Sunday, March 20, 2011
စ်ပန.............
တိမ်တွေငိုနေတယ်လို့ ငါကထင်နေတာ...
တစ်ကယ်တမ်းကျ ငါ့မျတ်ဝန်းမှာကြေကွဲခြင်းတွေစိုနေတာပဲ...
နင့်ရင်ထဲမှာ ငါရှိမယ်လို့ထင်ခဲ့တာ.......
တစ်ကယ်တမ်းကျတော့ နင့်ရင်ထဲမှာငါက...
သေဆုံးခဲ့ပြီပဲ... ငါတောင်မသိလိုက်တဲ့ငါ့ရဲ့...
ဈာပနအတွက်နောက်ဆုံးအနေနဲ့တော့......
နင်ဟန်ဆောင်ငိုပေးခဲ့ပါဦး..... ငါ့အတွက်လျှော့လိုက်
တဲ့သံယောဇဉ်ကြိုးကို ဘာအကြောင်းနဲ့...
ငါကတားရက်နိုင်မှာလဲ နင်မပျော်ဘူးဆိုငါက
ကြေကွဲတက်သူပါ... နင်မလိုဘူးဆိုငါက....
ထွက်သွားမယ့်သူပါ နင့်ထားခဲ့တော့လဲ...
ငါနေရစ်ခဲ့တာပဲ... ဘာကိုမှမတောင်းဆိုခဲ့ဘူးတဲ့
ငါ့ရင်ကိုဘာလို့.... အစိမ်းရောင်တွေခြယ်ချင်တာလဲ.....
မရက်စက်ပါနဲ့ ငါ့အချစ်ကအဖြူသက်သက်ပါ...
မချည်နှောင်ပါဘူး ငါ့အနားမှာမရှိတဲ့နင့်နှလုံးသားကို....
မလိုချင်ပါဘူး ငါ့အတွက်မဟုတ်တဲ့ရင်ခုန်သံတွေကို
ငါ့ရင်ထဲမှာအေးလိုက်တာလို့ထင်နေတာ....
သေချာပြန်ကြည့်မှ ရင်ထဲကနှလုံးသား.....
နင့်ဖ၀ါးအောက်မှာကပ်ပါသွားတာပဲ......
နင့်အတွက်အမှတ်တရ.... ငါ့နှလုံးသားကိုစီးသွားပါတော့နော်.....
အစစ်အမှန်.............
.....ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင်
ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ
ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။
.....မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင်
ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။
.....တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။
ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။
.....Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။
.....၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။
၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။
.....ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင်
ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။
.....ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။
ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။
ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ
သိမ်းထားလိုက်ပါ။
.....အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့
ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့
မှတ်ယူထားရမယ်။
.....တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့
ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး
စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။
.....တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည်
ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်။
သုည.........
မျှော်လင့်ချက်တွေအပြည်နဲ့
ခုတ်မောင်းလာတဲ့ ရထား
ဘယ်နားမှာ ရပ်သွားမလဲ ....
ဇာတ်ဆရာ  ကြိုးကိုင်တဲ့အရုပ်
သူလုပ်သလို ကနေရ
အော်.....ငါဟာ....သုည ပါလား ....
ဘယ်တော့များ ထားသွားမလဲ
စိုးထိတ်ထိတ်နဲ့ တိတ်တိတ်ငိုရ
အော် ဒါလား ငါ့ဘ၀ ….
ချစ်တယ်ဆိုတဲ့စကားနောက်က
သွေးအထက်ထက်နဲ့ အေးစက်နေတဲ့
ဆေးစက်အချို့ ငါတွေ့လိုက်တယ် …
ဘယ်လောက်ရှုံးရှုံး မမုန်းတက်တဲ့ငါ
အဆုံးသက်ရဲ့  နေ၀င်ချိန်မှာ
ဒဏ်ရာတွေနဲ့အေးစက်မှုက  ငါ့အတွက်လား….
ဘာ့အတွက်ကြောင့် စိတ်မနာတက်
ငါ့နှစ်လုံးသားက သံချေးတက်နေလို့
သူပြုသမျှနုနေရတာလား ….
အစိမ်းရောင်လေတွေပဲ နင့်ဘက်ကတိုက်တယ်
ငါ့အချစ်နဲ့နင်မထိုက်တန်ဘူး
ငါပေမဲ့လည်း ငါဘာလို့မမုန်းလိုက်တာလဲ …………..
ငါ့ရင်ဘက်ထဲက နေ့စွဲအချို့ မှာ
အနီရောင်ကြက်ခြေခက်တွေများများလာတယ်
နောက်ဆုံးဒဏ်ရာသွေးစက် ငါ့အတွက်လား ..
စိတ်တွေညစ်တိုင်း ရေးတဲ့ကဗျာ
ခံစားချက်တို့ မွတ်သိပ်နေပေမဲ့
နင့်အတွက် အပျင်းပြေဖက်စရာလား …
ဇာတ်ဆရာများ တယ်ရက်စက်တယ်
ငါ့အတွက်များ ဇာတ်ကွက်တစ်ခန်းလောက်
ပေးခါ ကခိုင်းလှည့်ပါတော့လား …
ခုချိန်ထိပေါ့ ဘယ်ဆီဘယ်လမ်းကို
ဘယ်လိုခြေလှမ်းမျိုးနဲ့သွားလို့
ဘယ်လိုအနမ်းများကကြိုဆိုနေမှာလဲ…
လှမ်းမျှော်ကြည့်မိတိုင်း
မျှော်လင့်ချက် မဲ့မဲ့သွားတယ်
ဘယ်တော့များမှ ဆုံကြမှာလဲနော် ……….
ကောင်မလေးရေ .. ..
ဟောဒီရင်ဘက်ကြီးထဲက
ရှိရှိသမျှ အချစ်တွေဟာ
နင့်တစ်ယောက်တည်းအတွက်ပါ ….
ပုံပြင်တစ်ပုဒ် ဇာတ်လမ်းတစ်ပုဒ်
အဆုံးသက်မှာ ပြန်ပေါင်းဇာတ်လေးတော့
ခင်းပါရစေ   ပေါင်းစည်းပါရစေ
ဇာတ်ဆရာရေ  ……….
