နင် ငါ့ကို မုန်းသွားလည်း
အရင်ကလို အပြုံးနဲ့ငါပါ
ဝေးမသွားခင်မယ် ငါအမြင်ချင်ဆုံး နင့်မျက်နှာ
နာကျင်စရာတွေလည်း မေ့လိုက်ပါ
ဒီအချိန် နောက်ဆုံး ခွဲခွာချိန်
ပြုံးကာ နှုတ်ဆက်ပါနော်.........
မေ့နိုင်ပါ့မလား မင်းနဲ့တို့နဲ့ကြား
မပြေလည်နိုင်တာတွေ ရှိခဲ့ရင်
ပြေနိုင်ပါစေ ရင်ထဲက တောင်းပန်တယ်
အဝေးသို့ မသွားခင် အချိန်ဝယ်.................
ပြုံးစမ်းပါလို့ ငါ နောက်ဆုံး တောင်းဆိုတယ်
ငါ့ ရင်ထဲ အချစ်များ
ပြောင်းလဲပြီး မသွားပါဘူးကွယ်
ဟို အရင်ပျော်ရွှင်ချိန်များ ရင်ထဲမှာ
အမှတ်တရ ထင်ကျန်နေမယ်...................
အကြင်နာ ကူညီမှုများအတွက် အစဉ်အမြဲ
ထာဝစဉ် ကျေးဇူးလည်းတင်ပါတယ်............
နောက်ထပ် တွေ့ခွင့်မရတော့ဘူးဆိုရင်.......................
ရင်ထဲမှာမကြာခင်တို့တွေဝေးမယ်
နှလုံးသားမှာနားလည်စွာပြုံးပေးပါနော်.........
ထာဝစဉ်သတိရလို့နေမယ်
ဟိုး အဝေးမှာရှင်သန်နေစဉ် တလျှောက်
အိုးးးးးးးးးးး
ငါ့ရင်ထဲအချစ်များ...............
ဟိုအရင်ကလိုပါပဲကွယ်........
အရင်ကလို အပြုံးနဲ့ငါပါ
ဝေးမသွားခင်မယ် ငါအမြင်ချင်ဆုံး နင့်မျက်နှာ
နာကျင်စရာတွေလည်း မေ့လိုက်ပါ
ဒီအချိန် နောက်ဆုံး ခွဲခွာချိန်
ပြုံးကာ နှုတ်ဆက်ပါနော်.........
မေ့နိုင်ပါ့မလား မင်းနဲ့တို့နဲ့ကြား
မပြေလည်နိုင်တာတွေ ရှိခဲ့ရင်
ပြေနိုင်ပါစေ ရင်ထဲက တောင်းပန်တယ်
အဝေးသို့ မသွားခင် အချိန်ဝယ်.................
ပြုံးစမ်းပါလို့ ငါ နောက်ဆုံး တောင်းဆိုတယ်
ငါ့ ရင်ထဲ အချစ်များ
ပြောင်းလဲပြီး မသွားပါဘူးကွယ်
ဟို အရင်ပျော်ရွှင်ချိန်များ ရင်ထဲမှာ
အမှတ်တရ ထင်ကျန်နေမယ်...................
အကြင်နာ ကူညီမှုများအတွက် အစဉ်အမြဲ
ထာဝစဉ် ကျေးဇူးလည်းတင်ပါတယ်............
နောက်ထပ် တွေ့ခွင့်မရတော့ဘူးဆိုရင်.......................
ရင်ထဲမှာမကြာခင်တို့တွေဝေးမယ်
နှလုံးသားမှာနားလည်စွာပြုံးပေးပါနော်.........
ထာဝစဉ်သတိရလို့နေမယ်
ဟိုး အဝေးမှာရှင်သန်နေစဉ် တလျှောက်
အိုးးးးးးးးးးး
ငါ့ရင်ထဲအချစ်များ...............
ဟိုအရင်ကလိုပါပဲကွယ်........
No comments:
Post a Comment