမယ့်
အမုန်းတရားရဲ့ဝေဒနာလေးတွေကြားမှာ
အရူံးသမားလေးတစ်ယောက်ထဲ
အဖေါ်လဲဝေးပြီ။
အပျော်လဲဆွေးပြီ။
ပိုင်ဆိုင်မူ
မင်းမချစ်နိုင်ရင်လဲအဝေးကကြည့် နေရုံပဲပေါ့ 
ငါကိုချစ်ပါလို့ပြောခွင့် မှမရှိတာ.........
မင်းမုန်းရင်လည်းအဝေးကချစ်နေရုံပဲပေါ့ 
ငါ့ ကိုမုန်းပါလို့တားခွင့် မှမရှိတာ..........
မင်းသတိမရရင်လည်းအဝေးကတမ်းတနေရုံပဲပေါ့ 
ငါ့ ကိုသတိရပါလို့ပြောခွင့်မှမရှိတာ.........
ငါ့ ကိုဂရုမစိုက် လျှစ်လျူရှု့ ထားရင်လည်းအဝေးကတောင်းတနေရုံပဲပေါ့ 
ငါ့ကိုလျှစ်လျူရှု့ပါလို့တောင်းဆိုခွင့်မှမရှိတာ............
ချစ်ခြင်းတခုမှာပိုင်ဆိုင်ခြင်းတွေရှိနေမယ်ဆိုတာ
ငါယုံကြည်တယ်လေ .........
တရားဝင်ပိုင်ဆိုင်ခွင့် မရှိတောင်
ငါ့ ရဲ့စိတ်ကူးတစ်ခုမှာ
ငါဟာမင်းရဲ့ချစ်သူဖြစ်ခွင့် ရှိလေရဲ့ ..........
အဲ့ ဒိမှာအမုန်းမရှိဘူး
လွမ်းချင်းတော့ရှိမှာပေါ့
မင်းမှမရှိတာလေ................
မျှော်လင့်ချက်
မရေရာတဲ့ လောကကြီးထဲ
အချစ်ဆိုတာကိုရှာဖွေမိတော့ 
မသေချာမှု့တွေ ရဲ့ကြားမှာ
ရင်မောနေရသူကငါပါ..........
နင်ကတော့အတိတ်ဟောင်းကရင်ခုန်သံတွေကို
တမ်းတနေတုန်းပဲလား.......
မြင်နိုင်မယ်ဆိုရင်
ငါ့ရဲ့ ရင်ထဲခဏလောက်ဝင်ကြည့် လှည့်ပါချစ်သူပေးတဲ့ ဒဏ်ရာဆိုတာ
နှလုံးသားရဲ့ အတွင်းဆုံးနေရာအထိ
အမြစ်တွယ်တက်ပါတယ်...........
နင်မသိခဲ့ဘူး
နင့်ကိုသတိရလို့မက်တဲ့အိမ်မက်
နိုးထချိန်အထိ
မျက်ရည်စက်လက်နဲ့ လေ
မျှော်လင့် မိပါတယ်
နင့် ရဲ့ အချစ်တွေ
ငါ့အတွက်သီးသန့်ဖြစ်လာမယ်တစ်နေ့ကိုပေါ့
အဆုံးမဲ့တဲ့ ငါ့ ရဲ့ အချစ်တွေက
ပေးဆပ်ချင်းသက်သက်ဆိုလည်း
ဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်
ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူ.............
မြင်လှည့်ပါ
မမျှော့်လင့်ဘူး....နင်ရက်စက်လိမ့်မယ်လို့လေ..
ဒါပေမယ့်..
ငါ..မှားခဲ့ပြီလေ...
ငါ့ယုံကြည်မှုတွေကို ..
နင်..အလွဲသုံးစားလုပ်လိုက်ပြီနော်...
ရင်တွေကွဲနေပြီ...
ဘာလုပ်ရမလဲဆိုတာ...
ငါကိုယ်တိုင်တောင် မသိတော့ဘူး
နင့်ကို သိပ်ချစ်လို့....
ငါရူး သွပ်နေခဲ့မိတယ်..
ဒါတွေကို..နင်သိကောင်းသိနိုင်ရဲ့...
ခုတော့လဲ....
ငါတစ်ယောက်တည်း..အဝေးမှာ
နင့်ကို လွမ်းနေမိတယ်..
ဒါတွေကို နင်သိနိုင်မလားကွယ်..?
စိတ်......စိတ်......စိတ်ပါကွရ်......