မေမေ...........
ရေကြည်တစ်ပေါက်က မြင်းမိုရ်တောင်ကိုတမ်းတသလိုမျိုး..............
တိတ်တခိုးအိမ်လွမ်းစိတ်နှင့် အမေ့ကိုအိပ်မက်မက်တယ်.................
ဒီအချိန်ဆို အမေအိမ်မှာဘာလုပ်နေမလဲ..............
တစ်ယောက်လျှော့နေတဲ့ ထမင်းစားပွဲ အမေ့ရင်ထဲ ငိုနေမလား................?
ငှက်ကလေးတွေအစာကြွေး အဝေးကသားကိုမေတ္တာပို့..................
အမေ့ရင်ထဲစို့နေမလား....................
အတောင်ပံရှိပါလျှက်အပျံခက်တဲ့သားဘ၀ အခုချိန်ထိတော့ဝေးနေရတုန်းပဲအမေရယ်.............
မကောင်းရင်နေပါစေ......................
အမေချက်တဲ့ဟင်းလေးကိုပဲကြိုက်တယ်၏................
ရင်ထဲမှာတင်းကြပ်နေသမျှ အမေ့ကိုဖွင့်ဟပြီး...............
တိုင်ပင်ခွင့်ရချင်တယ်....................
အမေ့မေတ္တာရိပ်လုံခြုံအေးချမ်းတဲ့ အရပ်လို..................
ထပ်တူညီရှာတွေ့မဖြစ်နိုင်တော့ ကြယ်ကြွေချိန်မှာ..............
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်...........
အမေ့အိမ်ပြန်ချင်တယ်..........
အမေရယ် .......
ကြီမားလှသောကရုဏာနှင့် မေမေ့မေတ္တာ
ငွေလဝန်းရဲ့  အလင်းအိမ် မှေးမှိန်တဲ့ အခါရှိပေမရ့် ....
အမေ့မေတ္တာ သာနေမှာအမြဲပါ....။
အမြဲစီးဆင်းတဲ့  စမ်းချောင်းလည်း ခန်းခြောက်တဲ့ အခါရှိပေမရ့် ....
အမေ့မေတ္တာ စီးဆင်းနေမှာအမြဲပါ....။
သုံးရာသီမှာပွင့်တဲ့ ပန်းတို့ လည်း ညှိုးနွမ်းတဲ့အခါရှိပေမရ့်....
အမေ့မေတ္တာ လန်းဆန်းနေမှာ အစဉ်အမြဲပါ.....။
မသေချာတဲ့လောကထဲ မသေချာခြင်းတွေရှိနေပေမရ့် ....
အမေ့မေတ္တာ သေချာနေမှာအစဉ်အမြဲပါ....။
Saturday, March 12, 2011
ှုInternet Lover
သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ် သည်မှာ ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်တော် တစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ (midnight) ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်တော့်မှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်တော့်ဆီပို့သော သူမ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။ "အင်တာနက်ကို မုန်းတယ်။ ယောင်္ကျားတွေကို မုန်းတယ်။အထူးသဖြင့်ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"ထိုစာကြောင်းကို ဖတ်ပြီး ကျွန်တော်စိတ်ဝင်စားသွားမိသည်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်တော်ပို့သော စာကိုဖတ်ပြီး သူမပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်တော်တွေးမိသည်။ "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"သို့သော်
တစ်မိနစ်မျှပင် မကြာလိုက်...."ဟုတ်တယ်.. ကျွန်မက အခုသရဲလေ""ဟား....သရဲဖြစ်ရတာပျော်လား""ကျွန်မ မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်မ မကျွတ်ဘူး""ဟား...ဟား.. အချစ်အတွက်ကြောင့်လေ" ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူမနှင့် ကျွန်တော် online သူငယ်ချင်း ဖြစ်သွားကြသည်။ သူမသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်တော်ပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား။ ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်တော် ဖြေသိမ့်မိသည်။ သူမသည် အရင်ကတည်းက ကျွန်တော်၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်တော်၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူမသည် ကျွန်တော်ဘေးတွင်ရှိနေခဲ့ပြီး ကျွန်တော့်ကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။ "ကျွန်တော် အခုဘာလုပ်နေလဲ"တစ်ခါတရံ နောက်ပြောင်ပြီး သူမကို ကျွန်တော်မေးခဲ့ဖူးသည်။ သူနှုတ်ဆိတ် နေတတ်ပြီး..."တော်ပါပြီ...ကျွန်မမပြောချင်ဘူး. ပြောလိုက်ရင် လန့်သွားဦးမယ်" "ကော်ဖီတွေ သိပ်မသောက်နဲ့လေ""ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"တစ်ခါတရံ ကျွန်တော် မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။ ကျွန်တော်နှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူမသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ ညီ"ဟုခေါ်သော ကောင်လေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ ညီ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့မအဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ ညီ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူမသာယာမိကြောင်း ကျွန်တော့်ကို ပြောပြတတ်သည်။ အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော "ညီ"မှာ သူမ မသိနားမလည်သည်များကို သင်ပြတတ်သည်။ "ညီ"၏ နွေးထွေးသော အပြောများကြောင့် chat-room ထဲ သူမအမြဲဝင်ဖြစ်ခဲ့သည်။ chat-room ထဲဝင်တိုင်း ညီ"မှလွဲ၍ မည်သူနှင့်မျှ သူမစကားမပြောပေ။ "ကျွန်မ ညီ့ကို ချစ်တယ်။ ကျွန်မရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား" "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ" "ကျွန်မမှာ ညီ့ကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်" "အချစ်... အဟား... ညီ့မှာ ပေါလွန်းလို့ကွယ်""ဒါဆို ညီလိုချင်တာ ကျွန်မအကုန်ပေးမယ်" "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား" "ကောင်းပြီလေ" ညီ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ "ညီ"၏ စကားလုံး ချိုချိုလေး များကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူမ အားမရတော့။ ညီ့"ကို အပြင်လောကတွင် သူမတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး ညီ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ ညီ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူမတောင်းဆိုမိသည်။ ညီ"က တောင်းဆိုမှုတွေ များလွန်း နေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် ညီ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ ညီ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် ညီ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။ ညတိုင်း သန်းခေါင်ယံအချိန်တွင် သူမသည် အချိန်တိကျစွာ online ပေါ်သို့ ရောက်လာပြီး သူမနှင့်ညီ"၏ ပုံပြင်ကို