Saturday, April 30, 2011
ကျွန်တော်ထင်မြင်ချက်.....
ငရ်ငရ်တုန်းက..စာအုပ်တွေမှာဖတ်ဖူးပါတရ်..အချစ်ဆိုတဲ့ ဝေါဟာရကို..လူအမျိုးမျိုးက..သူတို့ တွေရဲ့ အတွေ့ အကြုံခံစားချက်အမျိုးမျိုးနဲ့ ..တင်ပြကြတယ်..ခံစားကြတယ်။ကျွန်တော်လဲလက်လှမ်းမှီသလောက်
သုံးသပ်ကြည့်ပါတရ်။တကပါရ်ပဲ..မိုင်တွေအများကြီးဝေးကွာနေကြတရ်..နောက်ပြီးဒီ internet
ဆိုတဲ့ ဒီအရာကြီးထဲမှာ..တစ်ခါမှမမြင်ဖူးတဲ့ ..လူတစ်ယောက်ကို..ဘာမှကိုအကြောင်းပြချက်မရှိ..အကြွင်း
မဲ့ချစ်ကြကြိုက်ကြတဲ့ ကျွန်တော်တို့ ဒီနေ့ ခေတ် IT ခေတ်ကြီးမှာဒီလိုမျိုး..အဖြစ်အပျက်ပေါင်းများစွာ..
ကလဲနေ့ စဉ်းဖြစ်ပျက်လို့ နေပါတရ်..ဟဲဟဲ..အခုဆိုရင်..online ချစ်သူတို့ ..ဘာတို့ သီချင်းတွေ
တောင်တော်တော်လေး ခေတ်စားလာပါပြီ..အရင်တုန်းက..သုံးနှစ်သုံးမိုးချစ်ခဲ့ ကြပြီးမှ..ဘဝနှစ်ခုပေါင်း
စပ်ကြတဲ့ အစဉ်အလာကနေ..အခုလိုမျိုး..လက်နှိပ်စက်အစား..ကွန်ပြူတာတွေနေရာယူလာသလိုပါပဲ
ကျွန်တော်တို့ ၇ဲ့ အခု  "မော်ဒန်အချစ်"  ခေတ်လို့ သတ်မှတ်ရလောက်တဲ့ ဒီဆန်းကျရ်တဲ့ ခေတ်ကြီး
ကိုရောက်လာတာဟာ..တော်တော်လေး..အံ့သြဖို့ ကောင်းပါတရ်..အရင်တုန်းကဆိုရင်..အသဲကွဲ
တဲ့ ရောဂါဟာ..တစ်ခါနှစ်ခါလောက်ပဲဖြစ်ကြပါတရ်..အပြင်မှာချစ်..အပြင်မှာကြိုက်..နောက်ပြတ်ကြ..
အသဲကွဲကြနဲ့ ..ပေါ့..အခုတော့အဲဒီထက်အဆင့်မြင့်တဲ့ ..အသဲကွဲရောဂါအဆန်းတွေပေါ်လာပါပြီ..
"မော်ဒန်အသဲကွဲရောဂါ" ပေါ့ဗျာ..ဟဲဟဲ.တစ်နေ့ ထဲ..တစ်နာ၇ီထဲမှာပဲ..အသဲအများကြီးကွဲနိုင်တရ်..
အချစ်တွေအများကြီးပေးနိုင်တရ်..ယူနိုင်တရ်..ပေါ့ဗျာ..အဲဒါတွေကြောင့်ပဲလားမသိဘူးခင်ဗျာ့..
လူတွေက..သစ္စာတို့ မေတ္တာတို့ ကိုသိပ်ပြီးတန်းဖို့ မထားကြတော့ဘူး..လွရ်လွရ်ချစ်..လွရ်လွရ်
ပြတ်..လွရ်လွရ်လက်ထပ်..ဒီလိုပဲဖြစ်ကုန်ကြတော့တရ်..အပြင်မှာဒီတစ်ယောက်နဲ့ ချစ်နေပေမရ့်
လဲ..အွန်လိုင်းမှာ..ချစ်သူ..အယောက်သောင်းခြောက်ထောင်နဲ့ ...
ကဲ...ဒီတော့ဘရ်လိုနားလည်ရမရ်မှန်းတောင်မသိတော့ပါဘူးဗျာ...