မိမိစိတ်ကူးထဲကပုံရိပ်ကို
တားဆီးနိုင်သူမည်သူမှမရှိ။
ကိုယ်တိုင်ပင်တားဆီးချင်သော်လည်း
မသိစိတ်ကအလိုလို
ပေါ်လာတာမျိုးဖြစ်တက်၏။
တခါတရံမျက်နှာကိုပင်မမြင်ရ။
သို့သော်သူမှန်းသိသည်။
တခါတရံတွင်လည်း
အကောင်အထည်ကိုလုံးဝပုံဖော်မရ။
သို့သော်သူရှိနေမှန်းတော့သိနေသည်။
တခါတရံတွင်လက်တွေ့ဘ၀မှာ၏
လုံးဝလက်ခံလို့မရ။
သို့သော်စိတ်ကူးထဲမှာတော့
အလိုလိုရှိနေသည်။
မည်သို့သောအကြောင်အရာက
စိတ်ကိုပိုင်စိုးနိုင်မည်နည်း?။
မကောင်းမှန်းသိလျက်နှင့်
သတိရနေတက်ခြင်းကလည်း
လူ၏စိတ်ပင်။
ပျော်ရွှင်တဲ့စိတ်
တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ
ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို
ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။
လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင်
ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို
နတ်သားရှုရှိုက်လိုက်မိတယ်။
နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့
ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့
ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက
သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က
နတ်သားဆီကို လွင့်လာခဲ့တယ်။
တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက
ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊
လှပတဲ့ဇနီးတစ်ဦးကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ
မပျော်ခဲ့ဘူး။
ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့
ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။
ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။
"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့
"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။
ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ"
ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။
ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊
သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး
နတ်သားထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ
နတ်သားပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ
လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို
အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။
လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက
ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။
ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....
အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့
နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို
ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊
လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။ တကယ်တော့
ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ်။
ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ
အရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ
ပျော်ရွှင်ခြင်းပဲ
အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက်
ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ
မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။
ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။
သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?
ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို
ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့
ဝင်ရောက်နိုင်ပါစေ...
ဇာတ်ဆရာ..........၂
တကယ်ဆို
ဇာတ်ဝင်ခန်းအစမှာကတည်းကိုက
နားထင်ကိုသေနတ်နဲ့ထောက်
ရဲရဲတောက်သတ်သေပစ်လိုက်တဲ့အခန်းနဲ့စခဲ့သင့်တယ်။
ခုတော့ ………
ကတိကဝတ်မပါသောငရဲများစွာနဲ့ခင်းကျင်းနေထိုင်
မျက်ရည်မဲ့နာကျင်သွေ့ခြောက်အက်ကွဲ
ဇာတ်ဆရာငနဲကလည်း မိန့်မိန့်ကြီးထိုင်လို့
ငါတို့က သူ့ရှေ့စစ်တုရင်ခုံပေါ်က
နယ်ရုပ်ကလေးတွေမို့လို့လား
သွားစမ်းပါ…………….
သေရာပါအမာရွတ်တွေပြန်ပြန်စမ်း
သေပြီးရင်းသေနေရတဲ့အခန်းတွေ
ရပ်တန်းကရပ်သင့်နေပြီ။
ငရမန်ကန်း
ဥဒုမ္မရဒေဝီ
ယုဒရဲ့အနမ်း
အင်ကြင်းပန်းတွေနဲ့စူဠသုဘဒ္ဒါ
ရာဇဝင်တွေပြန်ပြန်လှည့်လာဆဲ
မွဲပြာပုဆိုးတွေလည်း စုတ်ပြဲလို့။
မမြင်ရသောသွေးစက်တွေကညှီတယ်
နံနက်ခင်းအသစ်စက်စက်တွေက မီးခိုးတလူလူနဲ့
ဘယ်သူဟာကယ်တင်ရှင်မှန်းမသိနိုင်တဲ့ဇာတ်
ဝါဝါလက်*တွေလိုအဆက်မပြတ်ငိုကြွေးနေရမှာတဲ့လား။
ဒီမှာ ဇာတ်ဆရာ
ခင်ဗျားသဘောတူညီမှုမပါလည်း
လက်ထဲမှာ သေနတ်တစ်လက်ရှိနေခဲ့ပြီဆိုပါတော့..
ကိုယ့်ကိုယ်ကို ရုပ်သိမ်းငြိမ်းမှုတ်
နိဂုံးချုပ်ပစ်လိုက်ရမှာ
ရယ်စရာတော့မကောင်းမှာသေချာတယ်...
ပြည်တော်လွန်အလွမ်း
တစ်မြို့တစ်ရွာမှာ မင်းရယ်သံတွေ လမ်းလျှောက်ဖို့ .......
တစ်မြို့တစ်ရွာမှာ ငါအလွမ်းတွေ
တောက်ပပေးထားရ။
မင်းရနံနဲ့ အစွဲမကျွတ်တော့တဲ့ စိတ်ကလဲ.....
အိပ်မရတဲ့ညတွေမှာ မတိတ်ဆိတ်တတ်တော့ဘူး။
ပြဒါးတစ်လမ်း သံတစ်လမ်း မဟုတ်ပေမယ့်......