ကျွန်တော့်အား ပြောပြတတ်သည်။ တစ်ခါတရံ သူမ၏လုပ်ရပ်များကို ကျွန်တော် မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူမပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်တော့်အတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။ "ဘာဖြစ်လို့ မီးမဖွင့်တာလဲ။ အလင်းပြန်နေတာ မျက်စိပျက်မယ်နော်""ဘာပြောချင်တာလဲ။ ကျွန်တော့်ကို ထိုင်ကြည့် နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား" "ကျွန်မ တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား" ကျွန်တော် ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်တော်ကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်တော် အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်တော်နည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။ "ခင်ဗျားက ထူးခြားတယ်""ဘာဖြစ်လို့လဲ""ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား""ကျွန်တော် တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်တော်အိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်တော်၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်တော်ခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်တော်အိပ်လိုက်သည်။ အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ကောင်မလေးတစ်ယောက် ကျွန်တော်အခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်တော်ထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုကောင်မလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ် ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်တော့် ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်တော်၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်တော့်မျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ" ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်တော်မျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်တော် ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်တော် တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် သူမ ရုပ်ရှည်ကို ကျွန်တော်ကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်တော် ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။ "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"ကျွန်တော် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...စာကြောင်းရေးပို့လိုက်သူမှာ ကျွန်တော်နှင့် ညတိုင်း chatting လုပ်နေသော သူ့မကိုယ်သူမ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်တော် အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူမဟာ ကျွန်တော်လို လူစင်စစ် တစ်ယောက်ဖြစ်ကြောင်း ကျွန်တော်ကိုယ်ကျွန်တော် အသိပေးနေမိသည်။ "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"ကျွန်တော် ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူမပြောချင်တာကို ပြောနေသည်။"မင်းအခု ဘယ်မှာလဲ... ကျွန်တော် အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်တော် ထိန့်လန့်စွာ မေးလိုက်သည်။"ရှင် ဘယ်လို အဖြေမျိုးကို လိုချင်လဲ""တိကျတဲ့ အဖြေမှန်ကို ကျွန်တော် လိုချင်တယ်""ခင်ဗျား အဖြူရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေးနှစ်ခုပါတယ်။ စားပွဲခုံပေါ်မှာ ရှင်သောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ရှင် အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား။ ရှင်ဖျားနေပြီ" ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်တော် နှလုံးသွေးများပင် ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်တော်ဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ ပါဝါ ခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်တော် ဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင် တကယ်ရှိနေခဲ့လို့လည်း ကျွန်တော်၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်တော်၏အကျင့်တွေကို သူမသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး သူမကိုစောင့်နေတတ်သော ကျွန်တော်၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက စောင့်ကြည့် နေပုံရသည်။ သူမစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်တော်တစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည် မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်တော် တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်တော်၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်တော့်အား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်တော့်ဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား။ ကျွန်တော် ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူမပြောခဲ့သော စကားကို ပြန်သတိရမိသည်။ "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ရှင် ဖျားနေပြီ"ကော်ဖီကို ကျွန်တော် ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူမပုံရိပ်ကို ကျွန်တော်မြင်ယောင်မိသည်။ သူမသာ တစ္ဆေမဟုတ်ခဲ့လျှင် ယောင်္ကျားလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူမ၏ခံစားချက်များကို နားထောင်ပြီး သူမအပေါ် ကျွန်တော် သနားမှုတွေ ပိုသွားပြီလား...