Monday, February 7, 2011

အထီးကျန်နေလောက်ပြီ . . .

စက္ကန့်နဲ့ အမျှ
သတိရခြင်းတွေကို ရှုရှိုက်ခဲ့ရတာ

ငါ့ရဲ့ နှလုံးသားရေးရာ
ကိစ္စတော်တော် များများမှာ
မင်းက ပါဝင်ပက်သက်နေတယ်လေ

မင်းထားရစ်ခဲ့တဲ့
အလွမ်းတွေက များလွန်းတော့
ငါ့မျက်ဝန်းတွေက
မြစ်ကျိုးအင်းတစ်ခုဖြစ်သွားခဲ့

ဘယ်မှာလဲချစ်သူ . .
မင်းကိုတမ်းတမိတိုင်းသာ
ကြယ်တွေကြွေခဲ့မယ်ဆိုရင်
အခုချိန်ဆို လမင်းကြီး
အထီးကျန်နေလောက်ပြီ . . .။   ။

No comments:

Post a Comment