Saturday, September 24, 2011

ဘရ်လိုဆိုရမှာလဲ

ပြန်ဆုံမယ့် ......... လမ်းခွဲ ....
အရင်ကလို..... နိုက်တင်ဂေးရဲ့ ဂရုဏာတေးသွားနဲ့ 
မင်းနှုတ်ဖျားက နှစ်သိမ့်စကားသံလေးတွေကို ....
ငါ ပြန်ကြားချင်နေမိတယ်......
ခံယူချက်ကိုယ်စီနဲ့.....
ငါတို့ ရဲ့ လမ်းတစ်ဖက်စီ ဖြတ်အကူးမှာ
နားလည်မှုတံတားလေး ကျိုးပြတ်သွားခဲ့ပေါ့. .......
ဆောင်းလက်ချောင်းတွေလို မြူတွေဝန်းခိုနေတဲ့ 
ကြင်နာသူရဲ့ လက်ဖျားကလေး 
ဒီအချစ်ကို သွေးအေးအေးနဲ့ လက်ပြနှုတ်ဆက်တယ်. .......
ငါ ပြန်ပြုံးပြခဲ့သလား ခြားထားတဲ့စည်းက ဖျက်မရတော့ဘူးလားကွယ်......
မင်းသိပ်မက်မောတဲ့ ငွေကြေး ငါဝေးဝေးနေချင်မိတာ အပြစ်တဲ့လား ကွယ်......
ငွေဂုဏ်ရှိတဲ့ ဘ၀နဲ့ ဟန်ဆောင်နေရမယ့် ဘ၀ကို 
နင့်ထက်ပိုပြီး ငါမခင်တွယ်ခဲ့တာ အပြစ်တဲ့လား
ရိုးရိုးသားသား ဝေးနေကြတော့မယ်.........
ချစ်သူ ပေးတဲ့ သောကတနင့်တပိုးက
ို မြတ်မြတ်နိုးနိုး ထုပ်ပိုး ဘ၀ရဲ့ တောအုပ်ထဲကို
ငါတစ်ယောက်တည်း ထိုးဖောက်ရတော့မယ်......
ပြန်မသိမ်းဆည်းချင်တော့တဲ့
ချစ်ခြင်းတွေ ပန်းအဖြစ်နဲ့ ဝေချင်လဲဝေ 
အလွမ်းအဖြစ်နဲ့ ကြွေချင်လဲ ကြွေပါစေတော့ကွယ်. 
ချစ်သူရေ.... ရင်နင့်အောင် မြတ်နိုးလို့ 
လွမ်းမိုးတွေ ဆွေခဲ့တဲ့...... ဆောင်း......
မင်း ကံကောင်းနေပါစေ ချစ်သူ ရယ်.......
ငါ............. မင်းနဲ့ ဝေးကွာခြင်းခရီးဆုံးဘူတာမှာ အကြင်နာတွေနဲ့ စောင့်လို့ နေရစ်ပါ့မယ်....... မင်းရင်ခွင်နောက်ဆုံး ရထားတဲ့ 
အမှာစကားပါးလာမယ့် တစ်နေ့
ငါတို့ ပြန်တွေ့ ကြတာပေါ့. အခုထိတော့............
သံယောဇဉ်ဖြူဖြူတွေက ဆောင်းညဆန်နေတုန်းပဲကွယ်.....
လွမ်းတယ်......... ချစ်သူ......
အပြင်မှာ မြူနှင်းတွေ အထပ်ထပ်နဲ့
နှင်းစက်တို့ တဖြုတ်ဖြုတ်ကြွေ မာကျူရီမီးတွေ ဝေတဲ့ည 
ဟောဒီလို မြို့ ပြရဲ့ ည........
ချစ်သူ နဲ့ အတူရှိခဲ့တဲ့ ပြည်လမ်းမကြီးက အလွမ်းနဲ့ ထပ်တူကျပါလိမ့်မယ်....... 
အင်းလျားကို...... ဖြတ်ကျော်စီးဝင်လာတဲ့ ညဥ့်နက်လေညင်းရေ......... 
ကလေးတစ်ယောက်လို နူးညံ့ဖြူစင်မှုမျိုးနဲ့ 
ငါမြတ်နိုးတဲ့ ချစ်သူကို အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေပါစေတော့ကွယ်.......
ချစ်သူအတွက် ဆိုညည်းတဲ့ ရင်ခုန်တေးသွား 
ငါ လမ်းကြုံပါးလိုက်မယ်.....
အိပ်မက်ထဲက ပြန်ကြားပေါ့ ချစ်တဲ့သူ..............