ရထားသံလမ်းလို တို့နှစ်ယောက်ရဲ့ ဘ၀တွေမှာ
မင်းကလဲ စိန်ပန်းလို ရဲရဲနီလို့
ငါကလဲ ခရေလို ဖွဲဖွဲကြွေလို့။
ဝေးကွာသွားကြဖို့ ဘယ်တုန်းကမှ မမက်တဲ့ အိပ်မက်ကလည်း
အခုအသက်ဝင်ပြီ။
တစ်ခေါက်သွား တစ်ခေါက်ပြန် မင်းခရီးစဉ်တွေမှာ
အခေါက်တိုင်း လွမ်းမီးတောက်ခဲ့ ငါ့တောအုပ်လေး....
အခုဆိုနွေးထွေးစွာ အရိပ်ခိုသူ ကင်းမဲ့လို့
သတင်းမရနိုင်တဲ့ မင်းဥယာဉ်မှာ
ဘယ်လိုပန်းပင်တွေ ရှင်သန်နေမလဲ ငါမမြင်နိုင်သလို
သံဇဉ်မလှတော့တဲ့ ငါ့ဂီတမှာ ငါ့နာကျင်ချင်းတွေကိုလဲ
မင်းမြင်မယ်မထင်ခဲ့။
ဘာဖြစ်ဖြစ်
ဖြတ်သွားဖြတ်လာ မင်းလျှောက်နေကျ လမ်းကြားလေးလို
အဝေးက ငါ့ကို တစ်ခါတစ်ရံမှာ
သတိရပေးပါ။.....။
အထီးကျန်အလွမ်း
မိုးတွေရွာလည်း......ချစ်နေတယ်
နွေနေပူနေလည်း........ချစ်တယ်
နှင်းတွေကျဆင်းနေလည်း.....ချစ်နေပါတယ်
ဘယ်ဘ၀.....ဘယ်ရာသီ
ဘယ်နေရာတွေပဲရောက်ရောက်..........
ငါ့ရင်ထဲတိတ်တခိုးလွမ်းဆွေးနေတာ........
ဖော်ပြခဲ့ရသော်လည်းလွမ်းနေဆဲပါ
ခံစားချက်တွေကိုဖော်ပြခွင့်ရခဲ့လို့ပိုလွမ်းနေမိ..........
လွမ်းရင်းနဲ့ဝေးနေတဲ့ဘ၀တွေကို........
နာကျည်းချက်တွေအကြိမ်ကြိမ်ချပြီ.........
ငါလေ......ဆက်လွမ်းနေမိခဲ့တယ်..........
အလွမ်းရဲ့ ဆု
ကုန်ခဲလှတဲ့အချိန်တွေရယ်.......
နှောင်းတမြည့်မြည့်...အောက်မေ့ နေမိ......
ငါ......အဝေးတစ်နေရာက
ဖော်ပြလို့မရတဲ့အလွမ်းဝေဒနာတွေ
နှေးလွန်းလှတဲ့.....နေ့ ရက်တွေ..
အလှမ်းဝေးလို့အလွမ်းဘက်ကို...........
ကူးခတ်ရင်းမျောနေပါပြီ............
နစ်မွန်းရတော့မှာလား..........
ဝေးလွန်းလှတဲ့...နှစ်လတွေရယ်.......
ကဗျာတွေနဲ့ကာရန်တွေထက်.........
အလွမ်းဇာတ်ကို..မနိုင်ထမ်းပိုး
ဒီအဖြစ်မျိုးလောက်..........ခံခက်ခဲလှ....
ငါ့ဘ၀ဘယ်တော့များမှ
ပျော်စရာတွေရှိနိုင်မှာလဲလေ............
ချစ်တဲ့ မောင်
လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသသည့်နောက် သူနေရမည့်
အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါ
ဝမ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့်
email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။
မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော
မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော
email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။
အမေဖွင့်ထားသော email မှာ
သို့
အချစ်ကလေး
အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှြိေ ကာင်း
နေ့စွဲ။ ၅ သြဂုတ် ၂၀၀၈
အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို
ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ
ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့
အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။
မနက်ဖြန်တွေ့ကြရအောင်နော်
ချစ်တဲ့
မောင်
မိန်းမရိုင်း သို့  အလွမ်း.......
