Wednesday, July 13, 2011

ပျော်ရွှင်စေသော အကြောင်းတရား ၁၀ ခု

ပစ္စည်းဥစ္စာ

ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ဒါပေမဲ့စားဝတ်နေရေးဆိုတာကိုဖြေရှင်းနိုင်ပြီးနောက်သင့်မှာရှိတဲ့ပိုလျှံတဲငွေတစ်ပြား တစ်ချပ်တိုင်းရဲ့အရေးပါမှုဟာသေးသထက်သေးငယ်သွားပါတယ်။


လိုအင်ဆန္ဒ


လိုအင်ဆန္ဒကပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ရောင့်ရဲတင့်တိမ်နိုင်သူမှပျော်ရွှင်တယ်။ဆန်းစစ်ချက်အရ တခြားလူနဲ့အနိမ့်အမြင့်မနှိုင်းယှဉ်ဘဲရတဲ့ပျော်ရွှင်မှုဟာဝင်ငွေကောင်းလို့ရတဲ့ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။


အသိဉာဏ်


အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်းတွေ့ရတယ်။ပိုမြင့်တဲ့အောင်မြင်မှုကိုမရလေဆန္ဒမပြည့်ဝလေမပျော်ရွှင်လေဖြစ်တယ်။

နောက်ပြီးအသိဉာဏ်မြင့်တိုင်းလူလူချင်းပေါင်းသင်းဆက်ဆံရေးကိုအဆင်ပြေချောမွတ်အောင်
လုပ်နိုင်စွမ်းရှိတယ်လို့မဆိုသာပါဘူး။

မျိုးရိုးဗီဇ


ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာမွေးရာပါကလာတာဖြစ်တယ်။

ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ကောင်းမွန်တဲ့ဆုံးမသွန်သင်မှုတွေနဲ့လည်းတိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ


လှပတဲ့လူတွေပိုပျော်ရွှင်တယ်ဆိုတဲ့စကားကလူအများအတွက်သတင်းဆိုးဖြစ်နိုင်တယ်။ဒါပေမဲ့သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲလိုအပ်ပါတယ်။မိန်းကလေးတွေလည်းကိုယ့်ကိုယ်ကိုအရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်းကိုယ့်ကိုယ်ကိုမခန့်ဘူး၊မတောင့်တင်းဘူးလို့အမြဲမထင်ဖို့ပဲလိုပါတယ်။


သူငယ်ချင်း


သူငယ်ချင်းဆိုတာပျော်ရွှင်ခြင်းရဲ့ရေသောက်မြစ်ဖြစ်တယ်။ပညာရှင်တွေရဲ့ဆန်းစစ်ချက်မှာဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။


အိမ်ထောင်ရေး


အိမ်ထောင်ကျသူဟာအိမ်ထောင်မကျသူတွေထက်ပိုပျော်ရွှင်တာတွေ့ရတယ်။ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်းတွေ့ရတယ်။


ကိုးကွယ်ယုံကြည်မှု


ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။


ချစ်ခြင်းမေတ္တာ


ချစ်ခြင်းမေတ္တာဟာလည်းပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်း လူအနည်းစုလောက်သာသိခဲ့ကြတယ်။

ကောင်းမှုလုပ်တဲ့သူ၊ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊စေတနာရှိတဲ့ပေးဆပ်ခြင်းနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်


အသက်အရွယ်ကြီးသူတွေဟာပိုပျော်ရွှင်ကြတယ်။အသက်အရွယ်ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာပျော်ရွှင်နိုင်မယ့်အရာ တွေကိုပဲဖမ်းဆုပ်တတ်ဖို့ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။

No comments:

Post a Comment