သူမကို ကျွန်တော် ချစ်မိသွားပြီလား.. တစ္ဆေတစ်ကောင်ကို ကျွန်တော်ချစ်မိသွားပြီလား။ ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်... သူမပြောပြ ဖူးသော သူမအကြောင်းများကို ကျွန်တော်ပြန်စဉ်းစားမိသည်။ သူမအပေါ် "ညီ" ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်တော်သိခဲ့သည်။ သူမလို ရုပ်ရည်ချောမောသည့် လူကို "ညီ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ။ ကျွန်တော်သိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ်ုကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်။ ယောင်္ကျားတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်တော့်အား ပြောပြနေသလဲ။ ကျွန်တော့်သိချင်စိတ် ပိုပြင်းပြလာခဲ့သည်။ ညအမှောင်ထု ၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်တော့်စိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များ ကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်တော် အခန်းမီးများကို ဖွင့်ပြီး ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိ ရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်တော် ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက် ထားသော တစ္ဆေတစ်ကောင်ကို ကျွန်တော် မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်တော် မကြာခဏ လှည့်ကြည့်နေမိသည်။ သူမကို ကျွန်တော်စောင့်နေကြောင်း သူမအား သိစေချင်သေးသည်။ ည ၁၂ နာရီ ၀၁ မိနစ်. နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက် ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်တော့် အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား... "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"သူလာပါပြီ.... ကျွန်တော် ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်တော့်မှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။ "နည်းနည်းတော့ ကြောက်မိပါတယ်"ကျွန်တော် စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်တော်ပြောသမျှ သူမ ကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်တော် မျှော်လင့်ချင်ပါသေးသည်။ "ရှင် အရင်က ကျွန်မကို မကြောက်ပါဘူး။ ကျွန်မ စိတ်မကောင်းဘူးရှင်ရယ်""အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်တော်ထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး""အခု ရှင် သိပြီလေ။ ကျွန်မနဲ့ ဆက်စကားပြောနေဦးမလား""အင်း... ပြောမယ်။ ကျွန်တော်သိချင်တာတွေ မေးရဦးမယ်" ကျွန်တော် အသက်ကို ပြင်းပြင်းလေး ရှူသွင်းလိုက်မိသည်။"ညီ နဲ့ မင်းရဲ့အကြောင်းကို အစအဆုံး ပြောပြနိုင်မလား" ကျွန်မနဲ့ချစ်သူတွေ မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်မနဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်မကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်မရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်" "မင်း ဘယ်လိုလုပ်သိလိုက် တာလဲ" "သူနဲ့တွေ့နိုင်ဖို့ ကျွန်မ အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ကျွန်မတွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်မကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်မစိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်မမှတ်မိနေခဲ့တယ်။ သူအရမ်းချောတာပဲ။ ယောင်္ကျားလဲပီသတယ် .... ဓာတ်ပုံထဲကထက်တောင် ခန့်သေးတယ်" ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်တော်မျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။ "ရှင့်ကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား" "ဟင့်အင်း... ကျွန်တော် မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်တော် ခေါင်းရမ်းရင်း ပြောလိုက်မိသည်။ "ရှင့်ရဲ့ လက်ကို ကျွန်မ ကိုင်နေတယ်... ခံစားလို့ရလား"မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်တော်ယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။ ကျွန်တော် ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်တော့်လက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်တော်မြင်ယောင်ကြည့်မိသည်။ "ရှင့် ကြည့်ရတာ အားမရှိလိုက်တာ။ ကျွန်မ စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်" စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူမစကားများကို ကျွန်တော်ခံစားမိသည်။ "ကျွန်တော် တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"ကျွန်တော် အရဲစွန့်ပြီး ကျွန်တော် အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။"ဘာဖြစ်လို့ ကျွန်တော့်ကိုမှ ရွေးချယ်ခဲ့ရတာလဲ" "... ကျွန်မ စောင့်ကြည့်နေတာ ကြာပြီ။ ရှင်နဲ့ chatting မလုပ်ခင်ကတည်းက ရှင့်အခန်းထဲမှာ ကျွန်မရှိနေခဲ့တယ်" တစ္ဆေတစ်ကောင် ကျွန်တော့် အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်တော် မသိခဲ့ပါလား.. ကျွန်တော်၏ နေ့စဉ် အပြုအမှု များကို သူမစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်တော့်စိတ်တွေ ထူပူသွားမိသည်..."ဟား...ဟား.. ရှင် ဘာတွေးနေလဲ ကျွန်မသိတယ်။ ကျွန်မ အဲဒီလောက် သတ္တိမရှိပါဘူး" ကျွန်တော့်မျက်နှာ နှစ်ဖက်ကိုကြည့်ရင်း ကျွန်တော်၏အတွေးကို သူမသိနေခဲ့သည်။"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ မင်းမသိဘူးလား" "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်မ မသိဘူး။ ကျွန်မတို့ ၀ိညာဉ်တွေက ဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ရှင်နဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်မ အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး စောင့်ကြည့် မနေတော့ပါဘူး" "နေပါဦး..... နေ့လည်အချိန် တွေမှာ မင်းဘာလုပ်နေလဲ" "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်မ၀င်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး" ကျွန်တော် မျက်လုံးများ ပြူးသွားမိသည်။လေးထောင့်အခန်း......... ခန္ဓာကိုယ်.... "နေ.. နေပါဦး... လူတွေက မင်းကို မသင်္ဂြိုလ်ကြသေးဘူးလား""ကျွန်မရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်" သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ် ဖြစ်မည်။ "မင်းဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား" "ကျွန်တော် ပြန်သွားရင် ရှင့်ကို ကျွန်မ မမြင်ရတော့ဘူး။ ကျွန်မကို မေ့သွားမှာ စိုးတယ်" သူမစကားကို ကြားပြီး ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။ သူမ၏စိတ်ထဲတွင် ကျွန်တော် ရှိနေခဲ့ပြီလား... လူသား တစ်ယောက် အနေနှင့် သူမ၏ကြင်နာမှုကို ကျွန်တော်ခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူမမှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်တော့်ကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်တော် ရင်ထဲ အတော်လေးကြေကွဲဝမ်းနည်း သွားမိသည်။ သူမကိုလည်း သနားသွားမိသည်။ ရင်ထဲက ၀မ်းနည်း မှုက မျက်ရည်ဖြစ်ဖို့ တာဆူနေပြီလေ။ "ကျွန်မအတွက်နဲ့ မျက်ရည်မကျပါနဲ့လား ... (ကျွန်တော်မျက်ရည်ကြည်လေး တွေကို သူမသုတ်ဖို့ ကြိုးစားနေတယ်)" ထိုစာကြောင်းကို ကြည့်ပြီး ကျွန်တော် အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်တော့်ကို နှစ်သိမ့်နေပါလား..