Friday, February 18, 2011

All Human Remember for this Case..................

*ညအခါ
  လသာသာ
  ရေနစ်သေမလား
  ငတ်သေမလား။"


*တစ်၊နှစ် =ကိုနာဂစ်
  သုံး၊လေး =လွတ်အောင်ပြေး
  ငါး၊ခြောက် =ရေထဲရောက်
  ခုနှစ်၊ရှစ် =မသာဖြစ်
  ကိုး၊တစ်ဆယ်= ၀ဋ်ကျွတ်တယ်။"


*ဘယ်ကလာသလဲ။
  ဘယ်နယ်ကလဲ။
  အလယ်ကလူ
  အသားဖြူ၏။
  ခင်ဗျားအလှူ
  တစ်ပြားမရှုရ ။"


*အစားအစာ
  ၀ါးစားပါ။
  အသားပါသလား။
  ငါးပါသလား။
  ဘီစကစ်ပါသလား။
  ဘာပဲပါပါ ထားခဲ့ပါ။"


*ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
  ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်
  အမိုးအကာ မဲ့နေတဲ့
  မနှင်းတို့အိမ်။"

*ဖိုးရွှေကြီး ဖိုးရွှေကြီး
  အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
  ဖိုးရွှေကြီးက မိုက်တိုင်ထူ
  ခွေးအ ကြီးနဲ့တူ
  တူပါသကွဲ့ မယုံငြား
  ဒီမှာကြည့်ပါလား။"

*တနင်္ဂနွေ၊ တနင်းလာ
  ဗိုက်မှောက် မျှော်နေတာ
  အဂါၤ၊ ဗုဒၶဟူး
  ရောက်လု တစ်ဦးဦး
  ကြာသပတေး၊ သောကြာ
  တစ်ယောက်မှ ပေါ်မလာ
  စနေမှာ သေချာသွား
  ဘယ်သူမှ မလာအား။"


*ရွာနံဘေးက ချောင်းကလေး
  ဖောင်မျောလာသည်။
  သားတို့လည်း မျောလာသည်။
  မည်သူမျှ မဆယ်ကြ။"
  ….ဟင့်…ဟီး..အီး..


*အလောင်းလေးများ ဖွေးလို့စီ
  မြစ်ညှာရိုး တလျှောက်ဆီ
  ရေပေါ်မှာ ဗိုက်ကြီးဖောင်း
  ငါတို့ ပူစီပေါင်း။


*မြစ်ဝကျွန်းပေါ်အနီး
  အကြီးစားမုန်တိုင်း ၀င်နိုင်သည်။
  ဝေးလွန်း၍ မပြောနိုင်ဘူးလား။
  အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။


သူငယ်ချင်းအားလုံးဘဲ ရင်မောရင်းနဲ့ ဘ၀အမောတွေပြေကြပါစေ...။

No comments:

Post a Comment