Monday, September 19, 2011

သွေးကပြောသော လူ့ စိတ်များ

 သွေးအမျိုးအစားအလိုက် ကိုယ့်ချစ်သူ ( သို့) သူငယ်ချင်း ( သို့ )မိတ်ဆွေအကြောင်း အကဲ ခတ်လေ့လာလို့ ရအောင် တင်ပေးလိုက်ပါတယ်....
                                                 >>> “ အေ ”သွေး  <<<

    A သွေးပိုင်ရှင်တွေဟာ ခေါင်းမာတယ်။အယူသည်းတယ်။ရှက်ကြောက်လေ့ရှိတယ်။ကိုယ့်အကြောင်းပဲ အဓိ က စိတ်ဝင်စားပြီး သူများ အကြောင်း သိပ်စိတ်မ၀င်စားတတ်ဘူး။မုသားစကားအလွယ်တကူ ပြောလေ့မရှိဘူး။သူငယ်ချင်းတွေ အပေါ်မှာ သစ္စာရှိတယ်။ လျှို့ဝှက် တတ်တယ်။ သူတို့ ခံစားချက်ကို အလွယ်တကူ မဖွင့်ဟတတ်ဘူး။အမျိုးသားများဟာ သူတို့ချစ်သူကို နူးညံ့သိမ်မွေ့စွာနဲ့ တယောက် ဆိုတယောက်ပဲ ချစ်တတ်တယ်။ဒါပေမယ့် သူတို့ရင်ထဲ က ခံစားချက်ကိုတဖက်သူသိအောင်အထူးသဖြင့် ချစ်သူ သိအောင်ဖွင့်ထုတ် တဲ့နေရာမှာအတော်လေးအားနည်းတယ်။  မိန်းမ တွေ ကို ချဉ်းကပ်ဖို့ ကြိုးစားရာမှာလဲ တွန့်ဆုတ် တွန့်ဆုတ်နိုင်တယ်။  မြင်မြင်ချင်းအချစ်နဲ့ချစ်တတ်တယ်။အေသွေးပိုင်ရှင်အမျိုးသမီးများ ကတော့ သူ့ချစ်သူအကြောင်း တချိန်လုံး စဉ်းစားနေတတ်တယ်။အချစ်မရှိပဲ လိင်ကိစ္စ လုပ်တာ ကို စိတ်မ၀င်စားဖူး။ လွယ်လွယ်မချစ်တတ် ဘူး။ ချစ်မိရင်လည်း နက်နက်ရှိုင်းရှိုင်း ချစ်တတ်တယ်။ယုတ်စွ အဆုံး ကိုယ့်ရဲ့ချစ်သူ ဟာ အိမ်ထောင်သည် ဖြစ်နေရင်တောင် စွဲစွဲ မြဲမြဲ ချစ်တတ်တယ်။ ဒါပေမယ့် သစ္စာဖောက်ခံရရင်တော့ လက်စားချေတတ်ကြတယ်။

                                                   >>> “ ဘီ "သွေး  <<<

   B သွေးပိုင်ရှင်တွေဟာ အကောင်းမြင်တတ်တယ်။လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ်။ သူတို့ဟာ တီထထွင်ဖန်တီး တတ်တယ်။ကိုယ့်ဒူးကိုယ်ချွန်သမားတွေ ဖြစ်တယ်။တခြားသူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်တတ်ကြဘူး။အမျိုးသားများဟာ အမျိုးသမီးတွေ နဲ့ ဆက်ဆံတဲ့ အခါ ပွင့်လင်းတယ်။ရိုးသားတယ်။ဆွဲဆောင်မှုရှိတယ်။မျက်နှာများတယ်။အမျိုးသမီးများ ကတော့ အချစ်စိတ်ထက်သန်တတ်ကြပေမယ့်အလွယ်တကူ မပြတတ်ကြဘူးဆိုရှယ်မလေးတွေလည်းဖြစ်တယ်။ပွဲလမ်းသဘင်အထွက်များတယ်။
ကဗျာဆန်ချင်တယ်။ဒါကြောင့်သူတို့ ချစ်သူကဗျာမဆန်တဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်တတ်တယ်။သူတို့ဟာ ထိပ်ဆုံးမှာ အမြဲနေချင်ကြတယ်။

