Monday, July 18, 2011

ငါ့ကိုချစ်ရဲ့ လား...........ငါသူ့ ကိုချစ်ရဲ့ လား.........

    ချစ်သူတွေအမြဲပြောလေ့ မေးလေ့ရှိတဲ့ “ငါ့ကိုချစ်ရဲ့လား”။
    ဒါဟာ ကိုယ့်ချစ်သူကို ယုံကြည်မှုတွေမေ့နေတာလား။
    သူချစ်တာကို ကိုယ်က ခံစားလို့မရတော့တာလား။
    ဒါပေမဲ့ တခုမေးဖို့ လူတိုင်းလိုလို မေ့နေကြတယ်။
    အဲဒီမေးခွန်းလေးကတော့ “ငါ သူ့ကိုချစ်ရဲ့လား”။
    “ငါနင့်ကိုချစ်တယ်” လို့ ပြောလိုက်တဲ့စကားလုံးရဲ့နောက်ကွယ် မှာ “ငါ့ကိုနင်ပြန်ချစ်ပါ” ဆိုပြီး                           အချစ်ခံချင်တဲ့မျှော်လင့်ချက်လေး ကိန်းဝပ်လို့နေပါတယ်။
    ကိုယ်တိုင်ကနေ ပေးဆပ်တဲ့အချစ်နဲ့ ချစ်သွားဖို့တော့... ..........။

    သူက ကိုယ့်ကို ချစ်တယ်မချစ်ဘူး ဆိုတာကို ဘာကြောင့် အရေးတယူလုပ်နေရတာလဲ?
    သင့်ကိုသင် သံသယ၀င်နေတာများလား?
    စိုးရိမ်နေတာလား?
    ပေးဆပ်ရမှာကို မလိုလားဘူးလား?
    ဒီလိုမျိုးတွေသာ မဟုတ်ခဲ့ရင် မေတ္တာစစ်နဲ့ ချစ်လိုက်ပါ။
    ကိုယ်က ပေးလိုက်တဲ့ မေတ္တာစစ်သာမှန်နေရင် တန်ပြန်တုံ့ပြန်တတ်ပါတယ်။
    မေတ္တာစစ်နဲ့ ချစ်နေတဲ့အတွက် သင်ကိုယ်တိုင်က ပေးဆပ်နေရတယ်ဆိုပြီး ငြိုငြင်မှုတွေဖြစ်လာမှာ               မဟုတ်ပါဘူး။   
    ဖြူစင်ရိုးရှင်းစွာနဲ့ ချစ်လိုက်ပါ။
    အချစ်ကိုပဲလိုချင်နေတာလား?
    အချစ်ဆိုတဲ့ အရာဟာ တောင်းတိုင်းရတာမဟုတ်ပါဘူး။ ကိုယ်က ချစ်တတ်နေမှ ရတာပါ။
   တကယ် မေတ္တာစစ်နဲ့ ချစ်မြတ်နိုးရင် သံသယနှင့်စိုးရိမ်မှုတွေကို ဖယ်ထားလိုက်ပါ။
   “ငါသူ့ကိုချစ်ရဲ့လား” ဆိုတာကို မေးကြည့်ပြီး ပြီးပြည့်စုံတဲ့အချစ်ကို 
    ကိုယ်ချစ်တဲ့သူကို အကောင်းဆုံးပေးဆပ်မှုလက်ဆောင်ပေးလိုက်ပါ။
    လူတိုင်းချစ်တတ်ကြပါစေ..............။

No comments:

Post a Comment