သခင်

အတွေးတိုင်း၏သခင်...........နင်..
အိပ်မက်တို့၏ဘုရင်..........နင်ပါ......
စိတ်ကူးများ၏ပလ္လင်......ဒါလည်းနင်ပါပဲ.........
စိုးမိုးထားသူ အသင်............နင်ပဲနော်.
ပြိုကွဲလုလုငါ့ရင်ခွင်..........
ကြေကွဲခြင်းများနှင့်ယခင်............
အတိတ်တို့အားပြန်မြင်......
ကြည်နူးခြင်းများကိုယ်စီ........
ပြန်တွေးမိတိုင်းနာကျင်ရက်စက်ခြင်းဖြင့်......
နင်ထားရစ်ခဲ့တော့........
ဒီရင်ပျော်ရွှင်ခြင်းဟာ ဘယ်ဆီ....ကို
ပြန်တွေ့ဖို့လမ်းတော့ မမြင်ပြီ............သခင်........

Monday, September 19, 2011

Am i last one?

ကိုယ်ချစ်နေတဲ့ ချစ်သူနှင့် ရာသက်ပန် လက်တွဲခွင့် ရှိ၊မရှိသိချင်လား သူငယ်ချင်း နည်းကတော့လွယ်လွယ်လေးပါ.................
 
.....သင်ရယ်သင့်ရဲ့ချစ်သူတို့ရဲ့မွေးနေ့သက္ကရာဇ်အားလုံးကိုပေါင်းကြည့်
နောက်ဆုံးရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့............
ကဲ အစမ်းလေးလုပ်ကြည့်ရအောင် သင်က 07/12/1984 သင့်ချစ်သူက 21/9/1985 ဆိုပါစို့
7+12+1984+21+9+1985=4018
ပြီးသွားရင် ထပ်ပြီးတော့ 4+0+1+8 ကိုထပ်ပေါင်း
အဖြေက 13....1+3=4ပေါ့ 
ရှင်းပြီနော် သူငယ်ချင်း... ကဲ တွက်ကြည့်ကြနော်..


1 ရတဲ့သူကတော့ သင်ဟာသူ့ကိုအသက်ပေးနိုင်လောက်အောင်ကိုချစ်ပေမယ့်
သူ့အတွက်ကတော့ ရည်းစားဟောင်းကပစ်သွားလို့ အသဲကွဲပြီး ခဏတာလာနားတဲ့ bus
ကားမှတ်တိုင်လို ဖြစ်နေတာပါ
သင်နဲ့အတူနေတဲ့အချိန်မှာသူဟာပျော်ရွှင်နေရပေမယ့် အဲဒီပျော်ရွှင်ခြင်းက
ဟိုမရောက်ဒီမရောက်နဲ့ဖြစ်နေတတ်တယ် ဘာဖြစ်လို့လဲဆိုတော့
ပွေရှုပ်တတ်တဲ့သူ့အကျင့်က သင့်ထက်သာမယ့်သူကို
အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အလမ်းဟာ
မျောက်တစ်ကောင်သစ်ပင်ပေါ်ကပြုတ်ကျတာနဲ့အတူတူလိုဖြစ်နေတာပါ ... 
နောင် busကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင်
သူတစ်ခါတည်းပြေးတက်သွားဖို့ဝန်လေးမှာမဟုတ်သလို
သင့်ကိုဘယ်လိုဖြစ်ပြီးကျန်ခဲ့မှာလဲဆိုပြီး
ခေါင်းပြန်စောင်းငဲ့ဖို့တောင်အချိန်ရှိမှာမဟုတ်ဘူး ...