။ စီးကျလုလု မျက်ရည်များကို ကပျာကယာ သုတ်ပေး နေသည့် သူမကို ကျွန်တော်မြင်ယောင်ကြည့်မိသည်။ "မင်းရဲ့ ကြင်နာမှုကို ကျွန်တော် ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ကြင်နာမှုတွေကို မင်းကို ပေးချင်တာပါ ...... မင်းရဲ့ လိုအပ်နေတဲ့ ကွပ်လပ်လေးကို ကိုဖြည့်ဆည်းပေးချင်တာပါ .... မင်းရဲ့ ၀မ်းနည်းခဲ့တဲ့ ရက်တွေအတွက် အပျော်တွေနဲ့ပဲ ရှိနေစေချင်တာ..."ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား""ဟုတ်တယ်" .."၀င်သွားပြီးနောက်ပိုင်း ရှင်နဲ့ ပတ်သက်သမျှ ကျွန်မ သတိမရတော့မှာကို မကြောက်ဘူးလား""ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်တော့်ကို မေ့သွားမှာလား" ကျွန်တော်စိတ်ပူစွာ ပြောလိုက်မိသည်။ "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ" ပြန်သွားပြီး သူမ သတိမရခဲ့လို့ ကျွန်တော့်ကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်တော့်ကြောင့် သူမသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။ "ပြန်သွားပါ။ မင် ကျွန်တော့်ကို မမေ့ဘူးလို့ ကို ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်တော့်ရှေ့မှာ ထိုင်ပြီး မင်းနဲ့ ညီ့အကြောင်းပြောပြတာကို ကျွန်တော် ကြားချင်သေးတယ်" မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်တော် ပြောလိုက်သည်။ "ရှင့်စကားကို ကျွန်မ နားထောင်မယ်။ ကျွန်မ ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်မ ပြန်အလာကို စောင့်နေမလား" "ကျွန်တော် စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကို့ကို မေ့ခဲ့မယ်ဆိုရင်တောင် မင်းသတိရပြီး ကို့ကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်" ကျွန်တော်ပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းချင်လာမိပြန်သည်။ သူမ ကျွန်တော့်အနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။ "ရှင့်နဖူးကို ကျွန်မ နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်မသွားပြီ။ ကျွန်မ ပြန်အလာကို စောင့်နေပါနော်" နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူမ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်တော် ထိုင်ခုံပေါ်တွင် ထိုင်ရင်း ခြေကုန်လက်ပမ်းကျသလိုမျိုး ဖြစ်သွားမိသည်.... အိပ်မက်ထဲက သူမပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူမသည် အချိန်မရွေး ကျွန်တော့်ရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူမကို နွေးထွေးစွာ ကျွန်တော်ကြိုမည်။ သူမ မလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်တော် online ပေါ်သို့ တက်ပြီး သူမကိုရှာမြဲ... သူမ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။ ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူမကို ကျွန်တော် လိုက်ရှာနေမိသည်။
ချစ်သော မေမေ
ခြေသလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့ ကျွန်တော်လေလွှင့်နေခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပါ။ တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်းတိုးခဲ့တယ်။ ကမ္ဘာ့ရွာတစ်ဖြည်းဖြည်း ကျဉ်းလာသည်။ မွေးရပ်မြေက အမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။ လွန်ခဲ့သော ၂၀နှစ်တွင် မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို စူးစမ်းဖို့ ကျွန်တော်ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း ၂၀အတွင်း ပီးကင်းမှ ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ တောင်အာဖရိကထိ၊ ထိုမှတစ်ဆင့် လန်ဒန်မှ ဆစ်ဒ်နီ အလုပ်လုပ်ရင်း လှည့်လည်ရင်း ကျွန်တော် ရောက်ခဲ့ဖူးသော နိုင်ငံများ ၂၀ ကျော်ခဲ့သည်။ နေရာသစ်တစ်ခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော် ပြောင်းလဲနိုင်ခဲ့ဖူးသည်။သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ မပြောင်းလဲနိုင်ခဲ့။ ip-ဖုန်းကဒ် လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏ အေးချမ်းသောအသံသည် ဘ၀၏စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။ အမေ့၏ အသံမှ တစ်နှစ်ထက်တစ်နှစ် အိုစာသွားခဲ့ သည်။ အမေနှင့်ဖုန်းပြောတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့ အမေ့ကိုစိတ်မပူဖို့၊ နေရာတစ်ကာ သတိနှင့်သွားလာဖို့၊ ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင် ပျက်မည်ဖြစ်ကြောင်း၊ ထပ်တစ်လဲလဲပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေကျွန်တော့်ကို လွမ်းနေပြီး၊ တွေ့ချင်နေ ပြီဆိုတာကျွန်တော်သိလိုက်ပါသည်။
အမေ(၇၅)နှစ်ရှိပါပြီ။ ကျွန်တော် လက်ဘေးက အလုပ်တွေကိုချ စိတ်ထဲက အစီအစဉ်တွေကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း ဘာမှအလုပ် ဘာမှမတွေးပဲ အမေ့အနားတွင်နေမည်။
ကျွန်တော် ပြန်လာခဲ့မည့်အကြောင်း အမေ့ကို ဖုန်းဆက်အကြောင်းကြားပြီးနောက် အမေစတင် အစီအစဉ်ဆွဲတော့သည်။ မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက် သောအစားအစာများမှတ်၊ ကျွန်တော်ငယ်ငယ်ကကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊ ကျွန်တော်ရောက်တုန်း အဆင်သင့် ၀တ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေရှုပ်နေခဲ့သည် ဆိုတာကို နောက်မှ ကျွန်တော်သိခဲ့ရသည်။ အသက်(၇၅)နှစ်ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်နေရင် မောတတ်တဲ့အမေ ကျွန်တော်ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
