Sunday, May 1, 2011

ပျောက်ဆုံးသွားမရ့်  နှလုံးသား

Online မှာတွေ့စပြီးချစ်တဲ့အချစ်တွေ ကိုတစ်ချို့တစ်ချို့သောလူတွေကတော့ အထင်သေးကြမှာပေါ့။ ဆန်များရာကြွက်ချီးပါဆိုတဲ့ စကားပုံလေးကလည်းရှိခဲ့ဖူးတာပဲလေ။အားလုံကိုတော့ ၀ါးလုံးရှည်ကြီးနဲ့ ပါတ်ရမ်းသလိုသိမ်းကြုံးပြီးတော့ မပြောသင့် မထင်သင့်ပါဘူး ။လောကမှာ အတုအယောင်ဆိုတာရှိသလို စစ်မှန်ချင်းဆိုတာလည်းရှိပါတယ်။ ကျွန်တော် ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ် ...................။

         တစ်ခါက ကောင်လေးတစ်ယောက်ဟာ Internet ပါတ်သတ်တဲ့ ဘာသာရပ်တစ်ခုကိုလေ့လာနေရင်:VZO  မှာပဲ ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်ဆိုပါတော့ ။ဇာတ်လမ်းလေးကတော့ရိုးရိုးလေးပါပဲ  အဲဒိလိုတွေ့လာတာ ကြာ လာတာနဲ့ အမျှ ကောင်မလေးကို စိတ်ဝင်စားရာကနေစပြီးချစ်မိသွားခဲ့တယ် ။ကောင်လေးက လက်ရှိ မလေးရှားမှာအလုပ်လုပ်နေတာလေ ကောင်မလေးကတော့ မြန်မာပြည်က သူတို့နှစ်ယောက်ရဲ့ ကြားမှာ မိုင် ရာနဲ့ချီပြီးဝေးနေပါတယ်။ Online ရဲ့ ကျေးဇူးတွေကြောင့် သူတို့နှစ်ယောက်ချစ်သူတွေအဖြစ်ကိုရောက်သွားတယ် ။ပျော်ရွှင်စွာနဲ့တွေ့ဆုံခဲ့ရတယ် ။ကြည်နူးစွာနဲ့ စကားတွေလည်းပြောခဲ့ကြတယ်။သူတို့နှစ်ဦး အပြင်မှာတွေ့ဆုံနိုင်ဖို့ကိုလည်း ကြိုးစားနေခဲ့ကြတယ် ။ဒါပေမယ့် လူ့ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာတွေကို လွယ်လွယ်နဲ့တော့ ဘယ်ဖြစ်လို့ ရပါ့မလဲ။မိုင်ရာနဲ့ချီပြီး ဝေးတဲ့ အကွာအဝေးကိုအမြဲသွားဖို့ဆိုတာ လွယ်တော့မလွယ်ဘူးလေ ။ဒီလိုနဲ့ ပဲ မဆုံနိုင်ခဲ့ရပါဘူး ။နှစ်နဲ့ချီပြီး ကြာခဲ့တဲ့ တစ်နေ့မှာတော့ကောင်မလေးကကောင်လေးကို အဆက်အသွယ်လုံးဝကို ဖြတ်သွားခဲ့ပါတယ်။        အဲ့ဒီ ကောင်လေး ဟာအပြင်မှာတစ်ကယ်ရှိပါတယ် ။အခုအချိန်အထိလည်းကောင်မလေးကိုမြတ်မြတ်နိုးနိုးနဲ့ ချစ်နေတုန်းပါပဲ ။ဒါပေမယ့် ကောင်လေးရဲ့ နှလုံးသားလေးကတော့ပျောက်ဆုံးသွားခဲ့ပါပြီ ။ဒါ့ကြောင့်ကျွန်တော် တစ်ခုတော့ ပြောချင်ပါတယ် online မှာ ချစ်ကြတဲ့လူအားလုံးကိုတော့ ၀ါးလုံရှည် နဲ့ သိမ်းကျုံးပြီးတော့ မကောင်းမပြောကြပါနဲ့လို့။ဘာလို့လည်းဆိုတော့ သူတို့နှစ်ယောက်ကွဲသွားရတဲ့ အထဲမှာOnline ကိုအယုံအကြည်မရှိတဲ့လူ အများစုရဲ့ ဘေးပရောဂတွေလည်းမကင်း ပါဘူး။ဇာတ်လမ်းလေး ကို အတို ချုံးပြီး ဖော်ပြလိုက်ရလို့ အပြည့်အစုံမရေးပြနိုင်ခဲ့တာ ပါ ။ဘယ်သူကိုမှလည်း ပုတ်ခက်စော်ကားလိုချင်မရှိပါ ။လူတိုင်းကို မယုံကြည်သင့်သလို တွေ့တဲ့လူတိုင်းကိုလည်းအယုံအကြည်မကင်းမဲ့စေချင်ပါဘူး ။တိုက်ဆိုင်မှုများပါရင်ခွင့်လွှတ်ပါ။

ပျောက်ဆုံးသွားမယ့်နှလုံးသား

ချစ်မိခဲ့လို့

အပြစ်ရှိခဲ့မယ်ဆိုရင်

ငါ့အပြစ်တွေကို

ငါ့နှလုံးသားလေးပေးပြီးဆေးကြောပါရစေ........။

ငါမင်းနဲ့ ပါတ်သတ်ခဲ့တာ

တစ်ဘ၀စာအတွက်ပါ

ခဏတာဝေးနေရတာတွေကို လည်း

ငါခံနိုင်ရည်ရှိအောင်ကြိုးစားခဲ့ပါတယ်။

ပုန်းရှောင်တော့မသွားပါနဲ့

ငါဘ၀ထဲကမင်းထွက်ခွာတော့ မသွားနဲ့

မင်းမရှိရင် ငါ့ရဲ့နှလုံးးသားလေးလည်း

ပျောက်ဆုံးသွားမှာမို့လို့ပါ........။

No comments:

Post a Comment