အိုချစ်သူ………..ကျွန်ုပ်တုန်နေအောင်ချစ်ရပါသောချစ်သူ
သင်သည် ရုပ်ဆိုး၏၊။
အသားလည်းညို၏။
အရပ်လည်းပု၏။
သို့ ပါသော်လည်း……….ငါချစ်၏။
အိုချစ်သူ………….ကျွန်ုပ်အသည်းနင့်အောင်ချစ်ရပါသောချစ်သူ
သင်သည် လွဲမှားသောအတွေးအခေါ်ရှိ၏။
ငွေတစ်မျက်နှာသာအားကိုး၏။
သိမ်ငယ်တတ်သောစိတ်ရှိ၏
ဘ၀ ကိုရင်မဆိုင်ဘဲနေ၏။
သို့ ပါသော်လည်း……..ငါသင်ကိုခွင့်လွတ်စွာချစ်၏။
အိုချစ်သူ………ကျွန်ုပ်အိပ်မပျော်အောင်ချစ်ရပါသောချစ်သူ
သင်သည်မာနကြီး၏
ဘ၀င်မြင့်၏
စိတ်ဆိုးစိတ်ကောက်လွယ်၏
သို့ ပါသော်လည်း…………ငါသင်ကိုနားလည်စွာချစ်၏။
အိုချစ်သူ…….ကျွန်ပ်၏ရင်ကိုလှိုက်ဖိုစေသောချစ်သူ
သင်သည်အလှအပကိုခုံမင်၏
အ၀တ်အစားမက်၏
အစားအသောက်တွင်ဇီဇာကြောင်၏
သို့ ပါသော်လည်း…..ငါသင့်ကိုရူးမိုက်စွာချစ်၏။
အိုချစ်သူ…….ကျွန်ုပ်၏စိတ်ကိုညစ်နွမ်းစေသောချစ်သူ
သင်သည်အသုံးအဖြုန်း ကြီး၏
အရှာအဖွေနည်း၏
ဥာဏ်ပညာနည်းပါး၏။
သို့ ပါသော်လည်း……….ငါသင့်ကိုပြောမပြတတ်အောင်ချစ်၏။
အိုချစ်သူ…..ကျွန်ုပ်သင့်အား ပိုးပန်းစကားပြောမှာစိုးရိမ်သောချစ်သူ
သင်သည်ကျွန်ုပ်အား တက်နိုင်သလောက်ရှောင်၏
အရွဲ့ တိုက်၏
ကျွန်ုပ်ပြောသမျှကိုမနာခံဘဲ ရှိ၏။
အိုချစ်သူ….ကျွန်ုပ်(သို့ မဟုတ်)တစုံတခုအား မပြုလုပ်မိရန်ထိန်းနေရသောချစ်သူ
ကျွန်ုပ် မွေးနေ့ စားသောက်ဆိုင်တခုတွင်
သင်နှင့်ကျွန်ုပ် မထင်မှတ်ပဲတွဲထိုင်မိ၏
သင်သည်ကျွန်ုပ်အား အထင်လွဲ၏
အမုန်းမီး တောက်၏။
သို့ ပါသော်လည်း ……….ငါအကျွန်ုပ်သည် သင့်အားနားမလည်စွာဖြင့် ချစ်၏။
အိုချစ်သူ…. ကျွန်ုပ်အားမျက်မာန်ပွားနေသော ချစ်သူ
တနေ့ သင် နှင့်ကျွန်ုပ်
လမ်းတွင် မထင်မှတ်ပဲတွေ့ ဆုံမိ၏
သင်သည်ငါ့အားမြင်သော်လည်း… မမြင်ချင်ဟန်ဆောင်သွား၏
နှုတ်ဆက်သော်လည်း မကြားချင်ဟန်ဆောင်သွား၏။
သင့် စိတ်ခံစားချက်အတိုင်း မျက်မှောင်ကြုတ်သွား၏။
သို့ ပါသော်လည်း……ငါသည်သင့် အားဒေါသမာန်မာန တို့ ဖြင့် ချစ်၏။
အိုချစ်သူ……သင့် နှင်ငါတို့ ၏ ကံသည်ကာ
ကှ်ျ သို့ အတိုင်းရှိလေသည်
အနာဂါတ်တွင် ဘာဖြစ်မည်ကို သင်ရောငါပါ
မသိလေတကား………….အိုချစ်သူ။။
အချစ် နှင့် ဆား
ပုံပြင်တစ်ပုဒ်မှာ ဘုရင်တစ်ပါးဟာ လောကမှာရှိတဲ့ အစားအစာတွေရဲ့အရသာကို မြည်းစမ်းကြည့်ပြီးနောက် ဘယ်အစားအစာက အရသာအရှိဆုံးလဲလို့ မှူးမတ်တွေကို ရုတ်တရက်မေးမြန်းလိုက်တယ်။ မှူးမတ်တွေဟာ ဘုရင်စိတ်ကျေနပ်လောက်တဲ့ အဖြေမျိုးကို မပေးနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့ ဘုရင်ဟာ အရသာအရှိဆုံးအရာကို ရှာတွေ့နိုင်ဖို့ တိုင်းသူပြည်သားတွေထဲ လှည့်လည်မေးမြန်းခဲ့တယ်။ နောက်ဆုံးမှာ ဘုရင်ဟာ ပညာရှိတစ်ဦးနဲ့တွေ့ဆုံပြီး ပညာရှိက လောကမှာ အရသာအရှိဆုံးအရာဟာ "ဆား" ဖြစ်ပါတယ်လို့ ဖြေခဲ့တယ်။ ဆားမပါရင် ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့ အစားအစာပဲဖြစ်ဖြစ် အရသာမရှိပါဘူးလို့ ဆိုပါတယ်။
