Sunday, May 1, 2011

ရင်မှာသာသော လ

လသာတဲ့ညတွေမှာဆို
ရေထဲမှာသာတဲ့လမင်းကိုတော့
မင်းလည်းတွေ့ဖူးမှာပေါ့...........။

ကောင်းကင်မှာသာတဲ့လနဲ့
ရေထဲမှာသာတဲ့လ
ဘယ်လကမင်းနဲ့ပိုနီးတယ်လို့ခံစားရလည်း။

ကောင်းကင်မှာသာတဲ့ လမင်းကတော့
မင်းဘယ်လိုပဲတွေးတွေး
ရေထဲကလမင်းလေးထက်တော့
မင်းနဲ့ပိုဝေးပါတယ်.........။

ဒါပေမယ့်ချစ်သူရယ်
မင်းနဲ့ဝေးချင်ဝေးပါစေ
ရေထဲကလမင်းလေးတော့ငါမဖြစ်ချင်ဘူး။

မင်းနဲ့ဝေးဝေးမှာနေရပေမယ့်
မင်းအတွက်အလင်းလေးပေးနိုင်တဲ့
ကောင်းကင်ကလမင်းလေးပဲငါဖြစ်ချင်ပါတယ်...........။

No comments:

Post a Comment