Friday, April 22, 2011

ဟိုးးးးးးးးးးးးးအဝေးအပေါ်က..............



မလွမ်းရဲပေမယ့်
စိတ်ကတားဆီးနေတာ
ထားခဲ့ရက်တဲ့ ချစ်သူအတွက်
မျက်ရည်ကတော့ အသံစုံပြီး
မျက်လုံးထဲကနေ
ရဲဝင့်စွာရင်ဆိုင်ဖို့
မီးပုံထဲ ခုန်ဆင်းသွားတယ်
နင်အဝေးထွက်သွားတဲ့ နေ့ကတည်းက
လေယာဉ်သံကြားတိုင်း ကောင်းကင်ကို
မော့ကြည့်ပြီး အံ့သြနေတဲ့ခလေးလို
မျက်နှာမှာ ကြည်နူးမှုတွေ
မပြည့်စုံဘဲ လေယာဉ်သံကို
ငါမုန်းသွားခဲ့ပြီ…….
ငါ့ရဲ့ အချစ်ကိုသယ်ဆောင်သွားတဲ့
နှလုံးသား ဈာပနကို
လိုက်ပို့ပေးတဲ့ စက်တပ်ယဉ်ကြီးလို့ဘဲ
ငါမြင်နေခဲ့ပြီ…….
ပြန်လာမယ်ဆိုရင်တောင်
ကောင်းကင်ကို ငါမော့မကြည့်တော့ဘူး
မျက်ရည်တွေမျက်လုံးထဲကို
ပြန်စီးဆင်းပြီး
မကောင်းပြောခဲ့တဲ့ စက်တပ်ယာဉ်ကြီးကို
အားနာလို့ လေယာဉ်ကွင်းအပြင်ကဘဲ
စောင့်နေတော့မယ် ချစ်သူရယ်

No comments:

Post a Comment