အချစ်ဆိုတာကလည်း ဆားနဲ့တူပါတယ်။ အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းတွေဟာ ဆားနဲ့တူပါတယ်။
ချက်ပြုတ်ရမှာ ဆားဟာ အရေးပါဆုံးဖြစ်တယ်။ ချို၊ ချဉ်၊ ငန်၊ စပ် အရသာတွေမှာ ဆားမပါလို့ မဖြစ်သလို အချစ်မရှိတဲ့ဘဝဟာလည်း အရသာမဲ့ပါတယ်။ ဆားမှာပါတဲ့ ဆိုဒီယံဂရိုရိုဒ်ဓာတ်ဟာ လူ့ခန္ဓာကိုယ်ကို ကျန်းမာစေပြီး နေ့စဉ်အနည်းငယ်ဆီ လိုအပ်တဲ့အရာဖြစ်တယ်။ ဆားဓာတ်ဟာ ခန္ဓာကိုယ်ကို ပြည့်ဝတဲ့အင်အားတွေ ဖြည့်ပေးပြီး ကျွန်တော်တို့ခန္ဓာကိုယ်တွင်းက ရေနဲ့သွေးကို ညီမျှအောင် ညှိပေးပါတယ်။
အချစ်ဆိုတာ ကျွန်တော်တို့လိုအပ်တဲ့ နောက်ထပ်ဆားတစ်မျိုးဖြစ်တယ်။ အချစ်ဟာ ကျွန်တော်တို့ကို အင်အားဖြစ်စေတယ်။ ကျွန်တော်တို့ရဲ့ စိတ်နှလုံး၊ ခန္ဓာကိုယ်ကို လှုပ်ရှားပျော်ရွှင်စေပါတယ်။ တကယ်လို့ ကိုယ်တွင်းမှာ ဆိုဒီယံဂရိုရိုဒ်ဓာတ်လျော့နည်းသွားရင် အစာစားလိုစိတ်မရှိ၊ ခြေလက်တွေ အင်အားမဲ့ပြီး ခေါင်းမူးအော့အန်တတ်တယ်။ သွေးခုန်နှုန်းလျော့နည်းတတ်ပါတယ်။ ဒါဟာ အသည်းကွဲချိန် ခံစားရတဲ့ဝေဒနာနဲ့ တူပါတယ်။
သာမန်ဟင်းချက်ဆားမှာ တခြားပစ္စည်းတစ်မျိုးဖြစ်တဲ့ အိုင်အိုဒင်းကို တင့်သင့်တဲ့ပမာဏနဲ့ ပေါင်းထည့်ထားပါတယ်။ အိုင်အိုဒင်းဟာလည်း လူ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့အရာဖြစ်တယ်။ သူ့ကို "ဉာဏ်ပညာလိုအပ်ချက်"လို့ တင်စားကြတယ်။ အိုင်အိုဒင်းဓာတ်လျော့နည်းရင် ဦးနှောက်ဖွံ့ဖြိုးမှုကို တုံ့နှေးစေပြီး လည်ပင်းကြီးနာရောဂါကို ဖြစ်ပွားစေပါတယ်။
တစ်ခါတလေ အချစ်ဟာလည်း လူကို မူးနောက်ရူးသွပ်စေပြီး အပြုအမှုကို ကြမ်းတမ်းစေပါတယ်။ ဒီလိုအချိန်မျိုးမှာ အချစ်ကြောင့် မရူးသွပ်အောင် အိုင်အိုဒင်းကို ကျွန်တော်တို့ လိုအပ်ပါတယ်။
နောက်အရာဝတ္ထုတစ်မျိုးက ဇင့်(Zn)ဖြစ်တယ်။ ဇင့်ဟာ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးတယ်။ လွန်ကဲတဲ့အချစ်ဟာ အဆိပ်တစ်မျိုးနဲ့တူပါတယ်။ လူအများဟာ အချစ်ကြောင့် အမုန်းတွေဖြစ်ခဲ့ရပြီး အချစ်ကြောင့် ကြေကွဲဝမ်းနည်းခဲ့ရတယ်။ အလွမ်းဇာတ်တွေဖြစ်ခဲ့တာဟာ ရောဂါကိုကာကွယ်တဲ့ဓာတ် မလုံလောက်ခဲ့လို့ဖြစ်တယ်။
