Tuesday, February 8, 2011

အိုမိတ်ဆွေ. . .

အကယ်၍. . . . . .ငါသေသွားရင်. . . . .
ငါ့ အလောင်းကိုမြေမမြုပ်ပါနဲ.
မီးမသဂြိုလ်ပါနဲ.
ကျောက်ကလပ်ပေါ်မှာတင်ထားပါ
ငါ့ ဝိဥာဉ် လေထဲမှာဝဲပျံပါလေ့ စေ. . . . .။
ကောင်းကင်ကြီးကငုံကြည့် ပါလေ့ စေ. . . . .။

အိုချစ်သူ. . . . .
အကယ်၍ . . . . .ငါသေသွားခဲ့ ရင်. . . . .
ဘယ်တုန်းကမှငါ့ ကိုမချစ်တဲ့ နင်. . . . .
မျက်ရည်မကျပါနဲ့ . . . . .။
တိမ်တွေက နင့် အစားငိုပေးကြလိမ.်မယ်. . . . . ။
မငိုညည်းပါနဲ့ . . . . .။
လေပြေနဲ့ သစ်ရွက်တွေက နင့် အစားငိုပေးကြလိမ့် မယ်
မြက်ရိုင်းပင်လေးတွေက
အလေးအမြတ်ပြုကြလိမ့် မယ်

နင်မရှိတဲ့ ငါ့ ဘ၀မှာ
နင်မရှိတာတောင်မှ
သဘာဝတရားက ငါ့ ကို
အဖော်လုပ်ပေးကြလိမ့် မယ်။

No comments:

Post a Comment