2 ရတဲ့သူကတော့ သင်နဲ့သူဟာချစ်တော့ချစ်ကြပါတယ် ဒါပေမယ့်
မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ချစ်ခြင်းဖြစ်တယ် တူတူနေခဲ့ရင်လည်း
လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာအမှန်ပါပဲ အကျင့်တွေကလည်း
တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက်ကလည်း
အလျှော့ပေးမှာမဟုတ်ဘူး ဒါတောင်မှသင်တို့မှာ
သုံးပွင့်ဆိုင်မရှိသေးဘူးနော်...တစ်နေ့ကျရင် သူက
ခဏဝေးဝေးလောက်နေကြည့်ကြရအောင်လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ
သူကသင့်ကိုမချစ်တာမဟုတ်ပါဘူး
တစ်ယောက်ကိုတစ်ယောက်နားလည်နိုင်တဲ့အချိန်တစ်ခုလောက်တော့
ထားပေးလိုက်ကြပေါ့နော့....

3 ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်းသင်က အစစ်အမှန်ကိုတွေ့တာပဲလေ
သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ် ဘာပဲဖြစ်ဖြစ်
တူညီနေတာပဲ အကျင့် အကြိုက် ညစ်ပတ်ခြင်း ပေါခြင်း အရူးထခြင်း တွေပေါ့
ဒါကြောင့်သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကိုမှန်ကြည့်နေရသလိုပဲ
သင်တို့အချစ်ဟာဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့အမှန်ပဲလေ
ကြည့်လိုက်တာနဲ့နှလုံးသားထိမြင်ရတယ်ဆိုတာပေါ့ အဲ့ တစ်ခုတော့ရှိတယ်
သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ သင့်အတွက်သူဟာ ငြီးငွေ့စရာကောင်းနေတယ်
ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကိုရှာဖွေနေတယ်
နောက်ဆုံးတော့လည်း ဘယ်လူမှ
သင့်ရဲ့အခုအရသာမရှိတဲ့ပေါ့ရွှတ်ရွှတ်လူထက်ပိုပြီး
ကောင်းမှာမဟုတ်ဘူးဆိုတာသင်သိလိမ့်မယ် ...မသိနိုင်ဘူးလေ
အဲဒီအချိန်ရောက်ခဲ့ရင် ...နှောင်းချင်လည်းနှောင်းသွားမှာပေါ့

4 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလိုဖြစ်နေတယ် ဘယ်လိုခွာခွာ
ခွာလို့မရတဲ့ပုံစံ ဘ၀ကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ပုံစံနဲ့တူနေတယ်
သူလည်းသင့်အကျင့်တွေဟာသူနဲ့ပေါင်းစပ်လို့ရမလားဆိုတာကိုမသေချာသေးဘူးဖြစ်နေတယ်
သင်ကလည်း အိနြေ္ဒရှင်ပီသစွာနဲ့
သူ့ကိုချစ်တယ်လို့ဖွင့်ပြောဖို့မရဲဘူးဖြစ်နေတယ်
ဒါကြောင့်ဟိုဖက်ကိုလည်းမသွား ဒီဖက်ကိုလည်းမရောက်ဖြစ်နေတာပေါ့
အကောင်းဆုံးကတော့သင်တို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး
ပြသနာကိုတူတူဖြေရှင်းကြတာကအကောင်းဆုံးပဲလေ မဟုတ်ရင်တော့ သင်တို့ထဲက
တစ်ယောက်မဟုတ်တစ်ယောက်ဟာအသစ်တွေ့ပြီး သင်တို့ရဲ့ဇါတ်လမ်းလေးက
ဇါတ်သိမ်းသွားလိမ့်မယ်နော်...

5 ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲအချစ်ပေါ့ ဘာဂိုဏ်း
ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေလိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့အချစ်စစ်
သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲအန္တရာယ်ရှိပေမယ့် သင်တို့ဟာ
တစ်ယောက်နဲ့တစ်ယောက်ကိုနားလည်ပြီး နှလုံးသားအစစ်အမှန်နဲ့ချစ်တာဖြစ်တယ်
သင်တို့နှစ်ယောက်ဟာ ခုချိန်မှာချစ်သူအဆင့်တွေမဟုတ်တော့ပါဘူး
နှစ်လွာပေါင်းမှတစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ
အသက်ပေးပြီးချစ်ကြတဲ့သူတွေအဆင့်ရောက်နေကြပါပြီ
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံမသကာင်္မဖြစ်ပါနဲ့
ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ သင်ဟာ ဘုရားကပေးလာတဲ့
ဖူးစာရှင်အစစ်လို့ ...