Thursday, April 28, 2011
မိမိ Bloack ထားသောသူအား သူ့ Gtalk တွင် မမြင်ရအောင် Delete လုပ်နည်း
ဒီတစ်ခါ ကိုရ်ကနေ ဘယ်သူတွေ bloack ထားလဲကို ကြည့်ပြီး ဘာမှမကျန်အောင်လုပ်လိုက်၇အောင်
သိပြီးသားသူတွေလည်းရှိမှာပါ....  ကိုရ်တိုင်ကလည်း သူများပြောပြတာကိုတစ်ဆင့် ပြန်မျှဝေတာပါ..
Gtalk ကနေ မိမိနှင့် အဆင်မပြေသူကို မိမိဘက်က Block သို့ Remove လုပ်လိုက်ရင်
မိမိဘက်ကသာ သူ့ကိုမမြင်ရတော့ပေမယ့် မိမိ Block သို့ Remove
လုပ်လိုက်တဲ့သူရဲ့ Gtalk မှာတော့ မိမိနာမည်ရှိနေသေးတဲ့အတွက် သူ့ဘက် Chat
လို့ရပါသေးတယ်။ ကိုယ့်ဘက်က Block လိုက်တယ်ဆိုပေမယ့် သူ့ရဲ့ Gtalk List မှာ
ရှိနေဦးမှာပါ.။ အဲ့ဒီလိုမျိုးတွေ မဖြစ်ရအောင် အပြီးအပိုင်
သံယောဇဉ်ဖြတ်မယ်ဆိုရင်တော့ ဒီနည်းလေးအတိုင်းပြုလုပ်လို့ရပါ
တယ်။
ပထမဦးဆုံး Gmail ကို ဖွင့်ပါ။ ပြီးရင် Contacts ကို ရှာပြီး Click
နှိပ်လိုက်ပါ။ အဲ့ဒီအခါ Contacts Box ကျလာရင် မိမိ Delete လုပ်ချင်သော
Account ကို ရွေးပြီး အမှန်ခြစ်ကာ Delete contact ကို click နှိပ်လိုက်ပါ။
တကယ်ဖျက်မှာလားလို့မေးတဲ့ Box ကျလာရင် OK ကို နှိပ်လိုက်ပါ။ ဒါဆို
မိမိမဆက်သွယ်လိုသူကို အပြီးအပိုင် သံယောဇဉ်ဖြတ်လိုက်လို့ရသွားပါပြီ။ သူ့ရဲ့
Gtalk မှာလည်း မိမိအမည် မရှိတော့သလို သူ့ Gtalk မှာလည်း ကိုယ့်အမည်
ကျန်ရှိတော့မည် မဟုတ်တော့ပါ။.
Friday, April 22, 2011
ဟိုးးးးးးးးးးးးးအဝေးအပေါ်က..............
မလွမ်းရဲပေမယ့်
စိတ်ကတားဆီးနေတာ
ထားခဲ့ရက်တဲ့ ချစ်သူအတွက်
မျက်ရည်ကတော့ အသံစုံပြီး
မျက်လုံးထဲကနေ
ရဲဝင့်စွာရင်ဆိုင်ဖို့
မီးပုံထဲ ခုန်ဆင်းသွားတယ်
နင်အဝေးထွက်သွားတဲ့ နေ့ကတည်းက
လေယာဉ်သံကြားတိုင်း ကောင်းကင်ကို
မော့ကြည့်ပြီး အံ့သြနေတဲ့ခလေးလို
မျက်နှာမှာ ကြည်နူးမှုတွေ
မပြည့်စုံဘဲ လေယာဉ်သံကို
ငါမုန်းသွားခဲ့ပြီ…….
ငါ့ရဲ့ အချစ်ကိုသယ်ဆောင်သွားတဲ့
နှလုံးသား ဈာပနကို
လိုက်ပို့ပေးတဲ့ စက်တပ်ယဉ်ကြီးလို့ဘဲ
ငါမြင်နေခဲ့ပြီ…….
ပြန်လာမယ်ဆိုရင်တောင်
ကောင်းကင်ကို ငါမော့မကြည့်တော့ဘူး
မျက်ရည်တွေမျက်လုံးထဲကို
ပြန်စီးဆင်းပြီး
မကောင်းပြောခဲ့တဲ့ စက်တပ်ယာဉ်ကြီးကို
အားနာလို့ လေယာဉ်ကွင်းအပြင်ကဘဲ
စောင့်နေတော့မယ် ချစ်သူရယ်
.............နားလည်မူ..............
ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။
သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။
တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။
ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။
သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကိုသူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။
သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။
မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။
မောင်နှမ
stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။
ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။
ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....
