Sunday, September 18, 2011

မင်းအတွက်

ငါသာ အသိုင်းအ၀ိုင်းအပြင်က လူတယောက်ဖြစ်ခဲ့ရင်
နင့်ကို အတိုင်းအဆမဲ့စွာနဲ့  ပေးဆပ်မှုတွေ ပေးချင်ပါတယ်။
ငါသာ ချမ်းသာတဲ့လူတယောက် ဖြစ်ခဲ့ရင်
နင်ကို အဝေးကနေမမျှော်လင့်တဲ့ ထူးဆန်းမှုတွေပေးချင်ပါတယ်။
ငါ့သာ မိန်းမချောလေးတယောက် ဖြစ်ခဲ့ရင်
နင်ပြန်လာတိုင်း အမောပြေသံပုရာရည်လေးနဲ့ အနမ်းတချို့ပေးချင်ပါတယ်။
ငါသာ ထီးတစ်လက်ဖြစ်ခဲ့ရင်
နင်အတွက် ဥတုဒဏ်ကို ကာကွယ်ပေးချင်ပါတယ်။
အခုတော့ ငါမှာ ဘာမှမပိုင်ဆိုင်သလို
ငါမှာဘာမှလည်းမ၇ှိပါဘူး။
        ကဲဒီတော့
        ငါဘယ်လိုလုပ်ရမလဲ

No comments:

Post a Comment