6 ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင်မလိုတော့ပါဘူး
ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ချိုမြိန်ခြင်းက
သကြားရဲ့အချိုဓါတ်ကိုတောင်ဝါးမြိုသွားလို့ဖြစ်တယ် ဒါပေမယ့်လည်း
ဒီပျော်ရွင်မှုဟာ မပြည့်စုံသေးဘူးလို့သင်ခံစားရမယ် ရေမြောင်းပုပ်မှာ
လရိပ်ကို မြင်ရသလိုပေါ့... သင်ဟာ သင့်ချစ်သူနဲ့
ဒီလိုအမှတ်တရအချိန်လေးတွေကိုဘယ်လောက်ကြာကြာခံစားရဦးမှာလဲဆိုတာမသေချာသေးဘူး
သို့ပေမယ့်လည်းသင်ဟာခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ
အကယ်လို့သူပြသနာတစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က
ဘာမှမသိသလိုနေမှာအသေအချာပဲ ...
သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပြီလားလို့မေးရရင်တော့
သင့်ရဲ့အစွမ်းအစပေါ်မှာမူတည်ပါတယ် ပြီးတော့
သူရဲ့ခိုင်မာမှုနဲ့လည်းဆိုင်တယ်လေ
သူ့ရဲ့ပြသနာကိုဖြေရှင်းနိုင်ရဲ့လားဆိုတာ....

7 ရတဲ့သူက ဒီတစ်ယောက်က
သင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်
အနိမ့်စားလူတစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့ ဘာဖြစ်လို့လဲဆိုတော့
အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ် ကိုယ့်ကိုယ်ကိုအထင်ကြီးမှု
အများကြီး အများကြီးပေါ့ သင့်ကိုတစ်ခုခုကူညီလိုက်ရင်
ကျေးဇူးအတင်ခံချင်တာကအရင် ပေါ့ ကျေးဇူးမမေ့နဲ့ ကျေးဇူးမမေ့နဲ့
ဆိုတာသူ့ပါးစပ်ကပြောလာတဲ့စကားတွေပေါ့ ပွေလည်းပွေတယ် ကပ်စေးလည်းနှဲတယ်
ဆိုးသောအရသာမျိုးစုံနဲ့ပြည့်နေတဲ့သူပေါ့ သင့်နဲ့ရည်းစားလာဖြစ်တာကလည်း
အထွေအထူးမဟုတ်ပါဘူး Super Casanova ဆိုတဲ့ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်
သင်ဟာ ရုပ်မရှိရင်
အဲဒီတစ်ယောက်ကသင့်ကိုမျက်စောင်းလေးတောင်ထိုးကြည့်မှာမဟုတ်ဘူး ပြီးတော့
သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း
ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ ဒါကြောင့်
သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါနဲ့တော့နော် ...

8 ရတဲ့သူက သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ 50% - 50% ပါပဲ
သင်တို့အချစ်ဟာကြာပြီး အားလုံးနေရာကျနေပြီလေ
တစ်ယောက်အကြောင်းကိုတစ်ယောက်သိနေပြီလေ ဒါကြောင့်တူတူနေတဲ့အချိန်ဆို
စိတ်ချမ်းသာရတယ် အဲဒီစိတ်ချမ်းသာတာက ချိုတာတွေ romantic
တာတွေမရှိတဲ့ခံစားချက် သ၀န်တိုခြင်း
လိုချင်တပ်မက်မှုတွေမရှိတဲ့အချစ်ဖြစ်နေပါတယ် ဒါကြောင့်သင်တို့အချစ်က
သကြားပြတ်သွားတဲ့အချစ်နဲ့တူတယ်လေ
သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်သိကြမှာပါ
တစ်ယောက်အပေါ်တစ်ယောက်ဘယ်လောက် နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပြင်
သင့်အပေါ်မှာနောက်ထပ်နားလည်နိုင်မယ့်သူလည်းရှာလို့တွေ့တော့မှာမဟုတ်တော့ဘူးလေ...