***(ဘယ်အချိန်မှာပဲဖြစ်ဖြစ်..မင်းရဲ့ချစ်တဲ့သူကိုလက်မလွတ်လိုက်ပါနဲ့.....
မင်းချစ်နေတယ်ဆိုတာ..သူသိအောင်ပြောပါ....
မင်းကိုချစ်နေတဲ့သူတွေ..ရှိနေတယ်ဆိုတာမင်းသဘောပေါက်ပါ..
မင်းဟာ...တယောက်ထဲမဟုတ်ဘူးဆိုတာမင်းခေါင်းထဲမှာ အသေမှတ်ထားပါ
ဒီစာကိုဖတ်ပြီးရင်...မင်းမှားတာတွေ..မင်းလွန်ခဲ့တာတွေ..ကိုဝန်ချတောင်းပန်ပါ
အဲ့ဒီအတွက်မင်းဝန်မလေးပါနဲ့..........မင်းမရှက်ပါနဲ့
ဘယ်တော့မှ..မင်းရဲ့ချစ်တဲ့သူတွေကို စိတ်ပျက်အောင်မလုပ်မိစေပါနဲ့)***
ဇာတ်ဆရာ.........
မျှော်လင့်ချက်တွေအပြည်နဲ့
ခုတ်မောင်းလာတဲ့ ရထား
ဘယ်နားမှာ ရပ်သွားမလဲ ....
ဇာတ်ဆရာ  ကြိုးကိုင်တဲ့အရုပ်
သူလုပ်သလို ကနေရ
အော် ငါဟာ သုည ပါလား ....
ဘယ်တော့များ ထားသွားမလဲ
စိုးထိတ်ထိတ်နဲ့ တိတ်တိတ်ငိုရ
အော် ဒါလား ငါ့ဘ၀ ….
ချစ်တယ်ဆိုတဲ့စကားနောက်က
သွေးအထက်ထက်နဲ့ အေးစက်နေတဲ့
ဆေးစက်အချို့ ငါတွေ့လိုက်တယ် …
ဘယ်လောက်ရှုံးရှုံး မမုန်းတက်တဲ့ငါ
အဆုံးသက်ရဲ့  နေ၀င်ချိန်မှာ
ဒဏ်ရာတွေနဲ့အေးစက်မှုက  ငါ့အတွက်လား….
ဘာ့အတွက်ကြောင့် စိတ်မနာတက်
ငါ့နှစ်လုံးသားက သံချေးတက်နေလို့
သူပြုသမျှနုနေရတာလား ….
အစိမ်းရောင်လေတွေပဲ နင့်ဘက်ကတိုက်တယ်
ငါ့အချစ်နဲ့နင်မထိုက်တန်ဘူး
ငါပေမဲ့လည်း ငါဘာလို့မမုန်းလိုက်တာလဲ …………..
ငါ့ရင်ဘက်ထဲက နေ့စွဲအချို့ မှာ
အနီရောင်ကြက်ခြေခက်တွေများများလာတယ်
နောက်ဆုံးဒဏ်ရာသွေးစက် ငါ့အတွက်လား ..
စိတ်တွေညစ်တိုင်း ရေးတဲ့ကဗျာ
ခံစားချက်တို့ မွတ်သိပ်နေပေမဲ့
နင့်အတွက် အပျင်းပြေဖက်စရာလား …
ဇာတ်ဆရာများ တယ်ရက်စက်တယ်
ငါ့အတွက်များ ဇာတ်ကွက်တစ်ခန်းလောက်
ပေးခါ ကခိုင်းလှည့်ပါတော့လား …
ခုချိန်ထိပေါ့ ဘယ်ဆီဘယ်လမ်းကို
ဘယ်လိုခြေလှမ်းမျိုးနဲ့သွားလို့
ဘယ်လိုအနမ်းများကကြိုဆိုနေမှာလဲ…
လှမ်းမျှော်ကြည့်မိတိုင်း
မျှော်လင့်ချက် မဲ့မဲ့သွားတယ်
ဘယ်တော့များမှ ဆုံကြမှာလဲနော် ……….
ကောင်မလေးရေ .. ..
ဟောဒီရင်ဘက်ကြီးထဲက
ရှိရှိသမျှ အချစ်တွေဟာ
နင့်တစ်ယောက်တည်းအတွက်ပါ ….
ပုံပြင်တစ်ပုဒ် ဇာတ်လမ်းတစ်ပုဒ်
အဆုံးသက်မှာ ပြန်ပေါင်းဇာတ်လေးတော့
ခင်းပါရစေ   ပေါင်းစည်းပါရစေ
ဇာတ်ဆရာရေ  ……….
ဇာတ်ဆရာ...............
