Sunday, May 1, 2011

ငါမြန်မာလား...........ငါဗမာလား...............


ရွှေတိဂုံ ဘုရားကိုမြင်
ငါဗမာလား.. ငါမြန်မာလား..။
အမေ့ပါးက နံသာဖြူ၊သနပ်ခါးကိုမြင်
ငါဗမာလား.. ငါမြန်မာလား...။
ငပိပုတ်နဲ လဖ္ဘက်ရွှက်ကိုမြင်
ငါဗမာလား.. ငါမြန်မာလား..။
မြန်မာတွေကံနိမ့်လို့
ဒေါင်းဖြစ်ချင်တဲ့ ကျီးကန်းသိုက်တွေ
များလို့နေလား.. ပေါလို့နေလား..။
မြန်မာသွေးကိုဖေါက် မြန်မာစိတ်ပျောက်ပြီး
ဒေါင်းတောင်တပ်မဲ့ အမျိုးပျက်တွေ
များလို့နေလား..ပေါလို့နေလား..။
ဘယ်တိုင်းဌာနီ ဘယ်လူအမျိုး
ဂုဏ်ရှိန်ကြီးမြင့် တန်ခိုးကြီးလဲ
မြန်မာပြည်မွေး မြန်မာသွေးမို့
ရွှေပေးလဲ  မြန်မာ
ငွေပေးလဲ မြန်မာ
ဘာပဲပေးပေး... ငါမြန်မာဟေ့..။ ငါဗမာဟေ့..။

ငါတို့ အမျိုး ငါတို့မြန်မာ
ဂုဏ်ရှိန်မေးမှိန်
ကျီးရောင်ပေါက်လဲ
ငါမြန်မာဟေ့...။ ငါဗမာဟေ့...။
သမိုင်းပေးတာဝန်
ချန်ခဲ့သည်မို့
အတိတ်နဲ ယနေ့
မြန်မာဂုဏ်ဝါ မေးမှိန်နေလဲ
အဆွေမြန်မာ အို! မြန်မာတို့
ငါတို့ခေါင်းဆောင် ငါတို့ဆောင်၍
ဂုဏ်ယူဝင့်ကြွား အလံလွှင့်ဖို့
စုစည်းမှူ့အား  အများအားနှင့်
ငါတို့အလံ ငါတို့ထူလို့
ဒါဒို့မြန်မာ..။ ဒါ ဒို့ဗမာ..လို့
ကြွေးကြော်ကြစို့... သူငယ်ချင်း...။

No comments:

Post a Comment