Sunday, March 20, 2011

သုည.........


မျှော်လင့်ချက်တွေအပြည်နဲ့
ခုတ်မောင်းလာတဲ့ ရထား
ဘယ်နားမှာ ရပ်သွားမလဲ ....
ဇာတ်ဆရာ  ကြိုးကိုင်တဲ့အရုပ်
သူလုပ်သလို ကနေရ
အော်.....ငါဟာ....သုည ပါလား ....
ဘယ်တော့များ ထားသွားမလဲ
စိုးထိတ်ထိတ်နဲ့ တိတ်တိတ်ငိုရ
အော် ဒါလား ငါ့ဘ၀ ….
ချစ်တယ်ဆိုတဲ့စကားနောက်က
သွေးအထက်ထက်နဲ့ အေးစက်နေတဲ့
ဆေးစက်အချို့ ငါတွေ့လိုက်တယ် …
ဘယ်လောက်ရှုံးရှုံး မမုန်းတက်တဲ့ငါ
အဆုံးသက်ရဲ့  နေ၀င်ချိန်မှာ
ဒဏ်ရာတွေနဲ့အေးစက်မှုက  ငါ့အတွက်လား….
ဘာ့အတွက်ကြောင့် စိတ်မနာတက်
ငါ့နှစ်လုံးသားက သံချေးတက်နေလို့
သူပြုသမျှနုနေရတာလား ….
အစိမ်းရောင်လေတွေပဲ နင့်ဘက်ကတိုက်တယ်
ငါ့အချစ်နဲ့နင်မထိုက်တန်ဘူး
ငါပေမဲ့လည်း ငါဘာလို့မမုန်းလိုက်တာလဲ …………..
ငါ့ရင်ဘက်ထဲက နေ့စွဲအချို့ မှာ
အနီရောင်ကြက်ခြေခက်တွေများများလာတယ်
နောက်ဆုံးဒဏ်ရာသွေးစက် ငါ့အတွက်လား ..
စိတ်တွေညစ်တိုင်း ရေးတဲ့ကဗျာ
ခံစားချက်တို့ မွတ်သိပ်နေပေမဲ့
နင့်အတွက် အပျင်းပြေဖက်စရာလား …
ဇာတ်ဆရာများ တယ်ရက်စက်တယ်
ငါ့အတွက်များ ဇာတ်ကွက်တစ်ခန်းလောက်
ပေးခါ ကခိုင်းလှည့်ပါတော့လား …
ခုချိန်ထိပေါ့ ဘယ်ဆီဘယ်လမ်းကို
ဘယ်လိုခြေလှမ်းမျိုးနဲ့သွားလို့
ဘယ်လိုအနမ်းများကကြိုဆိုနေမှာလဲ…
လှမ်းမျှော်ကြည့်မိတိုင်း
မျှော်လင့်ချက် မဲ့မဲ့သွားတယ်
ဘယ်တော့များမှ ဆုံကြမှာလဲနော် ……….
ကောင်မလေးရေ .. ..
ဟောဒီရင်ဘက်ကြီးထဲက
ရှိရှိသမျှ အချစ်တွေဟာ
နင့်တစ်ယောက်တည်းအတွက်ပါ ….
ပုံပြင်တစ်ပုဒ် ဇာတ်လမ်းတစ်ပုဒ်
အဆုံးသက်မှာ ပြန်ပေါင်းဇာတ်လေးတော့
ခင်းပါရစေ   ပေါင်းစည်းပါရစေ
ဇာတ်ဆရာရေ  ……….

No comments:

Post a Comment