မျှော်လင့်ချက်တွေအပြည်နဲ့
ခုတ်မောင်းလာတဲ့ ရထား
ဘယ်နားမှာ ရပ်သွားမလဲ ....
ဇာတ်ဆရာ  ကြိုးကိုင်တဲ့အရုပ်
သူလုပ်သလို ကနေရ
အော် ငါဟာ သုည ပါလား ....
ဘယ်တော့များ ထားသွားမလဲ
စိုးထိတ်ထိတ်နဲ့ တိတ်တိတ်ငိုရ
အော် ဒါလား ငါ့ဘ၀ ….
ချစ်တယ်ဆိုတဲ့စကားနောက်က
သွေးအထက်ထက်နဲ့ အေးစက်နေတဲ့
ဆေးစက်အချို့ ငါတွေ့လိုက်တယ် …
ဘယ်လောက်ရှုံးရှုံး မမုန်းတက်တဲ့ငါ
အဆုံးသက်ရဲ့  နေ၀င်ချိန်မှာ
ဒဏ်ရာတွေနဲ့အေးစက်မှုက  ငါ့အတွက်လား….
ဘာ့အတွက်ကြောင့် စိတ်မနာတက်
ငါ့နှစ်လုံးသားက သံချေးတက်နေလို့
သူပြုသမျှနုနေရတာလား ….
အစိမ်းရောင်လေတွေပဲ နင့်ဘက်ကတိုက်တယ်
ငါ့အချစ်နဲ့နင်မထိုက်တန်ဘူး
ငါပေမဲ့လည်း ငါဘာလို့မမုန်းလိုက်တာလဲ …………..
ငါ့ရင်ဘက်ထဲက နေ့စွဲအချို့ မှာ
အနီရောင်ကြက်ခြေခက်တွေများများလာတယ်
နောက်ဆုံးဒဏ်ရာသွေးစက် ငါ့အတွက်လား ..
စိတ်တွေညစ်တိုင်း ရေးတဲ့ကဗျာ
ခံစားချက်တို့ မွတ်သိပ်နေပေမဲ့
နင့်အတွက် အပျင်းပြေဖက်စရာလား …
ဇာတ်ဆရာများ တယ်ရက်စက်တယ်
ငါ့အတွက်များ ဇာတ်ကွက်တစ်ခန်းလောက်
ပေးခါ ကခိုင်းလှည့်ပါတော့လား …
ခုချိန်ထိပေါ့ ဘယ်ဆီဘယ်လမ်းကို
ဘယ်လိုခြေလှမ်းမျိုးနဲ့သွားလို့
ဘယ်လိုအနမ်းများကကြိုဆိုနေမှာလဲ…
လှမ်းမျှော်ကြည့်မိတိုင်း
မျှော်လင့်ချက် မဲ့မဲ့သွားတယ်
ဘယ်တော့များမှ ဆုံကြမှာလဲနော် ……….
ကောင်မလေးရေ .. ..
ဟောဒီရင်ဘက်ကြီးထဲက
ရှိရှိသမျှ အချစ်တွေဟာ
နင့်တစ်ယောက်တည်းအတွက်ပါ ….
ပုံပြင်တစ်ပုဒ် ဇာတ်လမ်းတစ်ပုဒ်
အဆုံးသက်မှာ ပြန်ပေါင်းဇာတ်လေးတော့
ခင်းပါရစေ   ပေါင်းစည်းပါရစေ
ဇာတ်ဆရာရေ  ……….
ဒဏ်ရာ.............
တိုက်ဆိုင်တိုင်းတော့သတိရနေသေးတယ်..............
အကင်းမသေသေးတဲ့ ဒီဒဏ်ရာက............
ဆောင်းရာသီဆိုထကြွနေဆဲ.............
ဟန်လုပ်လို့ ပြူံးနေပေမယ့် အသက်မပါဘူး.............။
အထပ်ထပ်အခါခါတွေးလဲ..............
အဖြေဆိုတာနတ္ထိ............
အသာအယာလှည့်ကြည့်တော့............
ငါ့နောက်မှာကျောဘဲရှိတယ်............
မှောင်မိုက်နေလို့ အရိပ်တောင်မမြင်ခဲ့ပါဘူး............။
ပန်းချီကားထဲက ပန်းသီးတစ်လုံးကို ငေးမောရင်း..............
မဲ့ပြူံးကိုဘောင်ကွပ်..............
မျက်ရည်မကျတတ်အောင် ရုန်းကန်နေရတာ.............
နှူတ်ခမ်းသားတောင် သွေးစို့နေလေရ............။