Friday, August 19, 2011

မင်းဆန္ဒ

ကျန်နေစဉ်အချိန် ဟိုတစ်ချိန်က 
ရင်ခွင်ထဲမှာ မင်းရှိပြီးမှ 
စိတ်ချင်းမနီး  အဖြစ်ပျက်တွေ
နေလိုက်ပါတော့ ချစ်သူချစ်ရယ်
အပျော်ကစား  အချစ်တဲ့လား
ငါ မနှစ်သက်တတ်  ခွန်းစကားက
ရာသက်ပန်လုံး  ညှိနှိုင်းကြိုးစား
ညှိမယူနိုင်ခဲ့  နှုတ်ဆက်ပါတယ်
နေချင်သလိုနေလိုက်ပါတော့
ရောက်ရှိတဲ့အရပ် နင်သွားတဲ့နေရာ
နင်ပျော်ရွှင်ဖို့ နင်ကျေနပ်ဖို့
ငါတောင်းဆုမွန်ချွေ 
ဆုတောင်းပြုရင်း ဆုမွန်ချွေလျက်
စိတ်ကူးနဲ့ရေး အပျော်ဖတ်တဲ့
ချစ်ဝတ္ထု အတိုင်း အိပ်မက် မက်သလို
လန့်နိုး ငါ့ ဘ၀ ချန်ရစ်ကာထား
ထားခဲ့ပါကွာ
ကြွေကျ မြေချ  အချစ်အကြွင်းအကျန်
အဖြစ်အပျက်  များမြောင်တို့ကို
စုကာလိုက်ကောက်  အမှိုက်လိုပုံ
မီးတင်ကာရှို့  လောင်မြိုက်လိုက်ပါမယ်.....................

No comments:

Post a Comment