လေယာဉ်ပေါ်ကအဆင်း အမေနှင့်တွေ့သောအခါ ပြေးပြီး ဖက်လိုက်မည်ဟု စိတ်ကူးနှင့် ကြည်နူးနေမိသည်။ တစ်ကယ်တမ်း အမေနှင့် တွေ့သောအခါတွင် ကျွန်တော် ပြေးမဖက်မိ၊ အိမ်ပေါက်ဝတွင်ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့်တူနေသည်။ မျက်နှာပေါ်က အရစ်အစင်းများကြောင့် အမေသည် အရင်ပုံနှင့်မတူတော့။ အမေ တော်တော် အိုစာသွားခဲ့ပါလား။
အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေစတင်ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော်မကြိုက်တော့ ကြောင်း အမေ့ကိုမပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီးဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက် ပေါ့တစ်ခွက်ဖြင့် အရသာများအရင်နှင့်မတူတော့။ ကျွန်တော့်အတွက် ပြင်ဆင်ထားသော အိပ်ရာခင်းမှာလဲ ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထိုစောင်ထူထူကြီးများကို ခြုံအိပ်ရတဲ့အကျင့်ကျွန်တော်မရျိတော့။ ဂွမ်းစောင်အစား သိုးမွေး စောင်နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော်မပြောဖြစ်ခဲ့၊ ကျွန်တော်ပြန်လာတာ အမေကိုလွမ်းလို့တွေ့ချင်လို့ပဲလေ။
အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များရှုပ်နေသောကြောင့် အမေနှင့်စကားကောင်းကောင်းမပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လဲ လူဖြစ်အင်များ၊ လူ့ဘ၀အကြောင်းများကို ထပ်တစ်လဲလဲပြောနေတော့သသည်။ ထိုအကြောင်းများသည် လွန်ခဲ့သော ၁၀နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သောစကားများဖြစ်သည်။ ထိုအကြောင်းများ နှင့်ကျွန်တော်၏ ဘ၀နှင့်အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီးပြောတော့သည်။ ကျွန်တော် စိတ်အနှောက်အယှက်ဖြစ်လာလျှင် ထိုအကြောင်းအရာများသည် ခေတ်နောက် ကျပြီ ဖြစ်ကြောင်း ပြောမေလျှင် အမေသည် တွေတွေလေး တစ်နေရာရာကို ငေးကြည့်နေတတ်သည်။
မျက်စိတွေ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေဟင်းချက်ရာတွင် သန့်ရှင်းမှုကို ဦးစားမပေးတော့ကြောင်း ကျွန်တော်သတိပြုမိသည်။ အမေချက်သောဟင်းထဲတွင် တစ် ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို ထမင်းဟင်းများ ကြမ်းပြင်ပေါ်သို့ ကျင်လျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည် အရင်ကနှင့်မတူတော့။ အိမ်တွင် မချက်စားပဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။ ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် ငါလှုပ်ရှားနိုင်သေးသည်။ ငါမအိုသေးဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။ ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်းလိုက်ချင်သည်။ နောက်ဆုံးတွင် အမေခြေလှမ်းကြောင့် လိုရာသို့မရောက်နိုင်ခဲ့။
အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော့်အယူအဆများသည် မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီဟု အမေထင်နေသည်။ အရာရာတိုင်းသည် ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကိုတော့ ကျွန်တော် အားမနာစွာ အမေ့ကိုပြောဖြစ်ခဲ့သည်။
နောက်ပိုင်း အမေနှင့်ပြောဖြစ်စော စကားတိုင်းတွင် ကျွန်တော်သည် စိတ်အနှောက်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကို လုပ်လာမိသည်။ ကျွန်တော် စိတ် မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီးပြောမိခြင်း၊ စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားစကိုရပ်ပြီး တွေတွေလေးနှင့် နှုတ်ဆိတ် နေတတ်သည်။
ခွင့်တစ်လပြည့်ပြီး ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသသည် ကုတင်အောက်က သေတ္တာဟောင်းတစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော့်အားပေးလေသည်။ ထိုသတင်းစာဖြတ်ပိုင်းများမှာ ကျွန်တော်ပြည်ပရောက်စဉ် ကျွန်တော် ရောက်ခဲ့ဖူးသမျှနိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။ ကျွန်တော့်ကိုပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစ်စိုက် ညှပ်ပြီး အမေသိမ်းထားခြင်းဖြစ်သည်။ ကျွန်တော့်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့် အတူတူ ဆောင်သွားစေလိုသည်။
မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ သတင်းစာ တစ်မျက်နှာချင်းကို ကုန်အောင်ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုတာကို ကျွန် တော်အသိ၊ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲသို့ ဖြတ်ပိုင်းလေးတစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူလိုက်ပြီး အကျီအိပ်ထဲသို့ထည့်လိုက်သည်။ "ဘာဖြတ်ပိုင်းလဲအမေ ကျွန်တော့်ကို ပြပါလား" အမေတွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော် ချက်ခြင်းဖတ်ကြည့်လိုက်မိသည်။ "ငါအိုသွားသောအခါ" ဟုခေါင်းစဉ်တပ်ထားသော ၂၀၀၄-၁၂-လပိုင်း ၆ရက်နေ့က ဆောင်းပါးလေးဖြစ်သည်။ ဆောင်းပါးလေး မှာ ........
"ငါအိုသွားသောအခါ"
ငါအိုသွားသောအခါ ငါဟာအရင်ကငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီပေါ်လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကိုမရွံပါနဲ့
ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီးနားထောင်ပေးပါ၊
ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မရိုးအောင် ပြောရင်းငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကိုမငြိုပြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။
လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ပေးခဲ့သလို အခုအချိန် မှာ ငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲ့ဒီ့အပြုံးတွေထဲက မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။
ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။ ကျွန်တော်သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်း များကိုထည့်လိုက်သည်။ ကျန်သောဖြတ်ပိုင်းများက ကျွန်တော့်အတွက် အသုံးမ၀င်သော်လည်း ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်ဘယ်နေရာရောက် ရောက် ကျွန်တော့်အပါး အမြဲမခွာတော့။
မြန်မာပြည်မှ အမေ့ကို ဒီဝတ္တုတိုလေးကိုရေးရင်း မျက်ရည်များဖြင့် သားကန်တော့လိုက်ပါတယ်....
