Sunday, May 1, 2011

အဖြေမရှိသော မေးခွန်း

ဖျားလို့ရယ် နာမကျန်းကာမှ
ကြင်ဖော်ရယ် တစ်မြေစီဝေးနေတော့
ကိုယ်ကိုယ်တိုင်ခေါက်ဆွဲတောင် ထပြုပ်မစားနိုင်တဲ့
အခုလိုဒီအချိန်မျိုးမှာလေ ပိုပြီးတော့တမ်းတမိလိုက်တာ
ကိုယ့်ဘ၀ရဲ့ကြင်ဖော်လေးကိုလေ.............။

ကဲပါလေ ကိုယ့်ဘ၀နဲ့ကိုယ်ပေမို့
မနေ့ကကျန်နေတဲ့ ကိတ်မုန့်ခြောက်မာကျွတ်ကျွတ် လေးကို
မနက်ကတည်ထားတဲ့ ဒီရေနွေးအေးစက်စက်နဲ့ပဲ
ဆေးသောက်ဖို့ အစာခံအောင်လို့
ကိုယ့်အားကိုကိုယ်ကိုးပြီး
(မြန်မာလူမျိုးပီသအောင်)
ကိုယ်ထူးကိုယ်ထ ထပြီးတော့တီးရတော့မှာပဲ..........။

ဒီလိုနဲ့ဆေးသောက်ခါနီးမှ
လိုနေတယ်ဆေးတစ်မယ်ရယ်ကြောင့်
ဆေးရောင်းတဲ့ဈေးဆိုတဲ့ဆိုင်ကို
ထပြီးတော့ပြေးရဦးမှာပေါ့
မွေမေမေပေးထားတဲ့
ကိုယ့်ခြေထောက်ကိုယ်သုံးပြီးတော့လေ.......... ။
့်
ခေါင်းထဲမှာမူးနောက် အမြင်အာရုံတွေတိမ်းမှောက်လို့
မညီမညာ ကတ္တရာလို့မည်တဲ့လမ်းမှာ
တိုက်မိတဲ့ဒီခလုပ်ကလည်း
ခြေထောက်တောင် ပုတ်တော့မယ် ..........။

ခြေထောက်ကလေးတွဲ့ ယိုင်တိုင်တိုင်ဒီခြေလှမ်းတွေနဲ့
ကယိမ်းကယိုင်သာလျှောက်ကာနေနိုင်တယ်
ကားတစ်မှတ်တိုင်သာသာဝေးဆေးရောင်းတဲ့ဆိုင်ကလေးကိုလေ
တော်တော်နဲ့မရောက်နိုင်ပုံများ
ကိုယ့်ကိုယ်ကို ကမ္ဘာပါတ်နေသလားတောင်ထင်မိတယ်.........။

ဆေးသောက်လို့အပြီး ဆောင်ခြုံပြီးကွေးမယ်ဆိုတော့လည်း
ရက်စက်တဲ့ဆောင်းလေညှင်းရယ်က
တိုးဝှေ့ကာဝင်လာပြန်တယ်..........။
သြ...တွေးမိပြန်တယ်လေ ဒီအတွေးတွေက
ငါ့ချစ်သူသာငါ့နံဘေးမှာရှိရင်တော့ကွာ
သူငါ့ကိုနှစ်သိမ့်ပေး ဖတ်ပြီးတော့
အနွေးဓါတ်လေး သူပေးမှာပဲ.........။

ချစ်သူကဝေးကွာဆောင်းလေပြေဆော့သရမ်းတာကြောင့်
စောင်ခေါင်းမူးခြုံထားလည်း ခိုက်ခိုက်ကယ်တုန်နေဆဲမို့
ကဲမထူးပါဘူးလေဆိုပြီးထ အဲ့ဒီလို ဒုက္ခတွေထဲက
အမြတ်ကလေးရအောင်ဆိုပြီး ကိုယ့်ဘ၀နဲ့ကိုယ့်အကြောင်းကို
အိပ်မရမယ့်အတူတူ ကဗျာလေးတစ်ပုဒ်လောက်လုပ်ယူလိုက်ဦးမှလို့တွေး
တတ်သလောက်မှတ်သလောက် တစ်ထွာတစ်မိုက်ဥာဏ်လောက်ကလေးနဲ့ပဲ
ဒီကဗျာလေးကို ကိုယ်တတ်သလောက်လေးရေးလိုက်တယ်...........။

ကျွန်တော့ဘ၀ဒီဒုက္ခတွေကို
ကျွန်တော့လိုများ နောင်လာနောင်သား
နောက်လူများလည်း မကြုံရမဆုံရလေအောင်
ဒီရင်မှာပေါင်း စေသနာကောင်းတွေနဲ့
ဒီကမ္ဘာမှာ ချစ်သောသူအပေါင်း
နီးနိုင်ကြပါစေကြောင်း ဒီကဗျာလေးထဲကနေ
ထပ်လောင်းပြီးဆုတောင်း ပေးလိုက်ရပါသတည်း...................။

No comments:

Post a Comment