                                             >>> “ အေဘီ ”သွေး <<<

    AB သွေး ပိုင်ရှင်တွေ ဟာ အေးတယ်။ခံစားချက်ကို ချုပ်တီးထားတတ်တယ်။ဆိုရှယ်ကျတယ်။ပေါ်ပြူလာဖြစ်တယ်။တခါတလေ ပျင်းတွဲတွဲနိုင်တယ်။ပြစ်တင်ဝေဖန်တတ်တယ်။ဆုံးဖြတ်ချက်ချတာ ဝေခွဲမရဖြစ်တတ်တယ်။သူတို့ကို ခန့်မှန်းလို့မရဘူး။ငွေရှာကောင်းတဲ့
သူတွေလည်းဖြစ်တယ်။တခါတလေမှာ မျက်နှာများတတ်တယ်။အမျိုးသားများ ကတော့ အရမ်းခံစားလွယ်တယ်။ချစ်တတ်တယ်။
အမျိုးသမီးတွေ နဲ့ အရောတ၀င်လိုက်လျောညီထွေနေဖို့ အရမ်းရှက်တတ်တယ်။အရမ်းကဗျာဆန်တယ်။သူ့ရဲ့ချစ်သူလောင်းကိုလည်း သူ့လိုပဲ ကဗျာ ဆန်မယ်လို့ မျှော်လင့်ထားတတ်တယ်။အမျိုးသမီးများ ကတော့ စိတ်ကူးယဉ်ဆန်လွန်းတယ်။အိမ်မက်နယ်က မလွတ်မြောက်တတ်ဘူး။သူတို့ရဲ့ချစ်သူလောင်းကို အလုပ်ကောင်းကောင်း၊လစာကောင်းကောင်း ရှိတဲ့သူမျိုးဖြစ်စေချင်တယ်။
လွယ်လွယ်နဲ့ အချစ်ကို လက်မခံချင်ကြဘူး။

                                                >>> “ အို ”သွေး <<<

   O သွေးပိုင်ရှင်တွေ ဟာ ရည်မှန်းချက်ကြီမားတယ်၊အားကစားဝါသနာပါတယ်။ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိတယ်။ဒေါသကြီးတယ်။
လောင်းကစား မလုပ်တတ်ဘူး။ဝါသနာလည်းမပါကြဘူး။
လောင်းကစားလုပ်ရမှာကိုကြောက်တတ်ကြတယ်။အားကားဘက်မှာ ထူးချွန်
တတ်ကြတယ်။အမျိုးသားများ က သူတို့ချစ်တဲ့ခံစားချက်ကို ရှက်ကြောက်လေ့မရှိဘဲဖော်ပြနိုင်တယ်။အချစ်ရေးမှာ အခက်အခဲ ကြုံရင်
လည်းမရမက နဲ့ထိုးဖောက်ဖြတ်ကျော်လေ့ရှိကြတယ်။လုပ်ငန်းခွင်တွင်းအချစ်ရေးကိုခုတုံးလုပ်ပြီး ရာထူးတိုးအောင်လုပ်တတ်ကြတယ်။
ငွေကြေးအတွက်လက်ထပ်တတ်ကြတယ်။ကိုယ့်ကိုယ် အရမ်းအထင်ကြီးတတ်ကြတယ်။First Impression ကောင်းအောင်နေတတ်ကြ
တယ်။ကဗျာဆန်သလိုလို ထင်ရပေမယ့် ကဗျာမဆန်ဘူး။အမျိုးသမီးများ ကတော့ သန့်စင်တယ်။ကဗျာဆန်တယ်။ခံစားချက်ပြင်းထန်
တယ်။မိခင်စိတ်ကြီးတယ်နောက်ပြီး သ၀န်သိုစိတ်ကြီးမားတယ်။အရာရာ ကို ငြီးငွေ့လွယ်တယ်။အသစ်အဆန်းမက်မောတယ်။

* သွေးအမျိုးအစားအလိုက် သင့်တော်လိုက်ဖက်ရွေးချယ်သင့်သူများ *

 *အေသွေး ပိုင်ရှင်ဟာ အေ နဲ့အေဘီ သွေးပိုင်ရှင်တွေ နဲ့လိုက်ဖက်မှုရှိတယ်။
*ဘီသွေးပိုင်ရှင်ဟာ ဘီ နဲ့ အေဘီသွေး ပိုင်ရှင်တွေ နဲ့လိုက်ဖက်မှုရှိတယ်။
*အေဘီသွေးပိုင်ရှင်တွေ ကတော့ ဘယ်သွေး ပိုင်ရှင်နဲ့မဆို လိုက်ဖက်မှုရှိတယ်။
*အိုသွေးပိုင်ရှင် ကတော့ အိုသွေး နဲ့ အေဘီသွေးပိုင်ရှင် နဲ့လိုက်ဖက်မှုရှိတယ်။

No comments:

Post a Comment