Saturday, August 20, 2011

အမြဲတမ်း

ဖန်ဆင်းထားတဲ့ ကမ္ဘာကြီး 
စက်ဝိုင်းထဲ အချိန်မှန်လှည့်ပတ်ဆဲ 
ထိုအတိုင်း ငှက်များလည်း
ပျံသန်းဖို့  တောင်ပံတွေရှိဆဲ
နေ့တို့လည်း ပုံမှန်တည်ရှိရှိဆဲ
ညတို့လည်း အရင်အတိုင်းရှိဆဲ
မြစ်ချောင်းများလည်း မကုန်ခန်းသေး
ဟိုအရင်အတိုင်း ပင်လယ်ကို စီးဆင်းဆဲ
ငါ့အချစ်များ အရင်အတိုင်း
မပြောင်းလဲသေးဘူး စီးဆင်းဆဲလေ
မင်းရင်ထဲသိမ်းထားလိုက် အရင်အတိုင်း
အမြဲတမ်း စီးဆင်းဆဲ

အမြဲတမ်း ချစ်မယ် မပြောင်းလဲခဲ့ဘုး
အချစ်ရေ    အမြဲတမ်း
မင်းရင်မှာ   အမြဲတမ်းသိမ်းထား
                  အမြဲတမ်း
မပြောင်းလဲဘူး  အချစ်လေး  ချစ်နေမှာ
                   အမြဲတမ်း
ဒီလိုယုံကြည်ထား အမြဲတမ်း...........................................................

No comments:

Post a Comment