9 ရတဲ့သူက ... အားရိုးရိုး သင်တို့အချစ်ကို နှိုင်းရရင်တော့
နံနက်နေထွက်ချိန်နဲ့ ညနေ နေ၀င်ချိန် ... ကောင်းကင်နဲ့မြေကြီး ...
သူချမ်းသာနဲ့ သူဆင်းရဲ ...နတ်ပန်းနဲ့ ငရဲပန်း ... စတာတွေပေါ့
ဒါကြောင့်သင်တို့အချစ်ကို
သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲဖြစ်နေရတယ် နောက်ထပ်
ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့
အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲဖြစ်နေတယ် သင်တို့နှစ်ဦးကလည်းသိနေတယ်လေ
ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့ ခဏတစ်ဖြုတ်လေးလက်တွဲတာကလည်း ကိုယ့်ဘ၀မှာ
ရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲဖြစ်တယ်... သင်တို့နှစ်ဦးဟာ
အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့
သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း
သူငယ်ချင်းကောင်းတွေဆက်ဖြစ်ဦးမှာပါ...

သွေးကပြောသော လူ့ စိတ်များ

 သွေးအမျိုးအစားအလိုက် ကိုယ့်ချစ်သူ ( သို့) သူငယ်ချင်း ( သို့ )မိတ်ဆွေအကြောင်း အကဲ ခတ်လေ့လာလို့ ရအောင် တင်ပေးလိုက်ပါတယ်....
                                                 >>> “ အေ ”သွေး  <<<

    A သွေးပိုင်ရှင်တွေဟာ ခေါင်းမာတယ်။အယူသည်းတယ်။ရှက်ကြောက်လေ့ရှိတယ်။ကိုယ့်အကြောင်းပဲ အဓိ က စိတ်ဝင်စားပြီး သူများ အကြောင်း သိပ်စိတ်မ၀င်စားတတ်ဘူး။မုသားစကားအလွယ်တကူ ပြောလေ့မရှိဘူး။သူငယ်ချင်းတွေ အပေါ်မှာ သစ္စာရှိတယ်။ လျှို့ဝှက် တတ်တယ်။ သူတို့ ခံစားချက်ကို အလွယ်တကူ မဖွင့်ဟတတ်ဘူး။အမျိုးသားများဟာ သူတို့ချစ်သူကို နူးညံ့သိမ်မွေ့စွာနဲ့ တယောက် ဆိုတယောက်ပဲ ချစ်တတ်တယ်။ဒါပေမယ့် သူတို့ရင်ထဲ က ခံစားချက်ကိုတဖက်သူသိအောင်အထူးသဖြင့် ချစ်သူ သိအောင်ဖွင့်ထုတ် တဲ့နေရာမှာအတော်လေးအားနည်းတယ်။  မိန်းမ တွေ ကို ချဉ်းကပ်ဖို့ ကြိုးစားရာမှာလဲ တွန့်ဆုတ် တွန့်ဆုတ်နိုင်တယ်။  မြင်မြင်ချင်းအချစ်နဲ့ချစ်တတ်တယ်။အေသွေးပိုင်ရှင်အမျိုးသမီးများ ကတော့ သူ့ချစ်သူအကြောင်း တချိန်လုံး စဉ်းစားနေတတ်တယ်။အချစ်မရှိပဲ လိင်ကိစ္စ လုပ်တာ ကို စိတ်မ၀င်စားဖူး။ လွယ်လွယ်မချစ်တတ် ဘူး။ ချစ်မိရင်လည်း နက်နက်ရှိုင်းရှိုင်း ချစ်တတ်တယ်။ယုတ်စွ အဆုံး ကိုယ့်ရဲ့ချစ်သူ ဟာ အိမ်ထောင်သည် ဖြစ်နေရင်တောင် စွဲစွဲ မြဲမြဲ ချစ်တတ်တယ်။ ဒါပေမယ့် သစ္စာဖောက်ခံရရင်တော့ လက်စားချေတတ်ကြတယ်။

