Sunday, March 6, 2011

ဇရာအိုရဲ့ ချစ်ခြင်းတရား

ဆေးရုံရဲ့အခန်းတစ်နေရာမှာ အသက်ယဲ့ယဲ့လေးရှုနေတဲ့ အဘိုးအိုတစ်ဦး
လဲလျောင်းနေခဲ့တယ်။ လူ့ဘဝနောက်ဆုံးအချိန်လေးမှာ အဘိုးအိုက
သူ့ရဲ့အိုမင်းရွတ်တွနေတဲ့လက်နဲ့ အဘွားအိုရှိရာဘက်
ကမ်းလိုက်တယ်။ရာစုနှစ်တစ်ဝက်လော
က် ကိုယ့်အပေါ်ဂရုစိုက်ကြင်နာခဲ့သူ
ကို
သူကျေးဇူးတင်နေမိတယ်။
မကြာခင် ဒီလောကကြီးကနေ သူထွက်သွားရတော့မယ်။ ထွက်မသွားခင် အဘွားအိုရဲ့အကြင်နာ၊
ကရုဏာကို အသိအမှတ်ပြုရာရောက်အောင် ပြီးတော့ ကိုယ်လည်းစိတ်ချလက်ချ
သွားနိုင်အောင် ရင်ထဲက လျှို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ သူဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် လျှို့ဝှက်ချက်ကိုမပြောခင် အဘွားအိုက တုန်ရင်ရင်လက်နဲ့ သူ့ပါးစပ်ကို
အသာအယာလေးပိတ်ပြီး "အချစ်ရဲ့ဘာလျှို့ဝှက်ချက်တွေမှ ကျွန်မ မလိုဘူး။
အချစ်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်က ကျယ်ပြန့်တဲ့လူ့ပင်လယ်မှာ
ရှင်နဲ့ကျွန်မသိခဲ့တယ်၊ ချစ်ခဲ့တယ်၊ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး
နေပူမိုးရွာမရှောင် အရာရာကို အနှစ်(၅ဝ)ကျော် ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်.."
အဘွားအိုရဲ့စကားကြောင့် အဘိုးအို မျက်ရည်ကျမိတယ်။ နောက်ဆုံး
အဲဒီလျှို့ဝှက်ချက်ကို ရင်ထဲထည့်ပြီး လောကကြီးထဲ သူထွက်ခွါသွားခဲ့တယ်။

No comments:

Post a Comment