Sunday, May 1, 2011

မျှော်လင့်ချက်

မရေရာတဲ့ လောကကြီးထဲ
အချစ်ဆိုတာကိုရှာဖွေမိတော့ 
မသေချာမှု့တွေ ရဲ့ကြားမှာ
ရင်မောနေရသူကငါပါ..........
နင်ကတော့အတိတ်ဟောင်းကရင်ခုန်သံတွေကို
တမ်းတနေတုန်းပဲလား.......
မြင်နိုင်မယ်ဆိုရင်
ငါ့ရဲ့ ရင်ထဲခဏလောက်ဝင်ကြည့် လှည့်ပါချစ်သူပေးတဲ့ ဒဏ်ရာဆိုတာ
နှလုံးသားရဲ့ အတွင်းဆုံးနေရာအထိ
အမြစ်တွယ်တက်ပါတယ်...........
နင်မသိခဲ့ဘူး
နင့်ကိုသတိရလို့မက်တဲ့အိမ်မက်
နိုးထချိန်အထိ
မျက်ရည်စက်လက်နဲ့ လေ
မျှော်လင့် မိပါတယ်
နင့် ရဲ့ အချစ်တွေ
ငါ့အတွက်သီးသန့်ဖြစ်လာမယ်တစ်နေ့ကိုပေါ့
အဆုံးမဲ့တဲ့ ငါ့ ရဲ့ အချစ်တွေက
ပေးဆပ်ချင်းသက်သက်ဆိုလည်း
ဒဏ်ရာတွေကိုမမှုပါဘူး
နင်ပျော်ဖို့အတွက်
ထာဝစဉ်ပေးဆပ်နေပါမယ်ချစ်သူ.............

No comments:

Post a Comment