                                                   >>> “ ဘီ "သွေး  <<<

   B သွေးပိုင်ရှင်တွေဟာ အကောင်းမြင်တတ်တယ်။လိုက်လျောညီထွေဖြစ်အောင်နေတတ်တယ်။ သူတို့ဟာ တီထထွင်ဖန်တီး တတ်တယ်။ကိုယ့်ဒူးကိုယ်ချွန်သမားတွေ ဖြစ်တယ်။တခြားသူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်တတ်ကြဘူး။အမျိုးသားများဟာ အမျိုးသမီးတွေ နဲ့ ဆက်ဆံတဲ့ အခါ ပွင့်လင်းတယ်။ရိုးသားတယ်။ဆွဲဆောင်မှုရှိတယ်။မျက်နှာများတယ်။အမျိုးသမီးများ ကတော့ အချစ်စိတ်ထက်သန်တတ်ကြပေမယ့်အလွယ်တကူ မပြတတ်ကြဘူးဆိုရှယ်မလေးတွေလည်းဖြစ်တယ်။ပွဲလမ်းသဘင်အထွက်များတယ်။
ကဗျာဆန်ချင်တယ်။ဒါကြောင့်သူတို့ ချစ်သူကဗျာမဆန်တဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်တတ်တယ်။သူတို့ဟာ ထိပ်ဆုံးမှာ အမြဲနေချင်ကြတယ်။

                                             >>> “ အေဘီ ”သွေး <<<

    AB သွေး ပိုင်ရှင်တွေ ဟာ အေးတယ်။ခံစားချက်ကို ချုပ်တီးထားတတ်တယ်။ဆိုရှယ်ကျတယ်။ပေါ်ပြူလာဖြစ်တယ်။တခါတလေ ပျင်းတွဲတွဲနိုင်တယ်။ပြစ်တင်ဝေဖန်တတ်တယ်။ဆုံးဖြတ်ချက်ချတာ ဝေခွဲမရဖြစ်တတ်တယ်။သူတို့ကို ခန့်မှန်းလို့မရဘူး။ငွေရှာကောင်းတဲ့
သူတွေလည်းဖြစ်တယ်။တခါတလေမှာ မျက်နှာများတတ်တယ်။အမျိုးသားများ ကတော့ အရမ်းခံစားလွယ်တယ်။ချစ်တတ်တယ်။
အမျိုးသမီးတွေ နဲ့ အရောတ၀င်လိုက်လျောညီထွေနေဖို့ အရမ်းရှက်တတ်တယ်။အရမ်းကဗျာဆန်တယ်။သူ့ရဲ့ချစ်သူလောင်းကိုလည်း သူ့လိုပဲ ကဗျာ ဆန်မယ်လို့ မျှော်လင့်ထားတတ်တယ်။အမျိုးသမီးများ ကတော့ စိတ်ကူးယဉ်ဆန်လွန်းတယ်။အိမ်မက်နယ်က မလွတ်မြောက်တတ်ဘူး။သူတို့ရဲ့ချစ်သူလောင်းကို အလုပ်ကောင်းကောင်း၊လစာကောင်းကောင်း ရှိတဲ့သူမျိုးဖြစ်စေချင်တယ်။
လွယ်လွယ်နဲ့ အချစ်ကို လက်မခံချင်ကြဘူး။

                                                >>> “ အို ”သွေး <<<

   O သွေးပိုင်ရှင်တွေ ဟာ ရည်မှန်းချက်ကြီမားတယ်၊အားကစားဝါသနာပါတယ်။ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိတယ်။ဒေါသကြီးတယ်။
လောင်းကစား မလုပ်တတ်ဘူး။ဝါသနာလည်းမပါကြဘူး။
လောင်းကစားလုပ်ရမှာကိုကြောက်တတ်ကြတယ်။အားကားဘက်မှာ ထူးချွန်
တတ်ကြတယ်။အမျိုးသားများ က သူတို့ချစ်တဲ့ခံစားချက်ကို ရှက်ကြောက်လေ့မရှိဘဲဖော်ပြနိုင်တယ်။အချစ်ရေးမှာ အခက်အခဲ ကြုံရင်
လည်းမရမက နဲ့ထိုးဖောက်ဖြတ်ကျော်လေ့ရှိကြတယ်။လုပ်ငန်းခွင်တွင်းအချစ်ရေးကိုခုတုံးလုပ်ပြီး ရာထူးတိုးအောင်လုပ်တတ်ကြတယ်။
ငွေကြေးအတွက်လက်ထပ်တတ်ကြတယ်။ကိုယ့်ကိုယ် အရမ်းအထင်ကြီးတတ်ကြတယ်။First Impression ကောင်းအောင်နေတတ်ကြ
တယ်။ကဗျာဆန်သလိုလို ထင်ရပေမယ့် ကဗျာမဆန်ဘူး။အမျိုးသမီးများ ကတော့ သန့်စင်တယ်။ကဗျာဆန်တယ်။ခံစားချက်ပြင်းထန်
တယ်။မိခင်စိတ်ကြီးတယ်နောက်ပြီး သ၀န်သိုစိတ်ကြီးမားတယ်။အရာရာ ကို ငြီးငွေ့လွယ်တယ်။အသစ်အဆန်းမက်မောတယ်။