ကျွန်တော်တို့ဟာ ဟင်းချက်ဆားထဲ ကယ်ဆီယံဓာတ်ကို ရောပါသေးတယ်။ ကယ်ဆီယံချိုတဲ့ရင် အရိုးပွရောဂါဖြစ်တတ်ပါတယ်။ ရူးသွပ်မိုက်မဲတဲ့ အချစ်မှာ ယောက်ျားတစ်ချို့ဟာ ယောက်ျားမပီသတော့တာ၊ မပိုင်နိုင် မပြတ်သားနိုင်တော့တာမျိုး တွေ့ရသလို မိန်းကလေးတစ်ချို့ဟာ သည်းမခံနိုင်တာ၊ မာနကြီးစိတ်ကြီးဝင်တာ၊ အထက်စီးဆန်တာ၊ ဟန်အမှုအရာပိုတာမျိုး ရှိတတ်ကြတယ်။ ဒါဟာ အချစ်ဆိုတဲ့ ဆားထဲမှာ ကယ်ဆီယံဓာတ်ချို့တဲ့နေလို့ဖြစ်တယ်။
အထက်က အရာဝတ္ထုတွေဟာ အချစ်ကို ထာဝရတည်မြဲဖို့၊ ကြာရှည်ခိုင်မာဖို့ မရှိမဖြစ် လိုအပ်တဲ့အရာတွေဖြစ်တယ်။
လူတိုင်းက ကိုယ့်ဘဝတစ်သက်မှာ ကြီးကျယ်မြင့်မြတ်တဲ့၊ ရာဇဝင်တင်လောက်တဲ့အချစ်မျိုးနဲ့ ဆုံဖို့ မျှော်လင့်ခဲ့ကြမယ်။ ဒါပေမယ့် ဒီလိုအချစ်မျိုးက တွေ့ကြုံလို့ရနိုင်တယ်။ တောင့်တရုံနဲ့တော့ မရနိုင်ဘူး။ တနည်းအားဖြင့်ပြောရရင် အချစ်အများစုဟာ ရိုးစင်းတဲ့ဘဝ၊ ဆင်းရဲဒုက္ခဒဏ်ကို မခံနိုင်ကြဘူး။ နောက်ဆုံးမှာ ချို၊ ချဉ်၊ ငန်၊ စပ်အရသာတွေပျောက်ပြီး ဆားပဲကျန်ခဲ့တော့တယ်။ ဆားရဲ့အပေါ့အငန်ကို ကိုယ်တိုင်ပဲသိတော့တယ်။ ဒါဟာ ဘဝထဲက ဆား၊ ဘဝထဲက အချစ်ဖြစ်တယ်။
ဆားဟာ ချက်ပြုတ်ရမှာ အသုံးဝင်သလို တခြားနေရာမှာလည်း အသုံးဝင်သေးတယ်။ ထင်းမီးထဲ ဆားအနည်းငယ်ဖြူးထည့်ရင် မီးတောက်တွေ ပိုပြင်းလာတတ်တယ်။ တကယ်လို့ ဘဝဟာ သိပ်ရိုးစင်းလွန်းတယ်ထင်ရင် ဆားအနည်းငယ် ဖြူးထည့်လိုက်ပါ။ အချစ်တစ်ခုက သင့်ဘဝကို စိတ်လှုပ်ရှားပျော်ရွှင်စရာတွေ ပေးကောင်းပေးနိုင်ပါလိမ့်မယ်။
တကယ်လို့ အိမ်ပတ်ဝန်းကျင်မှာ မြက်ရိုင်းတွေ ထူထပ်နေခဲ့ရင် ဆားဖြူးထည့်လိုက်ပါ။ ဆားတွေဟာ မြက်ရိုင်းတွေကို သေစေပါတယ်။ အချစ်ဆိုတာ စိတ်တသမတ်တည်းထားသလို တကိုယ်ကောင်းလည်းဆန်ပါတယ်။ စိတ်ရိုင်းတွေဟာ သင့်အချစ်ကို ဝါးမြိုသွားတတ်ပါတယ်။ အဲဒီအခါမှာ ဆားဖြူးဖို့ မမေ့ပါနဲ့။
ကြက်ဥပြုတ်ချိန်မှာ ဆားအနည်းငယ်ထည့်ပေးရင် ကြက်ဥခွံတွေ မကွဲတတ်တော့ပါဘူး။ အချစ်ဆိုတာလည်း ကြက်ဥခွံနဲ့တူပါတယ်။ ဂရုတစိုက်နဲ့ ကာကွယ်ပေးရပါတယ်။ အချစ်တွေ မကွဲအက်ဖို့ ဆားထည့်ဖို့ မမေ့ပါနဲ့။
ချောင်းတွေ မပြတ်ဆိုးပြီး အသက်ရှုရကြပ်ခဲ့ရင် ရေထဲဆားထည့်ပြီး ပလုတ်ကျင်းနိုင်ပါတယ်။ ထမင်းချက်ချိန် ဆားအနည်းငယ် ထည့်ချက်ရင် ထမင်းဟာပိုမွှေးပြီး ပိုနူးညံ့စေပါတယ်။ နေ့တိုင်း ကျွန်တော်တို့အတွက် ထမင်းချက်၊ အဝတ်လျှော်ပေးသူကို ကျွန်တော်တို့ပိုတန်ဖိုးထား မြတ်နိုးသင့်ပါတယ်။ ဒီလိုအသေးအမွှားလုပ်ရပ်တွေက ကျွန်တော်တို့ကို တည်ငြိမ်တဲ့ဘဝတွေ ပေးခဲ့ပါတယ်။ အချစ်ကို ပိုတာရှည်ခိုင်မြဲစေခဲ့ပါတယ်။
