Sunday, May 1, 2011

အိပ်မက်မက်သူ

သတိရလွန်းလို့
တိမ်မြုပ်ပျောက်ကွယ်သွားတော့မယ့်
အိမ်မက်ခပ်ဝါးဝါးတွေကို
အလွမ်းခြင်းကြားနဲ့ငါ
ဆယ်ယူဖို့ကြိုးစားနေမိတာလည်း
မကြာခဏပါပဲ...............။

မင်းရဲ့နှလုံးသားထဲမှာ
ငါနေရာယူချင်မိတာလည်း
အချစ်ရဲ့တစ်ကိုယ်စာလေးပါပဲ
တစ်သက်စာပါမစ်နဲ့
ငြိမ်းချမ်းစွာနေထိုင်ခွင့်လေးရအောင်ပဲ
ငါကြိုးစားနေမိတာပါ........။

ကမ္ဘာကြီးသာ ရွာကြီးတစ်ရွာဆိုရင်တော့
လောလောဆယ် ကမ္ဘာ့ရွာကြီးထဲမှာ
ငါရွာလည်နေတယ်ချစ်သူ..........။
တစ်ခန်းရပ်ပြဇာတ်တွေကိုပဲ
ငါလေကပြနေရလွန်းတော့လည်း
မင်းပေးခဲ့တဲ့အိမ်မက်ရှည်လေးကိုပဲ
ငါ့မှာတမ်းတမ်းတတနဲ့ အိမ်မက်ထဲမှာပဲ
မနိုးတမ်းနေချင်နေမိတဲ့
အိပ်ပုပ်ကြီးတဲ့ ကောင်လေးတစ်ယောက်ဟာ
ငါပဲဆိုပါတော့..........။

No comments:

Post a Comment