* သွေးအမျိုးအစားအလိုက် သင့်တော်လိုက်ဖက်ရွေးချယ်သင့်သူများ *

 *အေသွေး ပိုင်ရှင်ဟာ အေ နဲ့အေဘီ သွေးပိုင်ရှင်တွေ နဲ့လိုက်ဖက်မှုရှိတယ်။
*ဘီသွေးပိုင်ရှင်ဟာ ဘီ နဲ့ အေဘီသွေး ပိုင်ရှင်တွေ နဲ့လိုက်ဖက်မှုရှိတယ်။
*အေဘီသွေးပိုင်ရှင်တွေ ကတော့ ဘယ်သွေး ပိုင်ရှင်နဲ့မဆို လိုက်ဖက်မှုရှိတယ်။
*အိုသွေးပိုင်ရှင် ကတော့ အိုသွေး နဲ့ အေဘီသွေးပိုင်ရှင် နဲ့လိုက်ဖက်မှုရှိတယ်။

Sunday, September 18, 2011

တစ်ယောက်သောသူအတွက် တောင်းဆုမွှန်

ချစ်သူနင်အတွက်ဆိုရင် အရာအားလုံးကိုပြောင်းလဲပေးချင်တာပါ။ နင်အတွက်ဆိုရင် ဘာမှတန်ဖိုးမ၇ှိတဲ့ငါ့အပြုံးကိုတောင်မိုနာလီဇာနဲ့ပြိုင်ရင်အနိုင်ရချင်ပါတယ်။

ငါဟာစုဖုရားလတ်လိုလက်ညှိုးညွန်ရာရေမဖြစ်နိုင်ပေမဲ့
နင်ရဲ့အောင်မြင်မှုလက်တလှမ်းကိုတော့ခေါ်နိုင်ပါတယ်။

ရှင်စောပုလိုယောင်္ကျားတိုင်းအပေါ်အာဏာစကားမသက်ရောက်ပေမဲ့
သစ္စာရှိပါဆိုတဲ့စကားတခွန်းတော့နင်အပေါ်သက်ရောက်ခြင်း၇ှိပါစေ။

ငါ့အချစ်က ရိုမိယို  ဂျူးလိယက် လိုမပြောင်မြောက်ပေမဲ့
သူတို့ထက်မလျော့တဲ့အချစ်နဲ့ပေးဆပ်နေမှာကိုတော့ယုံပေးပါချစ်သူရယ်.။

မင်းအတွက်

ငါသာ အသိုင်းအ၀ိုင်းအပြင်က လူတယောက်ဖြစ်ခဲ့ရင်
နင့်ကို အတိုင်းအဆမဲ့စွာနဲ့  ပေးဆပ်မှုတွေ ပေးချင်ပါတယ်။
ငါသာ ချမ်းသာတဲ့လူတယောက် ဖြစ်ခဲ့ရင်
နင်ကို အဝေးကနေမမျှော်လင့်တဲ့ ထူးဆန်းမှုတွေပေးချင်ပါတယ်။
ငါ့သာ မိန်းမချောလေးတယောက် ဖြစ်ခဲ့ရင်
နင်ပြန်လာတိုင်း အမောပြေသံပုရာရည်လေးနဲ့ အနမ်းတချို့ပေးချင်ပါတယ်။
ငါသာ ထီးတစ်လက်ဖြစ်ခဲ့ရင်
နင်အတွက် ဥတုဒဏ်ကို ကာကွယ်ပေးချင်ပါတယ်။
အခုတော့ ငါမှာ ဘာမှမပိုင်ဆိုင်သလို
ငါမှာဘာမှလည်းမ၇ှိပါဘူး။
        ကဲဒီတော့
        ငါဘယ်လိုလုပ်ရမလဲ