Sunday, March 6, 2011
ပန်းနှင့်ပြောသော ချစ်သူတို့၏လျှို့ဝှက်စကားများ
ပန်းနှင့်ပြောသော ချစ်သူတို့၏လျှို့ဝှက်စကားများ
၁။  ဗေဒါပန်း         = ကိုယ့်အချစ်ကိုလှည့်စားမနေပါနဲ့တော့
၂။ ဒန်းပန်း            = မင်းရောက်လာသည်အထိကိုယ်စောင့်နေပါ့မယ်
၃။ ခေါင်းလောင်းပန်း= နံနက်မိုးလင်းလျှင်လင်းခြင်း လာတွေ့ပါ
၎။ အပြာရောင်ခေါင်းလောင်းပန်း= ကိုယ့်အချစ်ကိုယုံကြည်စိတ်ချပါ
၅။ ချယ်ရီပန်း        =မိတ်ဆွေတစ်ယောက်အဖြစ်ရော
                         အသိအမှတ်မပြုတော့ဘူးလားကွယ
၆။ ဂန္ဓမာပန်း (အနီ) = ကိုယ်တော့မင်းကိုချစ်နေမိပြီကွယ်
၇။ ဂန္ဓမာပန်း  (အ၀ါ) = မင်းအချစ်ကိုတော့ကိုယ်မယုံနိုင်ပါ
၈။ ဂန္ဓမာပန်း  (အဖြူ)= ကိုယ်တော့မင်းကိုချစ်လည်းချစ်တယ်၊ 
                            ယုံလည်းယုံကြည်ပါတယ်ကွယ်
၉။ ဆပ်သဖူးပန်း   =  မင်းရဲ့ချစ်ခွင့်ပန်မှုကိုလက်ခံလိုက်ပါပြီကွယ်
၁၀။ ဒေလီယာပန်း(အနီ)= သိပ်ပြီးတော့လည်းအဖြစ်
                                သည်းလွန်းမနေစမ်းပါနဲ့
၁၁။ ဒေလီယာပန်း(အဖြူ) = ကိုယ်အခု အိမ်မှာမရှိသေးပါ။
၁၂။ ဂမုန်းပန်း     = မင်းရဲ့ထံပါးမှာအချစ်ရဲ့ကျေးကျွန်
                         အဖြစ်နေခွင့်မရဘူးလားကွယ်
၁၃။ နှင်းပန်း     = ကိုယ့်အဖို့တော့ မင်းကလွဲပြီး
                       ဘယ်သူ့ကိုမှမချစ်နိုင်တော့ပါ
၁၄။ နှင်းပန်း(အဖြူ) = ကိုယ့်အချစ်ဟာ မင်းအပေါ်မှာ
                       ဖြူစင်လွန်းလှပါတယ်ကွယ်
၁၅။ မြက်ပန်းပွင့် = အခြားနေရာမှာ 
                       ချစ်တဲ့သူတွေ့နေဦးမလားလို့ရှာကြည့်ရဦးမယ်
၁၆။ ညမွှေးပန်း   =အရာရာဟာ 
                        မင်းအတွက်သာဖြစ်စေရမယ်လို့ကတိပြုပါတယ်
၁၇။ သစ်ခွပန်း   = မင်းအဖို့ပျော်ရွှင်မှုများနဲ့ပြည့်စုံပါစေလို့
                       ဆုတောင်းလိုက်ပါတယ်
၁၈။ စံပယ်ပန်း   = မင်းဟာဒီပန်းကလေးလိုလှတဲ့သူတစ်ယောက်ပါကွာ
၁၉။ ဘိန်းပန်း   = စိတ်ညစ်ညူးနေခြင်းမှသက်သာမှုရပါတော့မယ်ကွာ
၂၀။ နှင်းဆီပန်း  = အချစ်စစ်အချစ်မှန်နဲ့ချစ်နေမိသူပါကွယ်
၂၁။ ပိတောက်ပန်း  = မင်းဘ၀  ရှေ့ရေးသာယာဖြောင့်ဖြူးစေရမယ်
                          လို့်ကိုယ်ကတိပေးပါတယ်ကွယ်
၂၂။ နေကြာပန်း  = မင်းဟာကျော်ကြားမှုသရဖူကိုဆောင်းနေရသူမို့
                       စိတ်မ၀င်စားရဲပါဘူးကွယ်
၂၃။ မိုးမခပန်း   = မင်းအပေါ်မှာချစ်နေမိတဲ့စိတ်ကိုစွန့်ပယ်လိုက်ပါပြီကွယ်
၂၄။ ကြာပန်း   = သစ္စာရှိသော မိတ်ဆွေတစ်ယောက်
                      အနေနဲ့ဆက်ဆံသွားစေချင်ပါတယ်
၂၅။ ဒေါနပန်း  = ၀မ်းနည်းကြေကွဲစရာများမခံစားရခင် 
                     တစ်ဦးနဲ့တစ်ဦးခွဲခွာကြပါစို့ကွယ်
ဇရာအိုရဲ့ ချစ်ခြင်းတရား
ဆေးရုံရဲ့အခန်းတစ်နေရာမှာ အသက်ယဲ့ယဲ့လေးရှုနေတဲ့ အဘိုးအိုတစ်ဦး
လဲလျောင်းနေခဲ့တယ်။ လူ့ဘဝနောက်ဆုံးအချိန်လေးမှာ အဘိုးအိုက
သူ့ရဲ့အိုမင်းရွတ်တွနေတဲ့လက်နဲ့ အဘွားအိုရှိရာဘက်
ကမ်းလိုက်တယ်။ရာစုနှစ်တစ်ဝက်လော
က် ကိုယ့်အပေါ်ဂရုစိုက်ကြင်နာခဲ့သူ
ကို
သူကျေးဇူးတင်နေမိတယ်။
မကြာခင် ဒီလောကကြီးကနေ သူထွက်သွားရတော့မယ်။ ထွက်မသွားခင် အဘွားအိုရဲ့အကြင်နာ၊
ကရုဏာကို အသိအမှတ်ပြုရာရောက်အောင် ပြီးတော့ ကိုယ်လည်းစိတ်ချလက်ချ
သွားနိုင်အောင် ရင်ထဲက လျှို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ သူဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် လျှို့ဝှက်ချက်ကိုမပြောခင် အဘွားအိုက တုန်ရင်ရင်လက်နဲ့ သူ့ပါးစပ်ကို
အသာအယာလေးပိတ်ပြီး "အချစ်ရဲ့ဘာလျှို့ဝှက်ချက်တွေမှ ကျွန်မ မလိုဘူး။
အချစ်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်က ကျယ်ပြန့်တဲ့လူ့ပင်လယ်မှာ
ရှင်နဲ့ကျွန်မသိခဲ့တယ်၊ ချစ်ခဲ့တယ်၊ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
နေပူမိုးရွာမရှောင် အရာရာကို အနှစ်(၅ဝ)ကျော် ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်.."
အဘွားအိုရဲ့စကားကြောင့် အဘိုးအို မျက်ရည်ကျမိတယ်။ နောက်ဆုံး
အဲဒီလျှို့ဝှက်ချက်ကို ရင်ထဲထည့်ပြီး လောကကြီးထဲ သူထွက်ခွါသွားခဲ့တယ်။
A to Z
A ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို
ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
B လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ
..ဟင်း ..ဟင်း ..၀ီစကီထဲ
C ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ
အန္တရာဃ်တွေဟူသမျှကို ဟော
D ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်
မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ
စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်
၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
E သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့
ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
F ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။
ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို
ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။
သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
G ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ...
ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
H  ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊
တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို  I  တွေတိုင်းလည်း
ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
 J  ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ
အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ်
မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
 K  ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊
မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ
သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊
ကိုယ်ဟာမေ့ရဲ့
L  စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ
ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ
ချစ်တဲ့အကြောင်းဖွင့်  M  ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ
အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
N  ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်
O  မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး
မေ့ အပေါ် ထားတဲ့သစ္စာ မ
P  ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
Q  ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
R  တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
S  ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
T  တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့
ပြန်
U ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့
ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က
V  ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့်
လိုက်မှန်းမသိတဲ့
W  ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊
နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
X  ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။
သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
Y  နဲ့ ပိုးသတ်ဆေး သောက်ရင်း
Z  ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´
ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း
ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း
" အနှစ်လို  အချစ်ပိုချင်ရင်  *စစ်ဗိုလ် *ကိုစဉ်းစားပါ "
" ကညာမွန်  အညာလွန် ချင်ရင် *ဆ၇ာဝန်*  ကိုရွေးပါ "
" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "
" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ "
" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ "
" အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား*  ကို လည်း မယူနဲ့ "
" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်*  လည်းမရွေးနဲ့ "
" အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ "့
" ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ "
" အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ "
" ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "
" ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း  *ကောင်လည်း မရွေးနဲ့ "့ 
" ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်း
ေ၇ှာင်ပါ "
"  ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်း
    မစဉ်းစားနဲ့ "
" မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့"
"နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့"
ချစ်သူဆီသို့ဝန်ခံခြင်း
သို့ 
  ချစ်သူ..........ငါ သည် မိဘ က လွဲ ရင်
                  မင်း ကိုအရိုအသေဆုံးပါ။
  ချစိသူ........ငါသည်ငါ့ကိုယ်ကျင့်တရားကလွဲံရင်
                 မင်းကိုဂရုအစိုက်ဆုံးပါ။
  ချစ်သူ.........ငါသည် သေခြင်းတရားကလွဲရင်
                  မင်းနဲ့ဝေးရမှာ အကြောက်ဆုံးပါ။
  ချစ်သူ.........ငါသည် နိုင်ငံတော် ကလွဲရင်
                  မင်းအပေါ် သစ္စာအရှိဆုံးပါ။
   ချစ်သူ.........ငါသည် တရားဥပဒေကလွဲရင်
                မင်းကိုအလေးစားဆုံးပါ။
ထို့ အတူ.........................
  ချစ်သူ..........ငါသည်ငါ့ကိုငါ က လွဲရင်
                   မင်းကို အချစ်ဆုံးပါ။။
  တကယ်ပါချစ်သူရယ် အပိုတွေမပြောတက်ပါဘူး
     ဒါကိုချစ်သူမင်းသိမှသိပါစ...............
Saturday, March 5, 2011
ဘဝ ဆိုတာ
ဘဝ ဆိုတာ စစ်တုရင်ထိုးရသလိုပါ
ကိုရ့် ဘက်က မှန်နေသမျှ
                          ကိုရ်အရေးသာနေသလို
သူ့ ဘက်က မှားသွားရင်လည်း ကိုရ်အရေးသာတရ်
ဒါပေမရ့် 
         နောက်ဆုံးမှာတော့     ရရ်တဲ့သူက
                                  နိုင်သူပါပဲ..........
ဖွင့်ဆိုချက်
ယူကလစ်ဂျီသြမေတြီမှာ  ဖွင့်ဆိုချက်က
        မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘရ်သောအခါမှ မဆုံပါဘူး တဲ့......
ရိုင်မန်ဂျီသြမေတြီရဲ့  ဖွင့်ဆိုမှုက
         မျဉ်းပျိုင်နှစ်ကြောင်းဟာ အင်ဖန်နတီမှာ ဆုံပါတရ် တဲ့......
ကျွန်တော်ကတော့ ယူပလစ်ရဲ့ အယူအဆကို ပိုလက်ခံတရ်.......
မျဉ်းပြိုင်နှစ်ကြောင်းဟာ တကရ်တန်းပြိုင်ပြီဆိုရင်.........
                                           မဆုံပါဘူးဗျာ.....
လွမ်းတဲ့လူရိုင်း
ချစ်သူရရ်......
                     ကမ္ဘာဦးမှာတုန်းက
                                ချစ်သူကိုလွမ်းတဲ့ လူရိုင်း
                                သူစိတ်ကို ဘရ်လိုများဖြေသိမ့်ခဲ့ပါလိမ့်နော်
                                ငါကတော့ မြက်ခင်းထဲကို လှိမ့်ချလို၏
                                 ငါ့ ပါးပြင်....
                                 ငါ့ လည်တိုင် က
                                                        နွေးထွေးစွာ ခံစားရ၏
အဖြုရောင်အေးအေးတို့ ဖြင့် မြက်ရိုင်းတို့ သည်
ရိုးစင်းစိမ်းလန်းနေဆဲပါ.....
              ချစ်သူ နာမည်စိတ်ထဲရေရွတ်ထွေပြား 
သူ့ ကိုလွမ်းမိသည်....
                                သြော်......
                                 သည်ဘဝမှာတော့ဖြင့်.......
တိတ်ဆိပ်ငြိမ်သက်မှုဟာ
အခုချိန်မှာ ငါအတွက် အချိုမြိန်ဆုံးအသံပါပဲ
ဘာမှမရှိခြင်းက
ငါ့အတွေးတွေကို နက်ရှိုင်းစေတရ်
ဒါကို မင်း......
ဘရ်တော့မှနားလည်မှာမဟုတ်ပါဘူး
အကြောင်းပြချက်မရှိပဲ
ဆက်လျှောက်ကြတာပေါ့
တခြားသူတွေ စဉ်းစားနေတာ
နာကြင်မှု အပြည့်ပါပဲဆိုတာ သိနေတရ်
ဒါပေမရ့် ဘာကိုမှမသိလိုက်တာ.......အကောင်းဆုံးပါပဲ.....
အဓိပ္ပါရ်ဖွင့်ဆိုချက်
အလွမ်းဆိုတာ.....
                                 မင်းကိုလွမ်းဆွတ်နေခဲ့ရတာ.....
များပြားလွန်းလှလို့ .....
                                 ဘရ်လိုအဓိပ္ပါရ်ဖွင့်ဆိုရမရ်မှန်း.....
မသိတော့ပါဘူး.....ချစ်သူ.....