ဘဝမှာ ဆားမရှိရင် မဖြစ်သလို အချစ်ဆိုတာလည်း မရှိမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် လူအများက အချစ်ဟာ ပူပြင်းတယ်၊ အချစ်ဟာ လေမုန်တိုင်းဆန်တယ်လို့ မှားယွင်းယူဆတတ်ကြပါတယ်။ ဆားကို တစ်ကြိမ်တစ်ခါပဲ ကျွန်တော်တို့ လိုအပ်တာမျိုးမဟုတ်ပါဘူး။ နေ့တိုင်း နည်းနည်းဆီလိုအပ်ပါတယ်။ အချစ်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အချစ်ကို ဂရုတစိုက်ပြုစုပျိုးထောင်ပြီး ဖြေးဖြေးချင်း မှီဝဲသင့်ပါတယ်။ နေ့တိုင်း အချစ်နည်းနည်းစီ စုပ်ယူမှ အချစ်ဟာ မဖိတ်မယိုဘဲ နှလုံးသားအထဲထိ စိမ့်ဝင်နိုင်မှာဖြစ်တယ်။
တကယ်လို့ အသည်းကွဲပြီး အချစ်က သင့်နှလုံးသားကို ထိခိုက်စေခဲ့တာဟာ ဒဏ်ရာအနာပေါ် ဆားဖြူးထည့်တာနဲ့ အတူတူပါပဲ။ ဆားဟာ သင့်ဒဏ်ရာကို ပိုနာကျင်စေပါတယ်။ ဒါဟာ မထူးဆန်းပါဘူး။ နာကျင်မှုကို မခံစားရရင် အချစ်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုသိထားရမှာက ဆားဟာ သင့်အနာကို ပိုနာကျင်စေသလို သင့်အနာကိုလည်း အမြန်ကျက်စေပြီး သင့်ကို အသစ်တဖန် ပြန်စစေတဲ့ အခွင့်အရေးပေးပါတယ်။
ကျွန်တော်သိသောအချစ်ဆိုတာ
အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတာတွေ အများကြီးပါပဲ။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေကြတာလည်း အများကြီးပဲ။
ချဉ်းသီးနဲ့ဆား၊ အတူထားရင် နီးစပ်မူကြောင့် အရည်ပျော်သွားတယ်တဲ့။ ယောက်ျားလေးနဲ့ မိန်းကလေး အတူနေ အတူထားရင်လဲ နီးစပ်မူကြောင့် ချစ်မေတ္တာတွေ အရည်ပျော်သွားရောတဲ့။ ဖြစ်နိုင်တာပေါ့။ ဖြစ်ကြတာတွေလည်း အများကြီးပါ။
ဆန့်ကျင်ဘက်ကတော့ မြင်ဖန်များလို့ငယ်၊ နမ်းဖန်များတော့ ပြယ်တဲ့။
“ရွာဘုရား ရွာသားမရိုသေ”
“ရွာနားမြက် ရွာနွားမစား” ဆိုသလို…
နီးစပ်လွန်းလို့ အထင်မကြီး ရိုးသွားတယ် ငယ်သွားတယ်။ စိတ်မ၀င်စားဘူးတဲ့။ ဒါလဲ ဖြစ်နိုင်တာပဲ။ ဖြစ်နေကြတာလည်း အများကြီးပဲလေ။
“ချစ်ခြင်းအစ မျက်စိက”တဲ့ မျက်စိအမြင်အာရုံမှာ နှစ်သက်သဘောကျတာကအစ အချစ်ကို ဖြစ်စေတယ်တဲ့။ တချို့ဆိုရင် မြင်မြင်ချင်း၊ ချစ်တယ်ဆိုတာမျိုးတောင် ရှိသေးတယ်။
အဲဒီမျက်စိပဲ ချစ်ပြီဆိုတော့ ကန်းသွားပြန်ရောတဲ့။ ချစ်ပြီဆိုရင် ဘာမှမမြင်တော့ဘူး။ ကန်းသွားပြီ။ အသိအမြင်၊ ဆင်ခြင်တုံတရားအားလုံး ကန်းသွားတာကို ပြောတာပါ။
ချစ်လွန်းအားကြီးရင် မျက်စိထဲကကို မထွက်တော့ဘူးဆိုတာလည်း ရှိသေးတယ်။
တချို့ကတော့ အချစ်ဆိုတာ ခွင့်လွှတ်ခြင်းတဲ့။ ဒါကိုတော့ သဘောကျပါတယ်။ ချစ်ရင် အပြစ်မမြင်ဆိုတဲ့ စကားတောင် ရှိသေးတာပဲ။ ချစ်ရင် ခွင့်လွှတ်နိုင်တာပေါ့။ ဒါပေမဲ့ အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်း ဆိုတာတော့ သဘောမကျပါဘူး။ အဲဒီလို စွန့်လွှတ်တဲ့အတွက် ကိုယ်ရောကိုယ့်ချစ်သူပါ ၀မ်းနည်းကြေကွဲရတာတွေ အများကြီးပါပဲ။ သဘောထားကြီးတာလိုလိုနဲ့ မပြတ်သားတာတွေလည်း ရှိပါတယ်။
