ချစ်သူရရ်......
ကမ္ဘာဦးမှာတုန်းက
ချစ်သူကိုလွမ်းတဲ့ လူရိုင်း
သူစိတ်ကို ဘရ်လိုများဖြေသိမ့်ခဲ့ပါလိမ့်နော်
ငါကတော့ မြက်ခင်းထဲကို လှိမ့်ချလို၏
ကြမ်းရှလတ်ဆတ်သော အရိုင်းမြက်တို့  အထိအတွေ့ ကို
ငါ့ ပါးပြင်....
ငါ့ လည်တိုင် က
နွေးထွေးစွာ ခံစားရ၏
အဖြုရောင်အေးအေးတို့ ဖြင့် မြက်ရိုင်းတို့ သည်
ရိုးစင်းစိမ်းလန်းနေဆဲပါ.....
ချစ်သူ နာမည်စိတ်ထဲရေရွတ်ထွေပြား
သူ့ ကိုလွမ်းမိသည်....
သြော်......
သည်ဘဝမှာတော့ဖြင့်.......
No comments:
Post a Comment