ကိုယ့်ချစ်သူ ကောင်းစားရေးအတွက် ကိုယ်အနစ်နာခံမယ်ဆိုပြီး အလွမ်းသမား လုပ်ချင်တဲ့ စတန့်တွေလည်းရှိတယ်။ အခက်အခဲတွေကို၊ သတ္တိရှိရှိရင်ဆိုင် ကျော်လွှားရမယ့် ဒုက္ခတွေကို မခံချင်တာတွေလည်း ပါမှာပေါ့။ ကိုယ်တကယ်ချစ်ရင် ကြိုးစားပြီးမှ ယူနိုင်မယ့် အခွင့်အလမ်း မျိုးလည်းရှိလို့ကတော့ ကြိုးစားရမှာပေါ့။ စွန့်စားရမှာပေါ့။ သူရောကိုယ်ပါ တစ်သက်လုံး ဆွေးနေရတာမျိုးတော့ အဖြစ်မခံသင့်ပါဘူး။
ကိုယ့်ချစ်သူကိုလည်း သူမချစ်သူရဲ့ ရင်ခွင်ထဲ ရက်ရက် ရောရော ထားပစ်ခဲ့တာမျိုး မလုပ်သင့်ပါဘူး။ အင်မတန် ရက်စက်ရာ ကျပါတယ်။
အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်း ဆိုတဲ့စကားလည်းရှိတာပဲ။ တကယ်ချစ်ရင်တော့ ကိုယ့်ချစ်သူကို ရယူပိုင်ဆိုင်ချင်ရမှာပေါ့။ ချစ်ပါတယ်ဆိုတဲ့ စကားကို အပြီးစလွယ် ထပ်ကာတလဲလဲ ပြောနေပြီး လက်တွေ့ အကောင်ထည်ဖော်ဖို့ကျတော့ သတ္တိမရှိ မစွမ်းဆောင်နိုင်သူဟာ အရည်အချင်းမရှိတဲ့ သူတစ်ယောက်ပဲဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ်ကပဲ ချစ်တယ်။ သူက ချစ်ချစ် မချစ်ချစ် ရယူပိုင်ဆိုင်ဖို့ ကြိုးစားတာမျိုးကျတော့ အတ္တလွန်ကဲတာပဲ။ သူက မချစ်ဘဲ ရယူရင်လည်း ပျော်စရာမကောင်းပါဘူး။
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စကားလည်းရှိတယ်။ လွဲမှားတဲ့ အတွေးအမြင်ပါပဲ။ မတရားတာမှန်သမျှ မကောင်းမူပါပဲ။ မကောင်းတဲ့အကြောင်းကို ပြုရင် မကောင်းတဲ့ အကျိုးဆက်ရမှာပဲ။
ငါတကောကော အတ္တလွန်ကဲတဲ့ အတွေးအမြင်ပါပဲ။ သူ့မယားလိုချင် သူ့လင်လှံနဲ့ထိုးဆိုတဲ့ စိတ်ထားမျိုးပါပဲ။ ဒဿဂီရိလို အချစ်ပေါ့။ သီတာဒေ၀ီမှာ ကာမပိုင် လင်ယောက်ျားရှိမှန်းလည်း သိတယ်။ သီတာဒေ၀ီကလည်း သူ့ကို မကြိုက်ဘူး။ အဲဒါကို နည်းအမျိုးမျိုးနဲ့ မဟုတ်မမှန်ကြံစည်ပြီး မရ ရအောင် ခိုးယူတယ်။
အချစ်သစ္စာရှင် သီတာဒေ၀ီက ဘယ်လိုမှ ဖြားယောင်းလို့ မရဘူး။ ချော့လို့လည်းမရ၊ ခြောက်လို့လည်းမရ။ မတရားကြံစည်တဲ့ အချစ်ဆိုး၊ အချစ်ယုတ်ကြောင့် ရာမမင်းသားရဲ့ မြှားချက်နဲ့ အသက်ထွက်ကရော။
အချစ်ဆိုတာ သန့်ရှင်းတယ်၊ ကြည်လင်တယ်၊ အေးမြတယ်၊ နူးညံ့တယ်၊ ကြည်နူးတယ်၊ ကျေနပ်တယ်၊ စွဲမက်တယ်၊ ကြမ်းကြမ်းတမ်းတမ်း မတရားကြံ မမှန်လုပ်လို့ ဘယ်ကောင်းပါ့မလဲ။ လှပတဲ့ အချစ်ကလး အရုပ်ဆိုး အကျည်းတန်သွားမှာပေါ့ကွယ်။ ကမ္ဘာပေါ်ရှိ ချစ်ကြသူတိုင်း ချစ်သူတိုင်း ချစ်တိုင်းညား၍ ညားတိုင်းချစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။